Part 15

17 0 0
                                    

လူနာခန်းထဲသို့ မြေမခ ခြေလှမ်း မှန်မှန်ဖြင့်သာ ဝင်လာခဲ့သည်။ခုတင်ထက်တွင် အေးချမ်းစွာ အိပ်မောကျနေသော ထိုကောင်းလေးနားကနေ သူထွက်မသွားနိုင်ပေ။အချိန်တော်တော်ကြာသည်အထိ ငေးမောနေမိသည်။ထိုကောင်လေး အိပ်ပျော်သည့်အချိန်တိုင်း သူငေးမိပါသည်။ဘယ်သောအခါမှ ကြည့်မဝခဲ့ပေ။စိမ့်စမ်းရေအလား ကြည်လင်နေသောမျက်နှာလေးကို သူ့အပိုင် ဖြစ်စေချင်မိနေသည်။
*ကိုယ်ချစ်တဲ့လူကိုပိုင်ဆိုင်လဲ အဝေးကတော့ငေးကြည့်ပါစေဆိုတဲ့အတွေးက ကိုယ့်အဘိဓာန်မှာ မရှိဘူး မောင့်ကလေးငယ်
မင်းကို ချစ်မိမှတော့ မင်းကိုပဲ ကိုယ့်အပိုင်ဖြစ်စေချင်မိတာ ကိုယ်မှားဘူးလား မောင့်ကလေးငယ် ဒါ့ကြောင့် ကိုယ်မင်းကို ပိုင်ဆိုင်ဖို့ကြိုးစားမှာ မင်းမှာသက်ဆိုင်သူရှိခဲ့ရင်တောင် ကိုယ်မရ,ရအောင်လုယူ‌တော့မှာ ကလေးငယ်*
မြေမခတစ်ယောက် အိပ်ပျော်နေသောကောင်လေး၏ နဖူးပေါ်တွဲကျနေသော ဆံသားတို့အား အသာသပ်တင်ပေးလိုက်၏။ဖောင်းအိနေသော ပါးမို့မို့လေးကို သူတို့ထိဖို့မမေ့ပေ။အကြိမ်တိုင်း ထိခဲ့သော ပါးဖောင်းဖောင်းလေးတို့သည် ဒီနေ့မှ ပန်းနုရောင်လေး သန်းနေသယောင်။ညိုတိုတို နှုတ်ခမ်းပါးတို့ဆီ အကြည့်ရောက်သွားသောအခါ နမ်းရှိုက်ပစ်ချင်စိတ်အား အတတ်နိုင်ဆုံးမြိုသိပ်ထားလိုက်ပြန်ရသည်။လက်ချောင်းသွယ်သွယ်လေးတို့အား အသာယူကာ စောင်အောက်ထဲ ပြန်ထည့်ပေးမိပြန်သည်။
*မင်းနဲ့ပတ်သတ်လာရင် ကိုယ့်ကိုအသေးစိတ်
ကအစ ဂရုစိုက်ခွင့်ပြုပါ ကလေးငယ်*
ထိုကောင်လေးနိုးသည်အထိ သူစောင့်ချင်သော်လည်း ဂျူတီချိန်ပြန်ရောက်သောကြောင့် သူအခန်းထဲမှ ပြန်ထွက်လာခဲ့သည်။မသွားခင် အိပ်ပျော်နေသော ကောင်လေး၏နဖူးပြင်လေးပေါ်သို့ အနမ်းချွေသွားရန်လဲ သူမမေ့။

ပန်းခရေကို သက်သေတည် ‌ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)Where stories live. Discover now