"ဒီမှာ လူနာရှင်ရဲ့ ယောက်ျားက ဘယ်သူလဲ"
Nurseတစ်ယောက်အသံကြားမှ မိုးမြင့်မောင် အသိဝင်လာလေသည်။
"ကျွန် ကျွန်တော်ပါ ဆရာမ"
"ဟုတ်ကဲ့ ဒါဆို ဒီမှာလက်မှတ်ထိုးပေးပါဦးနော် ကလေးက ကျန်းမာပါတယ်ရှင့် "
"ဒါ ဒါဆို မှုံက မွေးပြီပေါ့နော် ဆရာမ"
"ဟုတ်ကဲ့ ပြီးပြီရှင့် ယောက်ျားလေးပါနော် ဒါပေမဲ့"
ဆရာမလေးက ပြုံး၍ပြောလာသောစကားကြောင့် မိုးမြင့်မောင်တစ်ယောက် လေဟာနယ်ထဲရောက်သွားသည့်နှယ်။
"ဒါပေမဲ့ ကလေးအမေကတော့ သွေးအားနည်းနေတယ်"
"ဒါဆို သွေးလိုနေတယ်မို့လား ကျွန်တော့်ဆီကယူပါ"
ဘေးက အခရာမောင်စကားကြောင့် မျက်နှာညိုးနေရာမှ လန်းလာသူက မိုးမြင့်မောင်ပင်။အခရာမောင် လိုချင်သည်ကလဲ မိုးမြင့်မောင်၏ ရွှင်ပြသော မျက်နှာကလေးကိုပင်။
"ဟို အဲ့လိုမဟုတ်ဘူးရှင့် လူနာကသွေးအားနည်းတယ်ဆိုတာကလေ ဟို ဟို"
အပြောမရဲသော ဆရာမလေးကြောင့် မြေမခစိတ်မရှည့်တော့ပေ။
" တစ်ဆိတ်လောက်ခင်ဗျ သွေးထွက်လွန်နေတာမလား အခြေအနေမကောင်းဘူး စိုးရိမ်ရတယ်လို့ ပြောချင်တာမလား ဆရာမ"
"ဟုတ် ဟုတ်ပါတယ်"
"ဗျာ!!! ဒါဆို ဘာလုပ်သင့်လဲ ဆရာမရယ် ကျွန်တော့်ကိုပြောပါ ကျွန်တော် အားလုံးလုပ်ပေးပါ့မယ်"
"ဒီမှာ ဘာမှလုပ်လို့မရဘူး ဒီအတိုင်းအခြေအနေကို စောင့်ကြည့်ရမှာ တာဝန်ကျဆရာဝန်တွေက အားလုံးလုပ်ပေးလိမ့်မယ်"
သူနဲ့မသိပါပဲ အတင်းကာရော ပြောပြနေသော ကောင်လေးကို ကျွန်တော်စိတ်ခုမိတာကအမှန်။ခရာ့ဘေးမှာ တွေ့လိုက်ရသော သူစိမ်းယောက်ျားလေးဖြစ်၍လည်းထင်သည်။
"မင်းနဲ့ ဘာဆိုင်လို့ ဝင်ပြောနေရတာလဲ မင်းမသိရင်အေးဆေးနေပါ ဒါငါ့မိန်းမကွ"
ဒေါသထွက်နေသော အနှီလူသားကို မထေ့တထေ့ကြည့်ကာ
"အဟက် ခင်ဗျားမိန်းမမှန်း ကျွန်တော်အစတည်းက သိပါတယ်၊ကြော်ညာမနေပါနဲ့ခင်ဗျားမသိသေးရင်လဲ ပြောပြရမှာပေါ့ ကျွန်တော်က ဆရာဝန်ဗျ အထွေထွေကုဆရာဝန် နားလည်လား"
"မင်းလိုကောင်က ဆရာဝန်ဟုတ်လား ဟား ဟား"
ဆေးရုံလာပြီး ရန်စောင်နေကြသော နှစ်ယောက်ကို ခရာကြားထဲကပဲ ဝင်တားလိုက်သည်။တွေ့တာဖြင့် မိနစ်ပိုင်းပဲ ရှိပါသေးသည်ကို ရန်ဖြစ်နေကြသည်မှာ အဘယ်ကြောင့်နည်း။
"တော်ကြပါတော့ မခ အေးအေးဆေးဆေး နေကြရအောင်နော်။ ကိုမိုးမြင့်မောင် မခက အကို့အတွက် အနှောင့်အယှက်ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်ဗျ။သူက တကယ်ဆရာဝန်ပါ အစောကလဲ ဆရာမလေးမပြောရဲတာကိုကြည့်ပြီး သူမနေနိုင်လို့ ဝင်ပြောမိတာပါ ကြားထဲက ကျွန်တော်ကပဲ တောင်းပန်ပါတယ်နော်"
အကိုတဲ့လား ခရာ။ကိုယ့်ကို မင်းက သူ့အစားတောင်းပန်ပေးတာတဲ့လား။နာကျင်ရပါသည်။မြတ်နိုးရသူက အခြားသူအတွက် တောင်းပန်ပေးနေသည်ကို တကယ်မခံစားနိုင်ပါ။ကိုယ်တို့က ဆိုင်လဲမဆိုင်တော့ပဲကိုး။မေ့ပျောက်သွားပြီလို့ကိုယ်ထင်ထားတာ။ကိုယ့်အေတွးေတွက မှားနေခဲ့တာပဲ။ဒါပေမဲ့ ခရာ မင်းပြန်ဝင်လာချိန်ဟာ ကိုယ်တို့အတွက် အချိန်နှောင်းနေခဲ့ပြီလေ။အချိန်တွေကို နောက်ပြန်လှည့်လို့ ရခဲ့ရင်ဖြင့်........
