မှုံ ထမင်းစားခန်းထဲဝင်လာသော ကိုမိုးကို မသိယောင်ဆောင်ကာ ဟိုလုပ်ဒီလုပ်ဖြင့် အလုပ်ရှုပ်ပြနေမိသည်။ဒါကို ကိုမိုးက သဘောမကျဟန်ဖြင့် မျက်မှောင်ကျုံ့ကာ
"မှုံ ကိုယ့်ကို ပြောစရာမရှိဘူးလား"
"ဘာ ဘာပြောရမှာလဲ ကိုမိုး"
"မပြောချင်ဘူးဆိုတဲ့ သဘောလား ကိုယ်သိပြီးပြီကို ဘာတွေဖုံးကွယ်ထားချင်ရတာလဲ"
"ဟို ဟို အဲ့တာကလေ မှုံ မှုံ ပြောရမှာ ရှက်လို့ပါ ပြီးတော့ လနုသေးတာလဲပါလို့"
ခေါင်းလေးငုံ့ကာ ရှက်စနိုးအမူအယာဖြင့် ပြောနေသော မှုံမှာ တကယ်အသည်းယားစရာ။ခရာနှင့်သာ မတွေ့ခဲ့ပါက မှုံကသူ့အချစ်ဦးဖြစ်ခဲ့လောက်ပါသည်။ခုတော့ မှုံ့အား ဇနီးအဖြစ် ဝောာ်ထားနေရသည်ကပင် မိုးမြင့်မောင်အတွက် ကံကောင်းသည်ဟုပင် ဆိုရမည်။မှုံ့ကို သူ့မိဘများကလဲ သမီးအရင်းသဖွယ် ချစ်ခင်ကြလေသည်။မှုံက တကယ့်ကို လက်ကီးပင်။အိမ်၏စီးပွားရေးကလဲ မှုံရဲ့ ထိန်းသိမ်းတတ်မှုကြောင့် များစွာ တိုးတက်လာခဲ့သည်။
"အဟမ်း ထားပါတော့ နောက်ဆို အိမ်အကူတစ်ယောက်လောက် ငှားကြရအောင်"
"ဟင် ဘာလို့လဲ မှုံအဆင်ပြေပါတယ် ကိုမိုးရဲ့ အလကား ပိုက်ဆံကုန်အောင်"
"မရဘူး ငှားဆို ငှားရမယ် မှုံက ကလေးအတွက် ဂရုစိုက်ပေးပေါ့ အထွန့်တက်မလာနဲ့တော့ ကြားလား မှုံ"
"ဟုတ်"
မှုံက ကိုမိုးစကားဆို လွန်ဆန်ခဲ့ဖူးတာများရှိခဲ့လို့လား။မှုံရဲ့ နှလုံးသားလေးက ကိုမိုးစကားဆို အထွန့်လဲ မတတ်ရဲခဲ့သလို ငြင်းဆန်ဖို့လဲ အားမရှိခဲ့ပါဘူးလေ။............................................................................
ခြံလေးက အရင်အတိုင်းပင်။ပြောင်းလဲသွားသည်ကတော့ ခြံထဲတွင် ခရေပင်တွေ များပြားလာခြင်းပင်ဖြစ်သည်။အိမ်ထဲတွင်လဲ အချို့အရာတွေက ပြောင်းလဲသွားပြီဖြစ်သည်။အခရာမောင် အိမ်ထဲသို့ ဝေ့ဝဲကြည့်ပြီးကာမှ ဧည့်ခန်းထဲ ပြန်လာ ထိုင်လိုက်သည်။အဖော်အဖြစ် မခက လိုက်ပေးမည်ဆိုသောကြောင့် သူလဲ ပါလာခဲ့သည်။အိမ်ရှေ့ခရေပင်ကြီးကို ကြည့်ကာ ပေးထားခဲ့သော ကတိတွေနဲ့ ဆိုခဲ့ဖူးသော သစ္စာစကားတို့ကို ပြန်ကြားယောင်လာမိသည်။
"မောင့်ရဲ့ဖြစ်တည်မှုကမင်းအတွက်ပဲဆိုရင်ကော ခရာယုံပါ့မလား။မောင့်ရင်ထဲမှာ မင်းက မညိုးမနွမ်းတည်ရှိနေမယ့် ပန်းခရေလေး ဆိုရင်ကော ခရာက မောင့်ကို ပိုတယ်လို့ မြင်နေမလား ဟင်"
"တကယ်လား မောင်"
