ပုစွန်ဆီရောင်သန်းနေသော နေလုံးကြီးသည် ညနေခင်း ဆည်းဆာအား အလှဆင်လျက်။မကြာမီပင် ပျောက်ကွယ်တော့မယ့် နေလုံးကြီးကိုကြည့်နေရသည်က စိတ်အစဉ်ကို ကြည်နူးစေသလို လွမ်းမောတမ်းတဖွယ်ရာ ဖြစ်စေသည်။ခြံထဲရှိ ခရေပင်နားက ထိုင်ခုံရှည်လေးတွင် ကောင်လေးတစ်ယောက် ငြိမ်းချမ်းဖွယ်ရာအပြုံးနဲ့ ကောင်းကင်ကြီးအား ငေးကြည့်လျက်နေ၏။နေဝင်တော့မည်ကို နှမြောတသဖြစ်သော်လည်း ရောက်ရှိလာမယ့် ည၏အလှကိုလဲ သူမြင်ချင်နေမိသည်။လမင်းကြီးက ဝန်းပြည့်လျက် ကြယ်တာရာစုံနေသော ဒီညသည် တကယ်ပင် လှပနေသည်။ကြည်လင်နေသော ကောင်းကင်ကြီးက တစ်ဖိတ်ဖိတ်တောက်ပနေသော ကြယ်တို့အား အရံအတားမရှိ တောက်ပစေရန် ရင်ပြင်ကျယ်ကြီးအား ဖြန့်ကြက်ပေးနေသလိုပင်။
"ခရာ အပြင်မှာ ထိုင်တာ ညနေစောင်းကတည်းကမဟုတ်လား ခုညတောင် ရောက်နေပြီအေးတယ်လေ အိမ်ထဲဝင်ထိုင်တော့လေ"
"ဟင့်အင်း မခ ကျွန်တော် လပြည့်ဝန်းကြီးရဲ့ အလှကို ခံစားကြည့်ချင်သေးလို့"
"ဒါဆို ကိုယ်ပါထိုင်မယ်နော် ကိုယ်လဲ ကြည့်ချင်တယ်"
"လာထိုင်လေ မခ ဒါနဲ့ မခ ဘယ်တော့ပြန်မှာလဲဟင်"
"ခရာက ကိုယ့်ကို ပြန်စေချင်နေပြီပေါ့နော်"
တိုးဖွဖွပြောလာသော အသံက တကယ်ပင် ဝမ်းနည်းသွားသည့်နှယ်။ခရာခမျာ လက်လေးခေါင်းလေးတို့ ခါရမ်းကာ
"မဟုတ် မဟုတ်ရပါဘူး မခ၊ကျွန်တော်က မခအလုပ်ကြောင့်ပါ မခက ဆရာဝန်လေ အားတိုင်းခွင့်ယူနေလို့မှမကောင်းတာ"
"ကိုယ် ဒီတောင်ငူမှာ ပြောင်းမိန့်လျောက်ထားပြီခရာရဲ့ ဟိုနေ့က ခရာ့သူငယ်ချင်း ကလေးမွေးတဲ့ ဆေးရုံကိုပဲ လျှောက်ထားလိုက်ပြီ"
"မခက ဘာလို့ ပြောင်းမိန့်လျှောက်တာလဲ ဟိုမှာ အဆင်မပြေလို့လား"
ဒီကောင်လေးက ကျွန်တော်ပြောပြတော့ရော နားလည်မှာတဲ့လား။သူ့အနား ကျွန်တော်နေချင်လို့ ဒီလိုတွေလုပ်နေတယ်ဆိုတာကို မသိတာလား။ဒါမှမဟုတ် နားမလည်ချင်ယောင်ဆောင်နေတာများလား။ညနက်ပိုင်းရောက်လေ ကြယ်တာရာတို့က အပြိုင်တောက်ပပေးနေသည်။ထိုအချိန်က တကယ်ကိုပင်လှပအေးချမ်းလွန်းသည်။
"ခရာ ဟိုး အပေါ်ကိုကြည့်ကြည့် ကြယ်လေးသုံးလုံးတန်းနေတာတွေ့လား"
ခရာ မခ၏ လက်ညိုးညွှန်ရာကို လိုက်ကြည့်လိုက်သည်။
"ဟို မှိန်တုပ်တုပ်လေး လင်းနေတဲ့ ကြယ်သုံးလုံးလား မခ"
"အွန်း အဲ့ကြယ်အစုမှာ နာမည်ရှိတယ်တဲ့"
"မောင်ရင်စိုင်းထမ်းဆိုတဲ့ နာမည်လား"
"ခရာလဲ သိတယ်ပေါ့"
"ဟုတ်ငယ်ငယ်က ကြားဖူးတယ်လေ "