.
.
.
.
.
.
.
.
ခရာ အိမ်ပြန်ရောက်သော်လည်း စိတ်က ဆေးရုံတွင်သာ ကျန်ခဲ့သည်။မှုံ့ကို စိတ်ပူမိသည်။မှုံ့မှာ မောင်နဲ့ရတဲ့ကိုယ်ဝန်ရှိပြီလို့ မှုံပြောပြလာတုန်းကလဲ ဝမ်းသာဝမ်းနည်းမျက်ရည်ကျခဲ့ရသေးသည်။
"ခရာ"
"ပြောပါ မခ"
"ကိုယ်တောင်းပန်တယ်နော် ဆေးရုံကကိစ္စကို"
"မလိုတော့ပါဘူး မခ၊တကယ်ဆို မခလဲမမှားပါဘူး မောင် အဲ ကိုမိုးမြင့်မောင်ကလဲ မှုံ့ကို စိတ်ပူနေတဲ့အချိန်ဆိုတော့ မခကပဲ နားလည်ပေးလိုက်ပါနော်"
"မောင်? ခရာ သူ့ကို မေ့ပစ်လိုက်တော့လေ၊
ကိုယ့်ကိုတစ်ချက်လောက်တော့ ငဲ့ကြည့်ဖို့ကောင်းပါရဲ့ခရာရယ်"
"သူ့ကို မေ့မယ် မမေ့ဘူးဆိုတာ ကျွန်တော့် ဆုံးဖြတ်ချက်ပါ မခ၊ကျွန်တော့်ကို အမိန့်ပေးစရာမလိုပါဘူး"
"အာ ဆောရီး ကိုယ်အမိန့်ပေးသလိုဖြစ်သွားတယ်ပေါ့ အိုကေ အိုကေ ခရာ့ဘက်က မမေ့သေးဘူးဆိုလဲ ရပါတယ် ဒါမဲ့ ကိုယ့်ကိုတော့ ပြန်စဉ်းစားပေးပါလား ခရာ"
"ကျွန်တော်ပြောပြီးခဲ့ပြီလေ မခကို ကျွန်တော် အကိုတစ်ယောက်လိုပဲ ချစ်ခဲ့တာပါလို့ မိတ်ဆွေတစ်ယောက်လို ခင်တွယ်မိခဲ့တာပါ ငယ်ငယ်ကတည်းက ညီအကိုမောင်နှမသံယောဇဉ်တွေ မရခဲ့တဲ့ကျွန်တော်က ကိုမာပြန်ကောင်းလာတော့ မခရဲ့ ဂရုစိုက်မှုတွေကို မက်မောမိတာ အမှန်ပါ၊အချိန်ကြာလာလေ ပိုသေချာလာတာက ကျွန်တော် မခကို အကိုလိုခင်တယ် ဆိုတာပဲ"
"ပြတ်သားလိုက်တာ ခရာရယ် ဒါဆိုကိုယ့်ကို မင်းဆီကထွက်သွားနိုင်ဖို့အတွက် အချိန်တစ်ခုလောက်ပေးပါ၊ခရာ့ဘက်က မိတ်ဆွေလို သဘောထားသလို ကိုယ့်ဘက်ကလဲ မိတ်ဆွေလို သဘောထားနိုင်မယ့် အချိန်ကိုပေါ့"
"ကျွန်တော့်ကို ခုလိုနားလည်ပေးတာ ကျေးဇူးပါ မခ"
မြေမခ ခပ်ရေးရေးအပြုံးကိုသာပြုံးပြလိုက်သည်။ကိုယ့်ကို အကိုလိုပဲ ချစ်ခဲ့တာတဲ့လား ကလေးငယ်........
