Part 14

14 0 0
                                    

"ဆရာလေး.....ဆရာလေး စောင့်ပါဦး ဆရာလေးရယ်"
နောက်မှ အော်ခေါ်နေသော ဆရာမလေး၏အသံကိုပင် မကြားနိုင်‌လောက်အောင် မြေမခ အတွင်းခန်းထဲသို့ အပြေးဝင်ခဲ့လေသည်။အခန်းထဲသို့ ရောက်ခါမှ  သူသက်ပြင်းချနိုင်တော့သည်။ထိုအခါမှ နောက်မှအမှီလိုက်လာသော ဆရာမလေးအား လှည့်ကြည့်နိုင်လေသည်။အကောင်းတိုင်းရှိနေသော ကောင်လေးကြောင့် သူဝမ်းသာသွားသော်လည်း စိတ်မချသောကြောင့် ဆရာမလေးအား မေးမြန်းရလေသည်။
"ဆရာမ လူ...လူနာက ဘာ....ဘာဖြစ်တာလဲ....."
"ဟို...ဟို...ဆ..ဆရာ....အခန်းမှားလာတာဆရာရဲ့"
ဆရာမလေးမှာ အမောတောင်မဖြေရသေးခင် ဆရာ၏အမေးကြောင့် လူကအမောမဖောက်ရုံတမယ်။
"ဗျာ...ဆရာမရယ် အစောကပြောပါလား ခုတော့ကျွန်တော့်မှာ ဖက်ဖက်ကိုမောလို့"
"ဆရာမှ စကားကို ဆုံးအောင်မှ နားမထောင်ပဲ။ဆရာ့ကို စကားပြောနေရင်း ဆရာက ဘာမပြောညာမပြော ပြေးထွက်သွားတာလေ ကျွန်မအနောက်က လှမ်းအော်နေတာလဲ ဆရာလေးမှ မကြားတာ။ဆရာ့ကို ဒီအခန်းက လူနာပါလို့လဲ ကျွန်မမှမပြောရသေးတာ"
ဆရာမလေးမှာ မောကလဲမောနေရုံမက သူ့အားအပြစ်တင်နေသော ဆရာလေးကို မျက်စောင်းလေးချီကာပြောလေတော့သည်။ထိုအခါမြေမခသည် သူ့ဂုတ်ပိုးအား လက်တစ်ဖက်ဖြင့်သပ်ကာ ရှက်ကိုးရှက်ကန်းဖြစ်နေတော့သည်။
"ဟို...ဒါပေမဲ့ ဆရာမက ရေးကြီးသုတ်ပြာနဲ့လာပြောတော့ ကျွန်တော်ကလဲ ဒီကလူနာထင်သွားတာ‌လေ။ကျွန်တော် ‌တောင်းပန်ပါတယ်ဗျာ...ဒါနဲ့ ဆရာမ ဘယ်လူနာကို ပြောချင်တာလဲ"
"‌နှလုံးသွေးကြောပိတ်တဲ့လူနာလေ အဲ့တာ သွေးအလျင်လိုနေလို့ အရေးပေါ်အလှူရှင်လိုနေလို့ပါဆရာ....အဲ့လူနာနဲ့ကိုက်ညီတဲ့သွေးကို ဆရာ့ကို အမြန်ရှာခိုင်းလိုက်ပါလို့ ပါမောက္ခကမှာလိုက်လို့ အပြေးလာပြောရတာ"
"‌ဪ ဒါဆို အမြန်သွားရအောင်လေဗျာ...လာ..လာ"
"ဟုတ်...ဟုတ်ကဲ့ ဆရာလေး"

