Part 19

19 2 0
                                    

ရန်ကုန်ကနေ ပဲခူးသို့လာတဲ့ လမ်းတစ်လျှောက်သည် သာယာလှပေ၏။မြက်ခင်းစိမ်းများက လူ့စိတ်ကို ကြည်နူးစေသည်။တစ်ချို့နေရာများတွင် ပန်းပွင့်တို့၏ ရနံ့များ သင်းပျံ့လာတတ်သေး၏။မှုံတစ်ယောက် ကားပြတင်းကို ခေါင်းလေးမှီကာ ရူခင်းတို့ကို ခံစားနေသည်။လှပ‌သော ရူခင်းတို့သည် မှုံ၏အာရုံကို မဖမ်းစားနိုင်ကြပေ။တစ်ချက်တစ်ချက် တိုက်ခတ်လာသောလေတို့နဲ့အတူ မှုံ့အတွေးတို့သည်လဲ ဟိုတစ်စသည်တစ်စဖြင့် အတွေးများလျက်။မှုံ ကိုမိုးကိုတော့ ခရာ့အကြောင်း မပြောရသေးပေ။ပြောလဲမပြောချင်သေးပါ။စောစောပြောပြပါက ကိုယ့်အနားကနေ စောစောထွက်သွားမည်ကို သိနေသောကြောင့် မှုံမပြောပြချင်သေးပါ။ယခုအခါ၌လဲ ကိုမိုးအား မိဘဆီ ခဏအလည်ပြန်ဦးမည်ဟု ပြောပြီးသာ ထွက်လာခဲ့ခြင်းဖြစ်သည်။အမှန်တရားကို မှုံအကြာကြီး ဖုံးကွယ်မထားချင်ပါ။တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ ကိုမိုးလဲ သိလာမှာပင်။ကိုယ်ကမမြဲတဲ့ကြိုးကိုမှ မလွှတ်နိုင်နေခြင်းဖြစ်သည်။ကြိုးတစ်ချောင်းကိုဆွဲဖို့ရန် ခိုင်လုံသော အကြောင်းပြချက်ဟူသည်က ချစ်လို့။ဟုတ်သည်။မှုံ ကိုမိုးကို ချစ်သည်။ကိုယ်ပိုင်ဆိုင်ထားသော နှောင်ကြိုးသေးသေးလေးအား မလွှတ်တမ်း ဖမ်းဆွဲနေရဦးမည်။ကံကြမ္မာက ကိုယ့်ဘက်မရှိလျင်တော့ မှုံ ခက်ရချည်ရဲ့။ရင်ထဲကအပူမီးတို့က ဘာနဲ့ငြှိမ်းမှ ငြိမ်းနိုင်မှာတဲ့လဲ။ဆွဲထားချင်သေးသည်မို့ မပြတ်လိုက်ပါနဲ့ဦး ကြိုးစလေးရယ်...။ပဲခူးဆေးရုံသို့ သိပ်မကြာခင် ရောက်လာလေသည်။ဆေးရုံ၏ များပြားလှသော လူနာများကြားတွင် ခရာ့ကို ရှာရဦးမည်။သို့သော် အခက်အခဲမရှိစေရန် မြေမခဟူသော ဆရာဝန်က သူ့နာမည်ပြောလိုက်ပါဆိုသောကြောင့် မှုံအဆင်ပြေသည်ဟု ဆိုရမည်။ခဏအကြာတွင် ခရာ့အခန်းကို မှုံသိလိုက်ရသည်။ပေါ့ပါးပျော်ရွှင်သော ‌ခြေလှမ်းတို့ဖြင့် ခရာ့ဆီ ဦးတည်သွားလိုက်သည်။

သူငယ်ချင်းလာမည် ဆိုသောကြောင့် မနက်ကတည်းက မျှော်နေသော ကောင်လေးကိုကြည့်ကာ သူပင် လည်တစ်ဆန့်ဆန့်။သူ့သူငယ်ချင်းမလေးကိုတော့ တော်တော်ချစ်မည့်ပုံ။ဝှီးချဲတစ်စီးဖြင့် ဟိုသွားလိုက် ဒီလာလိုက် လုပ်နေသည်မှာ အကြိမ်ပေါင်းမနည်း။
ငြိမ်ငြိမ်နေပါဟု မနည်းပင်တားထားရသည်အထိ။သူငယ်ချင်းဖြစ်သူနဲ့ ဖုန်းပြောပြီးကတည်းက လန်းလှသော မျက်နှာလေးကြောင့် မြေမခ စိတ်ချမ်းသာနေရသည်။အချစ်ဆိုသည်က သူငိုရင် ကိုယ်ငိုလာသလို သူပျော်ရင် ကိုယ်ပါလိုက်ပျော်ရသည့် ခံစားချက်ပင် မဟုတ်ပါလား။

ပန်းခရေကို သက်သေတည် ‌ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)Where stories live. Discover now