.
.
.
.
.
.
.
.
ကလေးကို ချီမကာ ချော့မြူနေသော ကိုမိုးကြောင့် မှုံဝမ်းသာရပါသည်။မှုံ ကိုမိုးရဲ့ ကိုယ်ပွားလေးကို မွှေးထုတ်ပေးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ရပါတယ်လေ။
"မှုံ အခရာမောင်လာသွားတယ်"
ကလေးကို ချီရင်းဖြင့် ပြောလာသော ကိုမိုးစကားကို မှုံမအံ့ဩပါ။
"ဟုတ်လား အခုရော ခရာ ဘယ်မှာလဲဟင်"
"မှုံ မအံ့ဩဘူးလား ခရာ အသက်ရှင်နေတာကိုလေ"
"တကယ်တော့ မှုံ မှုံသိနေတာကြာခဲ့ပါပြီ ကိုမိုး"
"ဘာ!ဘယ်လို?"
မိုးမြင့်မောင် အသက်မှန်မှန်ရူသွင်း ရူထုတ်လုပ်လိုက်ကာ
"သိနေတယ်ဆိုတော့ ဘယ်ကတည်းကလဲ"
"ဟို ဟို မှုံကိုယ်ဝန်မရှိသေးခင်ကတည်းပါ"
"ဘာ!!"
ဟိန်းထွက်လာသော အသံကြောင့် မှုံပင် သွေးလန့်မတတ်။ကိုမိုးဒေါသထွက်မယ်မှန်း မှုံကြိုသိထားပါသည်။သို့သော် ခုချိန်က ဖွင့်ပြောဖို့ရန် အကောင်းဆုံးအချိန်လို့ ယူဆထားလို့သာ မှုံ ပြောပြလိုက်ခြင်းဖြစ်သည်။
"ဟုတ်တယ်ကိုမိုး မှုံသိခဲ့တာကြာပါပြီ ခရာက ကိုမာဝင်နေတာတဲ့ သူနဲ့အတူ လူတစိယောက်ပါလာသေးလားကိုမိုး"
မိုးမြင့်မောင် မျက်လုံးထဲမြင်လာသော ခရာ့ဘေးကလူကိုတွေးမိကာ ခေါင်းငြိမ့်ပြလိုက်သည်။
"သူက ခရာ့ကို ကုပေးတဲ့ဆရာဝန်ပဲ နာမည်က မြေမခတဲ့"
မှုံပြောပြတာအမှန်ထင်သည်။ခရာကလည်း မခလို့ ထိုလူအား ခေါ်လိုက်သည်မဟုတ်လား။
"နောက်တစ်ခုက အဲ့ဆရာဝန်က ခရာ့ကို စိတ်ဝင်စားနေတာ ကိုမိုး"
မိုးမြင့်မောင် စကားသံတို့ထွက်မလာတော့ပဲ တိတ်ဆိတ်သွားသည်။ကျွန်တော် ခံစားမိပါသည်။ထိုကောင်လေး၏ မျက်ဝန်းမှ ခရာ့အပေါ်ခံစားချက်တို့အား မြင်နေရသောကြောင့်ဖြစ်သည်။ပြီးတော့ခရာ ခရာက သူ့ရှေ့မှာ ထနုဆရာဝန်အား ကာကွယ်သွားတာလေ။ထိုဆရာဝန်က ခရာ့ကို စိတ်ဝင်စားနေသည်တဲ့။ဒါဆို ခရာ၊ခရာကကော အဲ့ဆရာဝန်ကို သဘောကျနေပြီလား......။စာလုံးရေ 1226
9:53PM
17.8.22
ဆက်လက်ကြိုးစားပါဦးမည်။ကြိုက်နှစ်သက်မည် မျှော်လင့်လျက်။
YOU ARE READING
ပန်းခရေကို သက်သေတည် ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)
Short StoryUnicode ပန်းခရေငယ်... ဝေသော်လည်းမွှေး... ကြွေသော်မွှေးပျံ့... ရနံ့စွဲစွာ... ရင်မှာကျန်နေ... မြင်သူ ရူတင့်... မြတ်နိုးလှသူ... နှလုံးသားငယ်... ဤရပ်ဝန်းတွင်... ရောင်ခြည်ဖြာမှ....လန်းစေချင်ဘိ... DuWaLi ZawGyi ပန္းခ...