"ဒီကြယ်အစုလေးတွေ ဖြစ်တည်လာပုံက သနားစရာလေးပဲနော် ခရာ"
"ဟုတ်တယ် မခ သူတို့ချစ်သူနှစ်ယောက်က သေကွဲကွဲခဲ့ရတာတောင်မှ ကြားမှာ ခြားနားခြင်းကို ခံခဲ့ရကြတာ သူတို့တော်တော် ခံစားခဲ့ရမှာပဲနော် ခုလဲကြယ်အဖြစ် ရှင်သန်နေတာတောင်မှ ကြားမှာ အခြားကြယ်က ခြားထားသေးတယ်လေ ကံကြမ္မာဆိုတာက ရှောင်လွှဲလို့မရပါလားနော်"
"အွန်း ကိုယ်တို့လဲ ကြမ္မာစီစဉ်တဲ့အတိုင်းတွေ့ခဲ့ကြရတယ်နော် ဒါမဲ့ ခရာ့နှလုံးသားထဲမှာတော့ မြေမခဆိုတာ နေရာမရခဲ့ဘူး"
"မခ"
"ကိုယ်နားလည်ပါတယ် ခရာ့ကို ကိုယ်သီချင်းဆိုပြချင်တယ် နားထောင်မလားဟင်"
"ဟုတ် နားထောင်ချင်ပါတယ်မခ"
"ဒါဆို ကိုယ်ဂစ်တာ သွားယူလိုက်ဦးမယ် ခဏစောင့်နော်"
အိမ်ထဲသို့ဝင်သွားပါသော ကျောပြင်ကျယ်ကြီးအား ခရာကြည့်ကာ သက်ပြင်းခပ်ဖွဖွချမိရုံသာ။မခကို စောစောတွေ့ခဲ့ရင် ကျွန်တောမချစ်မိမည်မှာ အမှန်။ဒါမဲ့ မောင့်ကို ကျွန်တော့်အသက်မက ပိုချစ်ခဲ့တာပါ။ဒါကိုလဲ ပန်းခရေတွေသည်သာ အသိဆုံးပါလေ။မခကိုတော့ အားနာမိပါရဲ့။သို့သော် နှလုံးသားကတော့ ပြတ်သားခဲ့သည်မှာ ကြာမြင့်ခဲ့ပါပြီလေ။
*ကျွန်တော့်လို အညတရကို ချစ်ပေးခဲ့လို့ ကျေးဇူးပါလို့လဲ မပြောချင်သလို မုန်းလိုက်ပါလို့လဲ မပြောချင်ခဲ့တာအမှန်ပါမခ တွေ့ကြုံလာတဲ့ခဏမှာ မခက ကျွန်တော့်အတွက်တော့ နတ်သားတစ်ပါးလိုပါပဲ နှလုံးသား ဆန္ဒကြောင့်သာ မခကို မရွေးခဲ့ပေမဲ့ ဦးဏှောက်က တော့ ရွေးဖြစ်ခဲ့ပါတယ်*
"ခရာ ဘာတွေတွေးနေတာလဲ"
လှုပ်ခါခေါ်မှ အတွေးတို့ ပြတ်သွားသည့်ပုံ။ဒီကောင်လေးက တကယ်ကိုပင် အချစ်ခံလေးပါ။သူ့ဘက်က ပြတ်သားလိုက်တော့လဲ ဝမ်းနည်းခဲ့ပေမဲ့ ခုချိန်မှာတော့ သူ့လိုအင်ေတွကိုကိုယ့်ဘက်က အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးချင်မိသည်။
"ကိုယ် သီချင်းဆိုပြီနော် ခရာ"
တိုးဖွဖွ ဂစ်တာသံလေးသည် ခြံထဲတွင် ပျံလွင့်လျက်။ဂစ်တာကြိုးညှိပြီးမှ ခရာ့ဘက် တစ်ချက်ကြည့်ကာ
YOU ARE READING
ပန်းခရေကို သက်သေတည် ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)
Short StoryUnicode ပန်းခရေငယ်... ဝေသော်လည်းမွှေး... ကြွေသော်မွှေးပျံ့... ရနံ့စွဲစွာ... ရင်မှာကျန်နေ... မြင်သူ ရူတင့်... မြတ်နိုးလှသူ... နှလုံးသားငယ်... ဤရပ်ဝန်းတွင်... ရောင်ခြည်ဖြာမှ....လန်းစေချင်ဘိ... DuWaLi ZawGyi ပန္းခ...