🎶မင်းပြောတိုင်း ငါခေါင်းငြိမ့်မယ်🎶
🎶မင်းခိုင်းတိုင်း ငါငြင်းသလားကွယ်🎶
🎶မင်းစိတ်ကြိုက် အကုန်ဖြစ်ရမယ်🎶
🎶ဒါဟာ မင်းလေးကို ချစ်လို့ အိုး..ဟိုး..ရေး🎶
🎶ဒါဟာ မင်းလေးကိုချစ်လို့🎶
🎶မင်းရက်စက်ရင် ခွင့်လွှတ်မယ်🎶
🎶ဆိုးလိုက်စမ်းပါ မင်းသဘောပဲ🎶
🎶အရှုံးပေးလို့ လက်တွဲသွားမယ်🎶
🎶ဒါဟာ မင်းလေးကို ချစ်လို့ အိုး..ဟိုး..ရေး🎶
🎶ဒါဟာ မင်းလေးကိုချစ်လို့🎶
🎶ထားခဲ့ရင် နေခဲ့မယ် မလိုက်နဲ့ဆို အမိန့်အတိုင်းပဲ🎶
မှုံတစ်ယောက် မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေသောကြောင့် ဖုန်းကို ချက်ချင်းလာ မကိုင်အားသေးပေ။ဖုန်း ringtone လေးသည် သူမ မိုးမြင့်မောင်အပေါ်ထားသော ခံစားချက်နှင့် တိုက်ဆိုင်နေသောကြောင့် ငြီးငွေ့ခြင်းမရှိသဖြင့် ringtonအဖြစ်ပြောင်းထားခြင်းဖြစ်သည်။ဆက်တိုက်မြည်လာသော ဖုန်းသံကြောင့် ဟင်းအိုးထဲ ရေအနည်းငယ်ထည့်ကာ မီးဖိုထဲမှ ထွက်လာခဲ့လိုက်သည်။မှုံတို့က အိမ်ခွဲနေကြတာ ဖြစ်သည်။မှုံတို့အိမ်သည် တစ်ထပ်တိုက်ပုလေးဖြစ်ပြီး ခြံထဲတွင် မှုံ့အကြိုက် ပန်းပင်များကို စိုက်ပျိုးထားသည်။ပန်းခင်းသဖွယ် ဖြစ်နေသော အိမ်ရှေ့မျက်စောင်းထိုးနားတွင် အပျင်းပြေ အနားယူရန် ဒန်းလေးလဲ ကိုမိုးက ပြုလုပ်ပေးထားသေးသည်။အိမ်ရှေ့ဆင်ဝင်အောက်တွင်လဲ သစ်ခွပန်းတို့ အစီအရီ ပျိုးထားသေးသောကြောင့် မှုံတို့အိမ်သည် ပျိုးပင်အရောင်းဆိုင်ဟုပင် ထင်ရလောက်သည်။မှုံတို့၏ အိမ်ထောင်ရေးသည် အပြန်အလှန် နားလည်ယုံကြည်ကြသောကြောင့် သာသာယာယာပင်ဖြစ်သည်။ဆက်လာသော ဖုန်းနံပါတ်မှာ နံပါတ်စိမ်းဖြစ်နေသောသဖြင့် မှုံအနည်းငယ် မျက်မှောင်ကြုံ့သွားသည်။
"ဟယ်လို...အမိန့်ရှိပါရှင်"
"ဟုတ်ကဲ့ ခုပြောနေတာ မမှုံနံ့သာလား မသိဘူးခင်ဗျ"
တစ်ဖက်က ယောင်္ကျားလေးအသံကြောင့် မှုံဘဝင်သိပ်မကျချင်။သူ,မသိသော သူစိမ်းတစ်ယောက်က သူမနာမည်သိနေခြင်းကြောင့် အံ့ဩသည်လဲပါမည်။ဖုန်းသရဲများက လက်ကမြင်းပြီး သူ့အား စနောက်ခြင်းဆို သူမ ငြိမ်ခံမနေတတ်သည်က သူ့အကျင့်ပင်။ထို့ကြောင့် စနောက်နေသည်ဟုထင်ပါက ဘုဆတ်ဆတ်ပြောရန်လဲ ဝန်မလေးပေ။