"တကယ်ပေါ့ ခရာရဲ့ ပြီးတော့ ခရာက ပန်းခရေလေးဆိုရင် မောင်က မင်းလှလှပပဖူးပွင့်လာဖို့ ပျိုးထောင်ပေးမယ့် ဥယျာဉ်မှုးလည်း ဖြစ်ပေးနိုင်တယ်။မင်းကို အခြား ခရေတွေနဲ့ မတူအောင် ဟိုးအမြင့်ဆုံးက ဘယ်သူမှ လက်လှမ်းမမှီနိုင်တဲ့ နေရာမှာ ထားချင်တဲ့ သစ်ကိုင်းတစ်ခုလည်းဖြစ်ချင်တယ်။ပန်းခရေကို လိုချင်ရင် မောင်ဆိုတဲ့ သစ်ကိုင်းကို အရင်ချိုးသွားကြပါစေလေ။မင်းလေးကိုတော့ လှလှပပ ပန်ဆင်ကြပါစေ ဒါက ခရာ့အပေါ်မှာထားတဲ့ မောင့်ရဲ့စိတ်ရင်းပါ။ ခရာ့ကိုမောင်က ပေးဆပ်ပြီးချစ်ဖို့၊စွန့်လွှတ်တဲ့စိတ်နဲ့ချစ်ဖို့ပဲ တွေးထားတယ်။ဒါပေမဲ့လည်းလေ မောင်ကခရာ့ကို ဘယ်လောက်ပဲ ပေးဆပ်ပြီး ချစ်နေပါတယ်ပဲပြောပြော ခရာ့ကို ပိုင်ဆိုင်ချင်လှပြီခရာရဲ့။ခရာ့ဘေးမှာ အရိပ်လေးဖြစ်နေရရုံနဲ့မောင်က မတင်းတိမ်နိုင်ဘူး။ဘာ့ကြောင့်လဲဆိုတော့ ခရာကမောင့်အသက်၊မောင့်ဘဝမို့ မောင်ပဲ ပိုင်ဆိုင်ချင်တယ်။မောင့်ကို အတ္တကြီးတယ်ပြောလည်း မောင်ခံယူဝံ့ပါတယ် ခရာ။ခရာနဲ့ အမြန်နီးစပ်ချင်နေပြီကွာ"
အရင်က တိုင်တည်ခဲ့သလို ခုလဲ ပြန်ပြီးတိုင်တည်ပါရစေ မောင်
*ပန်းခရေတွေကို သက်သေတည်ပြီး တိုင်တည်ပါ့မယ်မောင်။ဒီဘဝ ဒီတစ်ယောက်တည်းဖြင့် ရိုးမြေကျချစ်သွားပါ့မယ်။ပန်းခရေတွေက ခြောက်နွမ်းသွားလည်း ရနံ့မပျယ်သလို မောင့်အပေါ်မှာ ခရာထားတဲ့ ချစ်ခြင်းတွေကလည်း ကမ္ဘာတည်သရွေ့ တည်ပါစေသော်ဝ်...*
ဝေ့တက်လာသော မျက်ရည်စများသည် တာတာမံကျိုးသလို ပြိုကျလာသည်။မောင့်ကို လွမ်းပါသည်။တမ်းတရပါသည်။ကိုယ်နဲ့မဆိုင်တော့သလို ပိုင်ဆိုင်ခွင့်လဲ မရှိတော့တဲ့ ပင်ယံထက်က ပန်းခရေက မောင်ပါ မောင်ရယ်။လက်လှမ်းဖို့ကလဲ မောင်က ထိပ်ဆုံးမှာ ခုဆို မောင့်မိသားစုနဲ့အတူ လှလှပပ ဖူးပွင့်နေရောပေါ့။ခရာ မောင့်အတွက် ဝမ်းသာပါတယ်မောင်။
မျက်နှာပေါ် အုံ့မိုးလာသော လက်တစ်စုံကြောင့် ခရာ ငြိမ်နေရာမှ တစ်ချက် တွန့်လာသည်။
"ဘာလို့ ငိုနေရတာလဲ ခရာ၊ကိုယ်ဒီမျက်ရည်တွေကို မမြင်ချင်တာမို့ ကိုယ့်ရှေ့မှာတော့ မငိုပါနဲ့နော်"
"ဟို ကျွန်တော် မငိုပါဘူး မျက်စိထဲဖုန်ဝင်သွားလို့"
ဒီကောင်လေး မလိမ်တတ်ပါပဲနဲ့ လိမ်နေပြန်ပါပြီ။သူ့ရည်းစားကို လွမ်းလို့ ငိုနေသည်က အသိသာပင်။သူတို့အကြောင်းကို မှုံနံ့သာဆိုသော ကောင်မလေးဆီက စုံစမ်းထားလို့ အကုန်မဟုတ်တောင် အချို့ကိုတော့ သိထားလိုက်ရသည်။ဒီကောင်လေး၏ နှလုံးသားမှာ ကျွန်တော့်အတွက်နေရာမရှိတော့မှန်း ကျွန်တော်သိပါသော်လဲ ကောင်လေးအနားမှာ အရိပ်တကြည့်ကြည့်ဖြင့် စောင့်ရှောက်ချင်ပါသေးသည်။လုယူဖို့အထိ တွေးထားခဲ့ဖူးပါသော်လဲ အခြေအနေက လုယူရန်ပင်မလိုတော့ချေ။သို့သော် ကျွန်တော့်အတွက် နေရာလေးသေးသေးလေးတော့ ရှိစေချင်ပါသည်။မိတ်ဆွေအဖြစ်မဟုတ်ပဲနဲ့ပေါ့။
