ကျွန်တော်တို့ ညစာစားပြီးသည်နှင့်
မနက်လည်ရန်အတွက် နေရာရွေးဖြစ်ကြသည်။
"ဟေ့ကောင် ငထက် ငါတို့ မနက်ကျ ဘယ်ကိုလှိမ့်ရင် ကောင်းမလဲ"
"မိုးမြင့်မေးလေ အဲ့ကောင်က ဒီကို လာချင်နေတာ တစ်ပိုင်းသေနေတော့ သူ့မှာ အစီအစဉ်ရှိမှာပေါ့"
"ဝောာ်စမ်းပါငထက်ရာ မင်းက ဒီမြို့မှာ အိမ်ရှင် ငါတို့က ဧည့်သည် မင်းကောင်းမယ်ထင်တဲ့နေရာသာ အရင်လည်မယ်ကွာ"
ကျွန်တော် ပြောပြီးသည်နှင့် ဖုန်းသာပွတ်နေလိုက်တယ်။ အမှန်တော့ တောင်ငူရဲ့အထင်ကရနေရာတွေကို ကျွန်တော် ရှာနေသည်ဆိုရင်လည်း မမှားချေ။
"ဟုတ်ပြီကွာ မနက်ဖြန် ငါတို့ ဘုရားစုံဖူးကြမယ်ကွာ"
"ဟာ ငထက်ကလည်း ဘုရားကအေးဆေးဖူးလည်း ရပါတယ်ကွာ ငါဘုရားမသွားချင်ဘူး"
ပိုင်ဦးထိုသို့ပြောလေသည်နှင့်မိုးမြင့်မှာ
"ပိုင်ကြီး ဟေ့ကာင် မင်းငါနဲ့မအိပ်နဲ့တော့ မြေမြိုရင် ငါပါ အပါမခံနိုင်ဘူး
ဝေးဝေးနေမင်းငါနဲ့ ဟိုကကုသိုလ်အရေး ဆော်ဪတာကို ပိတ်ပင်နေတယ် ဒေဝဒတ်ကောင်"
"မင်းပြောခါမှ ငါက သာသနာဖျက်ကြီး ကျနေတာပဲ မိုးမြင့်ရာ "
"ကဲ ထားလိုက်တော့ ဘယ်ဘုရားအရင်ဖူးကြမလဲ"
"မြို့ထဲက ဘုရားတွေအရင်ဖူးကြမယ်လေကွာ ရွှေဆံတော်ဘုရား အရင်ဖူးမယ် okiလား နှစ်ကောင်လုံး"
ငထက်အပြောကို ကျန်နှစ်ယောက်မငြင်းမိပေ။ကျွန်တော်ညက ကောင်းကောင်းအိပ်မပျော်ချေ။မြင်မိခဲ့သော ထိုမျက်ဝန်းတစ်စုံ။ ဘာတွေများရှိနေလို့ကျွန်ေတာ့်အတွေးတွေက အဲ့မျက်ဝန်းဆီပဲ ရောက်ရောက်နေသည်ကိုတော့ ကျွန်တော်ကိုယ်တိုင်ပင်မသိ။သိတာတစ်ခုတော့ရှိသည် မပြန်ခင်တော့"မျက်ဝန်း ပုစ္စာ"ကို ကျွန်တော်ရအောင်ဖြေသွားချင်မိတော့သည်။မသိစိတ်ကတော့ ထို"မျက်ဝန်းလေး"အား နောက်တစ်ကြိမ်မြင်ချင်ပါသေးသည်။"ကံမကုန်ရင်တော့ ပြန်ဆုံကြတာပေါ့ မျက်ဝန်းလေးရေ"
ဘုရားသွားမည်ဆိုတော့ သုံးယောက်သား သန့်ပြန့်နေသည်။ ငထက်အဒေါ် အန်တီ တင်တင်သန်းကတော့ ပြုံးပြုံးကြီး ကြည့်ကာနေတော့သည်။
"ငါ့တူတွေက ရန်ကုန်သားလို့ မပြောရဘူး ခန့်လိုက်တာမှ လွန်ရော။ ဟင်း ဟင်း တောင်ငူသူတွေတော့ လည်ပြန်ငေးတော့မယ်ထင်တယ်"
"အာ အန်တီတင်ကတော့ လုပ်ပြီ သားတို့မနေတတ်တော့ဘူးနော်"
ပိုင်ဦးမှာတော့ မျက်နှာက နှလုံးပီတိ ဂွမ်းဆီထိ ဆိုသကဲ့သို့ မြောက်ကြွမြောက်ကြွနှင့်သာ နေတော့သည်။
ကျွန်တော်လည်း ကြည့်မရတော့သည်ကတစ်ကြောင်း ရိုက်ချင်စိတ်ပေါက်လာ၍ဖြစ်မည်က တစ်ကြောင်း နရင်းတစ်ချက်ပိတ်အုပ်ပေးလိုက်ကာမှာ မျက်နှာပိုးသတ်လေသည်။
YOU ARE READING
ပန်းခရေကို သက်သေတည် ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)
Short StoryUnicode ပန်းခရေငယ်... ဝေသော်လည်းမွှေး... ကြွေသော်မွှေးပျံ့... ရနံ့စွဲစွာ... ရင်မှာကျန်နေ... မြင်သူ ရူတင့်... မြတ်နိုးလှသူ... နှလုံးသားငယ်... ဤရပ်ဝန်းတွင်... ရောင်ခြည်ဖြာမှ....လန်းစေချင်ဘိ... DuWaLi ZawGyi ပန္းခ...