Part 2

63 4 0
                                    

အခရာမောင် အိမ်ရောက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့်ပါးစပ်အဟောင်းသားဖြစ်သွားသည်။
"Happy birthday to you.....
Happy birthday to you.......
Happy birthday, Happy birthday
Happy birthday AKhaRa Maung"
သူအချစ်ဆုံး သူငယ်ချင်းမလေး မှုံနံ့သာက သူ၏မွေးနေ့ပွဲကို မမေ့မလျှော့ ပြုလုပ်ပေးသောကြောင့် ဝမ်းသာဝမ်းနည်း မျက်ရည်များပင်ကျလာရလေသည်။

"နင် နင် ငါ့မွေးနေ့ပွဲကို မှတ်မိသေးတယ်ပေါ့နော် ဟီး ဟီး"
"ကောင်စုတ် မမှတ်မိစရာလား
ငါ့မှာ တွယ်တာစရာဆိုလို့ ငါ့ပါးပါးရယ် မားမားရယ် နင်ရယ်ပဲရှိတာကို"
မှုံနံ့သာ အပြောကြောင့် အခရာမောင်မှာ ပိုလို့ ပျော်ရွှင်သွားရလေသည်။

အခရာမောင် အိမ်ကထွက်လာပြီးနောက် ဦးဆုံးခင်မင်သူမှာ မှုံနံ့သာဖြစ်လေသည်။ သူ၏ဖြစ်တည်မှုကို မိဘအသိုင်းဝိုင်းက ရှက်သည်ဆိုသောကြောင့်
တစ်ယောက်တည်း ခွဲထွက်ကာ ရပ်တည်‌ေနသူဖြစ်သည်။အခရာမောင်သည် အသက်22ရှိပြီဖြစ်ပြီး တောင်ငူတက္ကသိုလ်တွင် မြန်မာစာအဓိကဖြင့် ကျောင်းတက်နေသည်။

"မှုံ ငါနင့်ကို ကျေးဇူးတင်တယ်သိလား"
"ပြောပါဦး ဘာ့ကြောင့်လဲဆိုတာ"
မှုံနံ့သာ ရယ်သံကလေးဖြင့်ပြောလာလေသည်။
"ဒီလိုလေဟာ ငါ့ကို မငြိုမငြင်ပဲ ခုထိ သူငယ်ချင်းတစ်ယောက်လိုဆက်ဆံပေးတာရယ် နင့်ကြောင့် ငါ့မှာ နင့်အဖေဆိုင်မှာ အလုပ်ရပြီး စားဝတ်နေရေး မပူမပင်ရတာကြောင့်ရယ်ပါ"
"အဲ့တာက ကျေးဇူးတင်စရာလား ကောင်စုတ်ကလေးရဲ့"ဟု ဆိုကာ မှုံက သူ့အား ခေါင်းထုလေသည်။
"ဟာ မှုံမ နင်ကြည့်နေ ငါလာပြီ"
အခရာမောင်၏အခန်းလေးသည် ရယ်သံများဖြင့် ဖုံးလွှမ်းနေတော့သည်။

"ငါပြန်တော့မယ် ခရာ"
"ဪ အေးအေး ဂရုလည်း စိုက်သွားဦးနော် လမ်းကိုလည်း ကြည့်ဦး မှုံမ"
"အေးပါ နင်ကလည်း ငါကလေးမဟုတ်တော့ပါဘူး"
"ကလေးမဟုတ်လို့ပြောနေရတာဟေ့
တော်ကြာ သူများခိုးပြေးလို့ ငါနင့်မင်္ဂလာဆောင်မှာ မပျော်ရပဲငိုနေရမယ်"
ခရာ မျက်စောင်းကလေးထိုးပြီး ထိုသို့ပြောလာသောအခါ"အမလေး ငါ့ချင်းဂုလေး ယောင်္ကျားမရမချင်း ငါမယူပါဘူးနော်"
"ကောင်မစုတ် သေနာမ မပြန်ခင် အဆဲတောင်းနေတယ်"
"ဟား.....ဟား.......ဟား.....စတာပါ ခရာကလည်း"

ပန်းခရေကို သက်သေတည် ‌ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)Where stories live. Discover now