"လိမ်တယ်"
နဖူးပေါ် လက်ကရောက်သွားပြီး တောက်ခနဲ မြည်အောင် တစ်ချက်လောက် တောက်ပေးလိုက်ပါသည်။နှုတ်ခမ်းလေး စူထော်လာပြီး မျက်လုံးစောင်းပြီးကြည့်လာသည်က လူသတ်မည့်အတိုင်း။
"ဟာ ဟေ့လူ ဘာလို့ လာတောက်ရပြန်တာလဲ
ခင်ဗျားကြီးနော် ကျွန်တော်က ကျေးဇူးရှင်မို့ သည်းခံနေတာဗျ ငြိမ်ခံတယ်ဆိုပြီး လုပ်ချင်တိုင်း လုပ်လို့ရမလား"
"ဟော ကြည့်စမ်း အာခံနေတာလား ကိုယ်က မင်းလိမ်ပြောလို့ အပြစ်ပေးတာလေ"
"အပြစ်ကဘာဖြစ်လို့ပေးတာလဲ ကျွန်တော်က ဘာအပြစ်မှလဲမလုပ်ထားမိပါဘူး ခင်ဗျား ဒါသက်သက်ညစ်တာ"
"အိုး ဟိုး ညစ်တယ်လို့ ထင်တယ်ပေါ့၊ဒါကိုညစ်တယ်လို့ထင်နေတဲ့မင်းကို ကိုယ်တကယ်ညစ်ပြလိုက်ရင် မင်းဘယ်လိုနေမလဲ......."
ညစ်တစ်တစ်အပြုံးကြီးဖြင့် အနားပိုတိုးလာသော နှုတ်ခမ်းတစ်စုံကြောင့် ခရာမောင်မှာ တောင့်တောင့်ကြီးဖြစ်သွားရသည်။ပြီးမှ သတိဝင်လာကာ နီးကပ်လာသော မျက်နှာကြီးအား လက်ဖြင့် တစ်ချက်ပုတ်ကာ ကိုယ်လွတ်ရုန်းပြီး ပြေးထွက်ခဲ့လိုက်သည်။
"ဟေ့လူ ခင်ဗျား သူများအိမ်ကိုလဲ လာလည်သေးတယ် အိမ်ရှင်ကို ဘယ်လိုတွေပြုမူနေတာလဲ ဟမ်"
တုန်တုန်ရီရီဖြင့်ပြောလာသော ကောင်လေးကြောင့် မခ နှုတ်ခမ်းတို့ အပေါ်ဘက်ကို ညွတ်တက်သွားရသည်။
"အဟက် ကိုယ်ဘာလုပ်ရသေးလို့လဲ"
ပြောရင်း အနားသို့တိုးကပ်လိုက်သောအခါ အနောက်သို့ လှမ်းဆုတ်လိုက်သော ကောင်လေး။
"ခင်ဗျား ကျွန်တော့်နား မလာခဲ့နဲ့"
အခရာမောင် နီးရာ ဆိုဖာပေါ်မှ ခေါင်းအုံးကိုယူကာ မြေမခအား လှမ်းပေါက်လိုက်သည်။မခကလဲ အလျော့မပေးပဲ ဆက်လက်လိုက်ကပ်လေသည်။ကောင်းကင်ကြီးသည် ကြည်စင်နေ၏။တိမ်တိုက်လှလှလေးတို့ကလဲ ဟိုတစ်စုဒီတစ်စုဖြင့် ကြည်စင်နေသော ကောင်းကင်ကြီးအား တောက်ပစေရန် ထောက်ပံ့ပေးနေကြလေသည်။နေသာနေသော ဤနေ့ရက်လေးတွင် အိမ်တစ်အိမ်၏ ဘေးမှ ဖြတ်လျှောက်သွားမိပါက ပြေးတမ်းလိုက်တမ်းကစားနေသော ကောင်လေးနှစ်ယောက် ပျော်ရွှင်စွာ ရယ်မောနေကြသည်ကို မြင်တွေ့ကြရလိမ့်မည်ဖြစ်သည်။............................................................................