လိုအပ်သည့် သွေးပမာဏရပြီးသည်နှင့် မြေမခ သူဝင်ခဲ့သော VIPအခန်းသို့ ပြန်ဝင်ခဲ့သည်။သူတစ်နေကုန်ပင်ပန်းလာသမျှ ထိုကောင်လေး၏ မျက်နှာလေးအား ကြည့်လိုက်ရတာနဲ့ အမောများ ကြက်ပျောက်သလို ပျောက်သွားတတ်သည်။ထို့ကြောင့် တာဝန်ချိန်များပြီးသည်နှင့် သူဒီအခန်းဖက်သို့သာ ခြေဦးလှည့်မြဲဖြစ်လေသည်။ထိုကောင်လေး၏ ဝေယျာဝစ္စအဝဝအား သူတာဝန်ယူလေသည်။အခြားသူများက မလုပ်ခိုင်းလဲ သူအတင်းပြုလုပ်ပေးသည်။ဆွေမျိူးဟူ၍ တစ်ဦးမှပေါ်မလာသောကြောင့်လည်း သူ့မှာ အံ့ဩရသလို ဝမ်းနည်းဝမ်းသာဖြစ်ရသည်။ဝမ်းသာသည်က ထိုကောင်လေး၏ ဆွေမျိုးများ မရှိလျှင်ကောင်လေးအား အနီးကပ် ဂရုတစိုက် သူစောင့်ရှောက် ပေးရသောကြောင့်ဖြစ်သည်။‌‌
ဆေးရုံအုပ်ကြီးကတော့ တစ်ရက်ခြားတစ်ခါလာကြည့်ပေးသည်။လာကြည့်တိုင်းလည်း သက်ပြင်းချကာ ပြန်ထွက်သွားလေ့ရှိသည်။မြေမခသည် စားပွဲဘေးရှိ စက်တီခုံအား ခုတင်ဘက်ရွေ့ယူကာ ထိုင်လိုက်လေသည်။ပြီးနောက် သူယူလာသော ရေဇလုံထဲတွင် အဝတ်သန့်သန့်တစ်ထည်အား နစ်ကာ ရေညှစ်လိုက်ပြီး ကောင်လေးအား ရေပတ်တိုက်ပေးလေသည်။ဆေးရုံတွင် လှဲနေတာ 8လလောက်ကြာနေပြီဖြစ်သောကြောင့် နဂိုဖြူသော အသားအရေသည် ခုတွင် ပို၍ဖြူလာလေပြီ။ဖြာကျနေသော ဆံနွယ်လေးများ၊ မရှည်မတိုမျက်တောင်မွှေးလေးက အိစင်းနေသည်မှာ လခြမ်းကွေးလေးသဖွယ်။မထူမပါးသော မျက်ခုံးတန်းကလေးများ၊နှာတံတစ်လျှောက် ဖြောင့်တန်းသွားပြီး အဖျားထိပ်တွင် လုံးဝန်းသွားသောကြောင့် ထိုကောင်လေးမှာ ချစ်ဖွယ်အတိ။မို့ဖောင်းနေသော ပါးပြင်၊နီစွေးခြင်း မရှိပါပဲ အညိုရောင်ဖျော့ဖျော့‌လေးနှင့် လေးကိုင်းသဖွယ် နှုတ်ခမ်းလေးများ၊အိပ်ရာထက်တွင် လှဲနေသည်တောင် အရုပ်လေးသဖွယ် ဖြစ်နေသော ဤကောင်လေးသည် သက်ဝင်လှုပ်ရှားလာပါက အဘယ်မျှလောက်ချစ်ဖို့ကောင်းလိုက်မည်နည်း။သူ့အား ပိုင်ဆိုင်ရသူသည် ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး လူသားပင် ဖြစ်နေိနိုင်လေသည်။
*မင်းမှာ သက်ဆိုင်သူတွေများ ရှိနေလား ကလေးငယ်...အဲ့လိုဆို မောင်ဘယ်လိုလုပ်ရမလဲ...ကလေးငယ်ပျော်ရင် မောင်နောက်ဆုတ်ဖို့ အသင့်ပါပဲကွယ်...သက်ဆိုင်သူရှိ‌သေးရင်တော့ မောင့်ကိုကြိုးစားခွင့်ပေးပါ ကလေးငယ်ကမ္ဘာပေါ်က အပျော်ရွှင်ဆုံး လူသားက မောင်ဖြစ်ချင်မိတယ်၊မင်းသာ မောင့်ကို လက်ခံရင်ပေါ့*
မြေမခ နှုတ်ခမ်းထက်တွင် ပြုံးရိပ်လေးသန်းကာ ခေါင်းလေးကိုသာအသာ ခါရမ်းမိလိုက်သည်။
"မောင်....မောင်"
"ဟင်!"
"ရေ.....ရေပေးပါ....ရေဆာတယ်"
"ဪ ရေလား...ရ...ရစေရမယ် ကလေးငယ်....ခ....ခဏ စောင့်‌ဦးနော်"
မြေမခလက်ကလေးများ တုန်ယင်နေသည်။ထိုကောင်လေး၏ ပါးစပ်မှ မောင်တဲ့။ကျွန်တော်ပျော်လွန်းလို့ ရူးမတတ်ပင်။အသံလေးက ကိုယ်တွေးထားတဲ့အတိုင်း ဩရှရှလေးပါလား မောင့်ရဲ့ကလေးငယ်။မင်းရဲ့မျက်ဝန်းလေးများကလဲ လှလိုက်တာကွယ်။အိပ်ပျော်နေတဲ့ ကလေးငယ်က နောက်ဆုံးတော့ နိုးလာပြီပေါ့နော်။မောင်ပျော်လိုက်ရတာ ကလေးငယ်ရယ်။
*မင်းရဲ့ နှုတ်ခမ်းလေးက နောက်တစ်ကြိမ် မောင်လို့ခေါ်တာကို မောင်ကြားချင်လှပြီ ကလေးငယ်*

ပန်းခရေကို သက်သေတည် ‌ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)Where stories live. Discover now