Part 4

36 3 0
                                    

ကျွန်တော်ရှေ့ အူကြောင်ကြောင်လာရပ်နေသောထိုလူကြောင့် လူက တုန်တောင်တုန်သွားသည်။ကျွန်တော့်ကို မှုံက တံတောင်ဖြင့် တွတ်ပြီး မေးကော့ပြကာ ဘာအထာလဲဆိုသည့်ပုံစံ။
"နင့်အသိလား ခရာ"
"ငါဘယ်သိမလဲဟ နင်နဲ့ငါ ပေါင်းလာတာဖြင့်ကြာပြီ နင်သူ့ကိုမြင်ဖူးလို့လား"
"ဟင့်အင်း"

ကျွန်တော်တို့ တီးတိုးပြောနေသည်ကို ကြားသွားသည်ထင်သည်။ ထိုလူ လှုပ်လှုပ်ရွရွဖြစ်လာ၏။
"အင်း   အဲ   ဟို   ဟိုလေ ဪ
လမ်းမေးချင်လို့ခဗျ"
"ရှင်" "ဗျာ"
ကျွန်တော်တို့နှစ်ယောက်သံပြိုင်ထွက်မိသွားသည်။နောက်မှသူ့သူငယ်ချင်းများ
ဖြစ်ဟန်တူသော အဖော်နှစ်ယောက်ကလည်း ကြောင်အမ်းအမ်းဖြင့်
"ဪ ဟုတ်တယ်ဗျ ကျွန်တော်တို့က
နယ်ခံမဟုတ်တော့ ဘုရားဝန်းထဲ ဘယ်လိုသွားရမလဲ မသိလို့ခင်ဗျ"

ငထက်ကယ်မှပဲ ကျွန်တော့်မှာ အသက်ရူချောင်တော့သည်။နို့မို့ဆို မလွယ်ပါ။
စိတ်ကလည်း ဘာအရူးထဖောက်လာမှန်းမသိ။ပိုင်ကြီးကတော့ ပြုံးစိစိဖြင့် ကျွန်တော့်ကို ကြည့်နေတော့သည်သာ။

"ဪ ဟုတ်လား ဘယ်ကိုသွားချင်တာလဲမသိဘူးရှင့်"
"ဘယ်ကို ဘယ်လို သွားရမလဲဆိုတာကိုတောင် မသိတာပါဗျာ"
ငထက်၏ အပြောကြောင့် တစ်စုလုံးရယ်မောလိုက်ကြရပေသည်။

"ကျွန်တော်တို့က ရန်ကုန်ကပါ။
တောင်ငူက အဒေါ်ဆီလာလည်ရင်း
အစုံရောက်ဖူးချင်လို့ဗျ။ငယ်ငယ်က တစ်ခါပဲရောက်ဖူးတော့ မသွားတတ်
မလာတတ်နဲ့ပေါ့ဗျာ"
ငထက်ပြောပြနေတာတွေကို ကျွန်တော့်"မျက်ဝန်းလေး"နှင့် မိန်းကလေးက ခေါင်းတငြိမ့်ငြိမ့်။

"စိတ်မရှိဘူးဆိုရင်လေ ကျွန်တော်တို့အတွက် Guideလုပ်ပေးလို့ရမလားဗျာ"
ကျွန်တော့်အပြော‌ေကြာင့် ငထက်၊ပိုင်ကြီးနှင့်တကွ တစ်ဖက်ကသူတို့ပါ မျက်လုံးပြူးလာကြလေသည်။မျက်လုံးကလေးပြူးလာတာတောင် မင်းက ကိုယ့်အတွက် ဘာ့ကြောင့်များ ချစ်ဖို့ကောင်းနေရတာလဲကွာ.....။ကိုယ်တော့ နဖူးစာတောင်ငူလည် လာပြီထင်တယ်......။
"မင်း ဘာတွေပြောနေတာလဲ မိုးမြင့်"
ပိုင်ကြီးက ကျွန်တော့်ကို တီးတိုးမေးလာသည်။ကျွန်တော်မဖြေချင်တော့။

ပန်းခရေကို သက်သေတည် ‌ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)Where stories live. Discover now