မခ ဒီနေ့ဆေးရုံဆင်းရမည်မို့ အိမ်မှစောစောထွက်လာခဲ့သည်။ညကကောင်လေးကတော့ အပြင်ကပြန်လာသည်နှင့် အခန်းထဲဝင်သွားသည်မို့ စိတ်ပူနေရသေးသည်။မျက်နှာတို့က သိသိသာသာ ညိုးနေသည်မို့ စိတ်ကမချမ်းသာ။ခါတိုင်း သူမနိုးခင် အရငင်ထနေကျ ကောင်လေးသည် ဒီနေ့တွင်တော့ အခန်းထဲက ထွက်လာကြောင်း အရိပ်အယောင်ပင်မပြ။ ဒီနေ့တစ်ရက် အနားနေပေးချင်ပါသော်လည်း ဆေးရုံတွင် ပျက်ကွက်ရက်များလာပါက လူကဲ့ရဲ့ဖွယ်ဖြစ်လာတော့မည်။ကောင်လေးစားဖို့ မနက်စာတို့ သေချာပြင်ပေးခဲ့ကာ စားပွဲပေါ်တွင် အုပ်စောင်းဖြင့် လုံအောင်ဖုံးပေးခဲ့လိုက်သည်။ဆေးရုံရောက်သည်နှင့် ဂျူတီကုဒ်ကို ပြောင်းလဲဝတ်လိုက်ပြီး ဒီနေ့တာဝန်များကို တစ်ချက်ကြည့်လိုက်သည်။မခသည် တာဝန်ကျဆရာမများနဲ့အတူ လူနာခန်းများလှည့်ပတ်စစ်ဆေးကာ လိုအပ်သည်များ ပြောဆိုတင်ပြရ၏။လှည့်ပတ်စစ်ဆေးပြီးသောအခါ ဆေးရုံအုပ်ကြီးနဲ့ အစည်းအဝေးထိုင်ရပြန်သေးသည်။အစည်းအဝေးအတွင်း တင်ပြကြသည်များမှာ များပြားလှ၏။ပစ္စည်းစက်ကိရိယာများ အသစ်တပ်ဆင်ရေး၊သွေးအလှူရှင်များ၏ သွေးစာရင်း တိကျသေချာမှုရှိစေရေး၊အရေးပေါ်သုံးစက်ကိရိယာများကို သေချာကိုင်တွယ်နိုင်ရန် သင်ကြားပေးခြင်း၊ဆရာဝန်လောင်း ဂျူနီယာတို့အား လက်တွေ့သင်ကြားပေးရာ၌ စီစစ်မှု ရှိစေရေး စသည်တို့ကို အလျိုလျို တင်ပြကြလေသည်။ဆေးရုံအုပ်ကြီး၏ ညွှန်ကြားမှုတို့အပြီး သူတို့ရဲ့ စည်းဝေးမှုကြီးလည်း ပြီးဆုံးသွားတော့၏။
မခ တာဝန်ချိန်များ ပြီးသောအခါ နားနေခန်းဘက်သို့ ခြေဦးလှည့်တော့သည်။နာရီကြည့်တော့ နေ့လည်ရောက်နေပြီဖြစ်သည်။ဒီချိန် ကောင်လေးက ထမင်းရောသေချာစားရဲ့လားဟု စိုးရိမ်စိတ်ကလေး တစ်ချို့ ဖြတ်ပြေးသွား၏။နားနေခန်းရောက်ဖို့ လေးငါးခန်း ဖြတ်ကျော်ရန်အလို အခန်းတစ်ခုမှ ကြားဖူးသောအသံနှင့် ငိုရှိုက်နေတာကြောင့် မခ ခြေလှမ်းတို့ ခတ္တရပ်တန့်လိုက်သည်။အပေါက်ဝမှ ရပ်ကြည့်လိုက်သောအခါ ခရာရဲ့သူငယ်ချင်းမလေးဖြစ်နေ၏။ရှိုက်ကြီးတငင်ငိုကြွေးနေသည်က တစ်စုံတစ်ခုကို နင့်နင့်နဲနဲခံစားနေရသည့်ဟန်။မခ အားပေးစကားပြောရန်ဆုံးဖြတ်ပြီး အနားသို့တိုးကပ်သွားလိုက်သည်။ပုံမှန်ဆို ကျော်သွားနိုင်ပါသော်လဲ ယခုက ခရာရဲ့သူငယ်ချင်းပင်မို့ ကျော်သွားဖို့စိတ်မရှိခဲ့ပေ။
YOU ARE READING
ပန်းခရေကို သက်သေတည် ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)
Short StoryUnicode ပန်းခရေငယ်... ဝေသော်လည်းမွှေး... ကြွေသော်မွှေးပျံ့... ရနံ့စွဲစွာ... ရင်မှာကျန်နေ... မြင်သူ ရူတင့်... မြတ်နိုးလှသူ... နှလုံးသားငယ်... ဤရပ်ဝန်းတွင်... ရောင်ခြည်ဖြာမှ....လန်းစေချင်ဘိ... DuWaLi ZawGyi ပန္းခ...