ကျွန်တော် နာမည်က မြေမခ။ကျွန်တော့်မိဘတွေက ကျွန်တော်မွေးကတည်းက မြေပေါ်တောင်မချပဲ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ခဲ့ရတာမို့ နာမည်ကိုတောင် မြေမခလို့ ပေးခဲ့တာတဲ့။ရွှေဘုံပေါ်မှာမွေး ရွှေဘုံမှာကြီးခဲ့တဲ့ ကျွန်တော်က မိဘတွေစိတ်တိုင်းကျ ဆရာဝန်ဘွဲ့ကို ရအောင်ယူပြီး ဆရာဝန်လုပ်နေတယ်ပေါ့ဗျာ။ဝါသနာလည်း ပါတော့ ကျွန်တော်ကြိုးစားခဲ့တာလည်းပါတယ်။ကြိုးစားတဲ့ကျွန်တော့်ကို ဆေးရုံအုပ်ကြီး ယုံကြည်တယ်ဆိုတာ မဆန်းတော့ပါဘူး။အချိန်တိုင်း စာပဲကြိုးစားခဲ့တဲ့ ကျွန်တော်က အချစ်ရေးဘက်မှာ အားနည်းခဲ့တာတော့အမှန်။ခုချိန်ထိ ချစ်သူမထားသေးတာက ကျွန်တော် ချစ်ရတဲ့လူ မပေါ်သေးလို့ဆိုတာပဲ ပြောနိုင်မယ်ထင်တယ်။
"မခ မင်းကို အုပ်ကြီး ဘာခေါ်လုပ်တာလဲ"
"ထွေထွေထူးထူး မဟုတ်ပါဘူးကွာ ဒီတိုင်း လူနာအပ်တာပါ"
"ဪ ဒါဆို ငါထမင်းသွားစားေတာ့မို့ မင်းလိုက်ခဲ့မလား တစ်ခါတည်း"
"ငါမလိုက်သေးဘူး သူရ မင်းပဲ သွားစားနှင့်"
"ဒါဆိုသွားပြီ"
"အွန်း"
မြေမခ လုပ်လက်စ ဆေးပစ္စည်းတွေကို စစ်ရမှာမို့ သူရသတ္တိ ထမင်းစားခေါ်တာကို မလိုက်ခြင်းဖြစ်သည်။သူရသတ္တိသည် မြေမခ၏ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းအရင်းကြီးများ ဖြစ်ကြသည်။အဆင့်အတန်းအရရော မိဘတွေကပါ ခင်မင်သည်မို့ ငယ်ကတည်းကခင်ကြသည်သာဖြစ်သည်။သူရသတ္တိသည် နာမည်နဲ့မလိုက်အောင် ကြောက်တတ်သည်။တစ်ခါတစ်ရံ မြေမခပင် ကြောက်တတ်တဲ့ သူရသတ္တိက ဆရာဝန်ဖြစ်လာခြင်းကို အံ့အားသင့်နေရ၏။သို့သော်အချိန်ကြာလာတာနှင့်အမျှ သူရသတ္တိက ငယ်ငယ်ကလို မကြောက်တတ်တော့ပေ။ကျွန်တော်၏ အကျင့်ဆိုးများကို သည်းခံနိုင်သည်ကိုလည်း ကျွန်တော့်မှာ ကျေးဇူးတင်ရပြန်သည်။မဟုတ်လျှင် ကျွန်တော့်မှာ ပေါင်းစရာ သူငယ်ချင်း ရှိမည်မဟုတ်ပေ။ဒီနေ့ ကျွန်တော် ဆေးရုံအုပ်ကြီး အပ်သော လူနာကို သွားကြည့်ရမည့်နေ့ဖြစ်သည်။ထို့ကြောင့် အိမ်မှ နည်းနည်းစောစောထွက်လာခဲ့ရသည်။ဂျူတီချိန်မဟုတ်ပေမဲ့လည်း ဆေးရုံအုပ်ကြီး၏ အရေးကြီးသော လူနာဆိုသောကြောင့်
လာရခြင်းဖြစ်လေသည်။ဆေးရုံရောက်တော့ VIP အခန်းထဲသို့ ဆေးရုံအုပ်နဲ့အတူ ဝင်သွားရသည်။
ကျွန်တော်၏လူနာဖြစ်လာမည့်လူမှာ
ကုတင်ပေါ်တွင် ပတ်တီးတွေများပြားစွာဖြင့် ခန္ဓာကိုယ်အား စည်းနှောင်ထားသလို နှာခေါင်းတွင်လည်း အောက်ဆီဂျင်ပိုက်ဖြင့် အသက်ဆက်နေရသည်။
"မောင်မြေမခ ဒါ မင်းကြည့်ရမဲ့ လူနာပဲကွယ်"
"ဟို ကျွန်တော်က ခွဲခန်းထဲဝင်ရမဲ့ လူနာကို ကြည့်ရမယ်ထင်ထားတာ ခုက....."
