Part 5

24 2 0
                                    

"ဟဲ့ မှုံမ နင် အဲ့ရန်ကုန်သားတွေနား သိပ်ကပ်မနေနဲ့ဦး"
"ဘာလို့လဲ သူတို့က ဘာလုပ်နိုင်မှာမို့လို့လဲ"
"ပြောရလား ဟို ပိုင်ဦး ဆိုတဲ့ ကောင်က ပိုဆိုးတယ် နင့်နားကပ်နေတာ ကပ်ခွာအတိုင်းပဲ နောက်တစ်ယောက်ရှိသေးတယ် နာမည်က အောင်ဘယ်သူဆိုလား"
"အောင်ထက်ယံလေ"
"အေး ဟုတ်တယ် အောင်ထက်ယံ
နေပါဦး နင်က နာမည်တွေတောင် အလွတ်ရနေပါကောလား မှုံမအစုတ်ပလုတ်မ နင်ရိုးကောရိုးရဲ့လား"
"ဟဲ့ ငါလုပ်လိုက်ရ အရိုးကျိုးမယ် နင်တော့ မရိုးလို့ငါကဘာဖြစ်ရမှာလဲ"
"မသိပါဘူး တော်ကြာ မြင်းကမလှုပ် ခုံကလှုပ်ဆိုပြီး ငါအပြောမခံနိုင်ဘူးနော်"
"နင်ကလေ မြန်မာစာမေဂျာကလို့ကို မပြောရဘူးသိလား ရှင်းပြရင် စာတစ်တန်ပေတစ်တန် စကားပုံက ပါကိုပါလိုက်ရမှ"
"အေး အေး သိရင် ပြီးတာပဲ"
"နင်ကသာ ငါ့ပြောနေတာပါနော် ဟိုမိုးမြင့်မောင်ဆိုတဲ့ တစ်ယောက်ကတော့ နင့်နားကကို မဖယ်တာ ငါမသိတာကျ"
"ဒါတော့ နင်က ဟိုနှစ်ယောက်နဲ့ စကားကောင်းနေတော့ သူဖယ်သလိုနေတာ နေမှာပေါ့ဟ"
"မဟုတ်လောက်ဘူးနော် နင်ကလည်း"
"လဲတွေ မလဲတွေ လုပ်မနေနဲ့တော့ ဟိုဟာတွေက ရန်ကုန်သားတွေ တော်ကြာ ငါတို့ကို ဂျင်လို လှည့်ထည့်လိုက်မှ ငါးပါးမှောက်မယ် နင်သိပ်ဖော်ရွှေပြမနေနဲ့ ကြာလားမိမှုံ"
"အမိန့်တော်မြတ်အတိုင်းပါ မောင်တော်ဖုရား နှမတော်သတိထားပါ့မယ်ဖုရား မောင်တော်အခရာမောင်ကသာ အပြောနဲ့မညီ မဖြစ်ပါစေနဲ့ဖုရား"
"ငါရိုက်လိုက်ရ"ကျွန်တော် လက်ပါတော့မည်ကို မိမှုံသိသဖြင့် နေရာမှ ထပြေးလေတော့သည်။

ဘာ့ကြောင့်မှန်းရယ်တော့မသိ ကျွန့်တော့်အတွေးထဲ မိုးမြင့်မောင် ဆိုသောသူက တစ်ဖြေးဖြေးနေရာယူ‌နေသလိုပင်။တစ်ခဏလေး တွေ့ရတဲ့အတွင်း သူ့ကိုတော့ ကျွန်တော် ခင်တွယ်မိသား။
ကျွန်တော့်ကိုကြည့်နေတာ ကျွန်တော်သိပေမယ့် ပြန်မကြည့်ရဲခဲ့။ကျွန်တော့်ဘက်က အတွေးလွန်နေတာသာ ဖြစ်နေမှာပါ။။သူနဲ့ တစ်ချက်တစ်ချက် အကြည့်ချင်းဆုံတိုင်း
ကျွန်တော့်ရင်တွေ ဖိုလွန်း၍ စေ့စေ့မကြည့်ရဲပဲ မျက်လွှာ အောက်ချခဲ့ရသည်က အခါခါ။သေချာတာကတော့ ကျွန်တော်သူ့ကို ချစ်နေပြီ။မြင်မြင်ချင်းအချစ်ရှိသည်ဆိုတာကို သူကကျွန်တော့်အား သက်‌သေပြခဲ့လေပြီ။
ကျွန်တော့်ဘက်က တစ်ဖက်သတ်သာ ဖြစ်မှာပါလေ.......။

ပန်းခရေကို သက်သေတည် ‌ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)Where stories live. Discover now