"ဟုတ်ကဲ့ ကျွန်မ မှုံနံ့သာပါ ဘာကိစ္စရှိလို့ပါလဲ"
"ကျွန်တော်က ပဲခူးဆေးရုံက ဆရာဝန်တစ်ယောက်ပါခင်ဗျ၊ကျွန်တော့်နာမည်က မြေမခပါခင်ဗျ"
လိုရင်းကို မပြောသေးသော ထိုလူကြောင့် မှုံစိတ်အနည်းငယ်နောက်နေလေပြီ။သူ့အား ဘယ်သူကနာမည်မေးနေလို့ ဖြေနေရတာလဲ။သူ့အလုပ်ကြောင်းလဲ မှုံမမေးမိပါ။
"ဒီမှာ ရှင့်အလုပ်ရော စိတ်မဝင်စားသလို ရှင့်နာမည်ကိုလဲ ကျွန်မ မသိဘူး ဘာကိစ္စလဲလို့ကျွန်မမေးတာသာဖြေပေးပါ ကျွန်မ မအားဘူးရှင့်"
တစ်ဖက်က မိန်းကလေးအသံသည် ဘုဆတ်ဆတ်နိုင်သောကြောင့် မြေမခမှာ ခပ်လန့်လန့်။အနီးနားမှာ ရှိနေသော အခရာမောင်သည် ဆရာဝန်အား မကြည်သော လေသံဖြင့်ပြောနေသောမှုံကြောင့် ပြုံးရလေသည်။သူ့သူငယ်ချင်းမလေးသည် ထိုအတိုင်းပင် သူမသိသော သူစိမ်းတစ်ယောက်အား ကြည်ကြည်သာသာ ဘယ်သောအခါမှ မပြောတတ်ပေ။ဖုန်းဆက်၍စကားလာပြောလျှင် ပိုချေတတ်သော အချေမလေးပင်။
"ဟို ဟုတ် ဟုတ်ကဲ့ ကျွန်တော်က မမှုံနံ့သာရဲ့ သူငယ်ချင်းအကြောင်းပြောပြချင်လို့ပါခင်ဗျ"
မှုံပို၍ စိတ်ရှုပ်လာသောကြောင့် ချိုချိုသာသာ မပြောချင်တော့ပေ။
"သူယ်ချင်းဟုတ်လား ဒီမှာ ရှင်ကျွန်မကို လာပြီး ကြောင်ချင်လို့ ဇာတ်လမ်းတွေဆင်နေတာမလား အဲ့တာဆို ဆောတီးပါ ကျွန်မမှာ သက်ဆိုင်သူရှိတယ် ပြီးတော့ ကျွန်မမှာ ဘယ်သူငယ်ချင်းမှမရှိဘူး ရှိခဲ့ဖူးတဲ့ အချစ်ဆုံးသူငယ်ချင်းလေးကလဲ...မရှိတော့ဘူး..."
မှုံသည် ဒေါသသံနဲ့ပြောနေသော်လည်း အဆုံးနားတွင် အသံတိမ်ဝင်သွားလေသည်။အခရာ့ကို သတိရစိတ်ကြောင့် မျက်ရည်တို့က ဝဲတက်လာသည်။
YOU ARE READING
ပန်းခရေကို သက်သေတည် ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)
Short StoryUnicode ပန်းခရေငယ်... ဝေသော်လည်းမွှေး... ကြွေသော်မွှေးပျံ့... ရနံ့စွဲစွာ... ရင်မှာကျန်နေ... မြင်သူ ရူတင့်... မြတ်နိုးလှသူ... နှလုံးသားငယ်... ဤရပ်ဝန်းတွင်... ရောင်ခြည်ဖြာမှ....လန်းစေချင်ဘိ... DuWaLi ZawGyi ပန္းခ...