ရာသီတွေ အလီလီပြောင်း လတွေလဲကြာညောင်းလာသောအခါ မှုံသည် နေ့စေ့လစေ့ဖြင့် မီးဖွားချိန်သို့ ရောက်ခဲ့လေပြီ။ဆေးရုံတစ်ခု၏ ခွဲစိတ်ခန်းတစ်ခုရှေ့ဝယ် စိတ်လှုပ်ရှားနေသောကောင်လေးတစ်ယောက် ထိုင်မရထမရဖြင့် အလုပ်ရှုပ်နေသည်။ဘေးဘီဝဲယာတွင်လဲ ထိုကောင်လေးနည်းတူ စိတ်လှုပ်ရှားပေးနေကြသော မိသားတစ်စုလဲရှိကြပေသည်။မိုးမြင့်မောင်တစ်ယောက် ခွဲခန်းထဲမှ ဆရာဝန်ထွက်အလာကို လည်တစ်ဆန့်ဆန့်ဖြင့် မျှော်ကိုးမိနေသည်။ထိုစဉ် ရင်ထဲ မှတ်မိနေပါသော အရိပ်ကလေးတစ်ခု သူတို့ဆီ ဦးတည်လာနေသည်။ရင်ထဲစွဲငြိခဲ့ပါသော မျက်ဝန်းလေးနဲ့လူသားတစ်ဦး။အနီးကပ်လာလေ ပုံသဏ္ဍာန်မှာ ပီပြင်လာလေဖြစ်သောကြောင့် မိုးမြင့်မောင် ငုတ်တုတ်မေ့မတတ်ပင်။
"ခရာ ခရာမဟုတ်လား ခရာမှ ခရာအစစ်ပါ၊ငါလူမှားတာလား"
စိတ်ထဲကနေရေရွတ်မိသောလဲ နှုတ်ကတော့ တစ်ခွန်းမျှ ထွက်မလာခဲ့ချေ။အနီးတွင်လာရပ်သော ထိုအရိပ်လေးက
"မောင် မှုံ ဘယ်လိုအခြေအနေရှိလဲ"
အတွေးတို့ ရောက်ယှက်ခတ်ကာ ကမ္ဘာကြီးပင် လည်ထွက်သွားလေသလား။ဒါဆို အခရာမောင်ဆိုတာ သေချာသွားပါပြီ။ခရာက ဘာလို့ခုမှပေါ်လာရသလဲ။ဘာလို့ ကျွန်တော့်ဆီချက်ချင်းမလာခဲ့တာလဲ။ဘာလို့ သေသွားပြီထင်နေတဲ့ ကျွန်တော်တို့ဆီကို ဖြေရှင်းချက်မပေးရတာလဲ။မေးခွန်းတွေအစီအရီရှိနေသော်လဲ မေးဖို့ပင် အားမရှိခဲ့ချေ။ဘေးကပါလာသော မျက်နှာစိမ်းနဲ့ကောင်လေးကတော့ ကျွန်တော်အား ခပ်စူးစူးကြည့်လျက်။စာလုံးရေ1620
9:51AM
15.8.2022
ကြိုက်နှစ်သက်မည် မျှော်လင့်လျက်။ဆက်လက်ကြိုးစားပါဦးမည်။အမှားရှိရင် ခွင့်လွှတ်ပါဗျ🙏🙏🙏
YOU ARE READING
ပန်းခရေကို သက်သေတည် ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)
Short StoryUnicode ပန်းခရေငယ်... ဝေသော်လည်းမွှေး... ကြွေသော်မွှေးပျံ့... ရနံ့စွဲစွာ... ရင်မှာကျန်နေ... မြင်သူ ရူတင့်... မြတ်နိုးလှသူ... နှလုံးသားငယ်... ဤရပ်ဝန်းတွင်... ရောင်ခြည်ဖြာမှ....လန်းစေချင်ဘိ... DuWaLi ZawGyi ပန္းခ...