ခရာနဲ့ မြို့ထဲလည်မည်မို့ မခ စောစောထလာခဲ့သည်။ခရာကြိုက်သော ခရေတို့ကိုလဲ ကောက်ခါသီထားပေးလိုက်သည်။ခရာက ခရေပန်းပွင့်ချိန်ဆို လှလှပပသီကုံးကာ ဘုရားကပ်လေ့ရှိ၏။ဒါ့ကြောင့် ခရာ ဘုရားကပ်ဖို့ အဆင်သင့်ဖြစ်စေရန် ပန်းတို့အား ကြိုတင် သီပေးထားမိသည်။အားလုံးအဆင်သင့်ပြီးသော် ခရာ့ကိုနှိုးရန် ခရာ့အခန်းထဲသို့ ခြေဆန့်ခဲ့သည်။မနှိုးသေးသော ကောင်လေးက စောင်တွေအောက် စုံးစုံးမြှုပ်နေသည်။စောင်ထူထူတွေကို ဖယ်ခွာလိုက်တော့ အလိုမကျဟန် မျက်နှာမဲ့သွားသော်လဲ မျက်လုံးတို့ကတော့ ပွင့်မလာသေးပေ။
"ခရာ ထတော့ ကိုယ့်ကို လိုက်ပို့ရဦးမယ်လေ"
အိပ်မှုံစုတ်ဖွားဖြင့် ခရာမျက်လုံးတစ်ဖက်တည်း ဖွင့်ကာ
"ကျွန်တော် အိပ်ချင်နေသေးတယ် မခရာ အိပ်ပါရစေနော်"
"ခရာက ကတိမတည်ချင်တာလား"
"..........."
"ဟုတ်ပြီလေ လိုက်မပို့ချင်လဲ ထားပါတော့ တစ်ယောက်တည်းပဲသွားတော့မယ် အစက ခရာနဲ့ဆို Harmonyမှာ ဟော့ပေါ့သွားစားမလို့ပါဆို"
ဟော့ပေါ့အသံကြားသည်နှင့် ခရာ ဇက်ခနဲထထိုင်လိုက်သည်။သူဟော့ပေါ့စားချင်သည်မှာ တော်တော်ကြာနေပြီဖြစ်သည်။Harmony ကဟော့ပေါ့ကလဲ တစ်ခါစားပြီးလျှင် စွဲသွားသည်ဟု ကြားဖူးနေတာကြောင့် သူသွားချင်နေသည်မှာ ကြာပြီ။အလုပ်မအားသဖြင့် အစားဘက်ကို ခြေဦးလှည့်ဖို့နေနေသာ အတွေးထဲတောင် ထည့်မစဉ်းစားရဲ။ဒီကြားထဲ မိုးမြင့်မောင်ထံသို့ စိတ်အနည်းငယ် ရောက်နေရတာကြောင့်လဲပါသည်လေ။
"ဒါမျိုးကျ ထလာတယ်နော်"
မခ ခေါင်းလေးပုတ်ကာ ပြောတော့
"ဟီး ဟီး နောက်ကျနေပြီထင်တယ် ကျွန်တော်ခုပဲ အဝတ်အစားလဲလိုက်တော့မယ်နော် "
"ဟုတ်ပါပြီ ကိုယ် ထမင်းစားခန်းထဲမှာ စောင့်နေမယ် မနက်စာ စားပြီးမှ သွားကြမယ်လေ"
"ဒါမျိုးဆို လာထားဂေပဲ"
ခုန်ပေါက်ပြီး ရေချိုးခန်းထဲ ခရာ အမြန်အပြေးဝင်သွားတော့သည်။
YOU ARE READING
ပန်းခရေကို သက်သေတည် ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)
Short StoryUnicode ပန်းခရေငယ်... ဝေသော်လည်းမွှေး... ကြွေသော်မွှေးပျံ့... ရနံ့စွဲစွာ... ရင်မှာကျန်နေ... မြင်သူ ရူတင့်... မြတ်နိုးလှသူ... နှလုံးသားငယ်... ဤရပ်ဝန်းတွင်... ရောင်ခြည်ဖြာမှ....လန်းစေချင်ဘိ... DuWaLi ZawGyi ပန္းခ...