မြေမခ အံ့ဩဟန်ဖြင့်ပြောလာသောကြောင့် ဆေးရုံအုပ်က ရှင်းပြနေရသည်။
"အင်း ဟုတ်တယ်ကွယ့် ဒီလူနာကို ဆရာကိုယ်တိုင် ခွဲစိပ်ပေးထားတာ အခြေအနေကတော့ မင်းမြင်တဲ့အတိုင်းပဲကွာ ရှေ့ဆက်ပြီးတော့ မင်းကို အားကိုးပါရစေ။သူ့ကို စောင့်ကြည့်ပေးရုံပါပဲကွယ်။သူက ကိုမာ ဝင်နေတယ်ဆိုတော့ မင်းပဲ အနီးကပ် စောင့်ရှောက်ပေးပါ ငါ့တူရယ်"
"ဪ ဟုတ် ဟုတ်ကဲ့ ကျွန်တော် အတတ်နိုင်ဆုံး စောင့်ရှောက်ပေးပါ့မယ် ဆရာ"
"ဒါဆို ဆရာသွားမယ်"။
မြေမခ ခေါင်းလေးငုံ့ကာ နေရာမှဖယ်တော့ ဆေးရုံအုပ်က တန်းထွက်သွားလေသည်။မြေမခ လူနာအား အနီးကပ်ကြည့်ကာ သက်ပြင်းသာ ချလိုက်သည်။
"မင်းက ငါကြည့်ရမဲ့ လူနာပေါ့၊ကိုမာဝင်နေတာတဲ့လား"
မြေမခ လူနာ၏မျက်နှာအား စေ့စေ့စပ်စပ်လိုက်ကြည့်မိနေသည်။မျက်နှာကို စေ့စေ့ကြည့်ရင်း သူ့နှလုံးသားတစ်နေရာမှ နွေးထွေးစွာ တလှပ်လှပ် ခုန်လာတော့သည်။
"ဟူး...ငါဘာဖြစ်သွားတာလဲ..."
မြေမခ ခေါင်းရမ်းခါကာ အခန်းထဲမှ ထွက်ခဲ့တော့သည်။
.
.
.
.
.
.
.
.
.
မိုးမြင့်မောင်၏စိတ်သည် လအနည်းငယ်ကြာမှ ပုံမှန်အခြေအနေသို့ ပြန်ရောက်ခဲ့သည်။မှုံနံ့သာ၏ ကျေးဇူးကြောင့်ဆိုလျှင်လဲ မမှားပေ။မိုးမြင့်မောင်သည် ရန်ကုန်မှ တောင်ငူသို့ လတိုင်း လာမြဲလာလေသည်။အခရာမောင်နေခဲ့သော အိမ်လေးကို ဝယ်ကာ အိမ်ကို အနည်းငယ်သာပြင်၍ ခြံထဲကိုတော့ အခရာမောင် ရှိစဉ်က အတိုင်းပင် မပြောင်းမလဲ နဂိုအခြေအနေတိုင်းသာ ထားရှိစေသည်။ပြောင်းလဲလာသည်ကတော့ခြံထဲတွင် ခရေပင်များတိုးလာပြီး ခရေရနံ့များ သင်းလာခြင်းသာဖြစ်သည်။ဒီလတွင် မိုးမြင့်မောင် တောင်ငူသို့ လာလည်ဖြစ်သည်။အဖော်အဖြစ် ပိုင်ဦးသာ ပါလာလေသည်။ငထက်ကိုတော့ မေးလည်း မမေးသလို ခွင့်လွှတ်တယ်ဟုသာ မှုံ့အား ပြောထားသည်။
"ကိုမိုး ဒီတစ်ခါလာတာ အနေကြာမယ်မလားဟင်"
"အင်း နည်းနည်းကြာမယ် မှုံ ဘာလို့လဲ"
"ဪ မဟုတ်ပါဘူး ဒီတိုင်းမေးကြည့်ရုံပါ"
"ဟုတ်ကဲ့"
"ဒါနဲ့ မနက်ဖြန် ခရာဆီသွားမှာမလားဟင်"
မှုံ လေသံလျော့လျော့ကလေးနဲ့ ပြောလာလေသည်။
"အွန်း အကို သွားမယ် မှုံလည်း လိုက်မယ်မဟုတ်လား "
"လိုက်ရမှာပေါ့ ကိုမိုးရယ်"
နှစ်ယောက်သားကြား တော်တော်ကြာသည်ထိ ပြောစရာစကားရှာမတွေ့။အတွေးကိုယ်စီဖြင့်သာ အိမ်ပြင်သို့ ငေးမောနေကြသည်။တစ်ယောက်၏အတွေးကို တစ်ယောက်က ဖတ်ကြည့်ဖို့ကြိုးစားနေသော်လည်း မရ။မှုံသည် မိုးမြင့်မောင်အားကြည့်ကာ သက်ပြင်းတိုးတိုးလေးသာချနိုင်လေသည်။
"ကိုမိုး မှုံ့ကို မြင်ရင် ကောင်းမှာပဲ ကိုမိုးရယ် ပြန်မလာတော့မဲ့လူကို မျှော်နေမဲ့အစား အနီးမှာ ရှိတဲ့လူကိုလည်း ပြန်ငဲ့ကြည့်ဖို့ ကောင်းပါရဲ့"
မှုံစိတ်ထဲမှသာ ပြောရဲသည်။တိတ်ဆိတ်နေသော လေထုအား မှုံ ဖြိုခွင်းဖို့ရန် စကားစရှာရတော့သည်။ဒီလိုအခြေအနေကို မှုံ မနှစ်မြို့ပေ။
"ဪ ဒါနဲ့ ကိုမိုး၊ ကိုပိုင် ဘယ်သွားလဲ မမြင်ပါလား"
"သူမြို့ထဲ သွားမယ် ပြောသွားတယ်
ခုတလော သူလဲ ခြေတွေမငြိမ်ဘူး။ဒီကောင် ရည်းစားတွေများ ရနေပြီလားပဲ"
"ဟုတ်လား ကိုပိုင်ကလည်း ခြေသွက်လက်သွက်ရှိလိုက်တာ"
"သူ့အကြောင်းလဲ မှုံသိနေရဲ့သားနဲ့ သူဘယ်တုန်းကများ ခြေနှေးလက်နှေးရှိလို့လဲ"
"အဟီး ဟုတ်သားနော်"
မှုံ ခေါင်းလေးငုံ့ပြီး လျှာလေးထုတ်ကာပြလေသည်။ထိုအချိန်အိမ်ထဲသို့ ပိုင်ဦးဝင်လာလေသည်။
"အမယ် နှစ်ကောင်သား ငါ့အကြောင်း ဘာတွေ အတင်းတုပ်နေကြတာလဲ ဟမ်"
"ဘာမှ မတုပ်ရသေးပါဘူးနော် ကိုပိုင်ကလဲ"
မှုံမျက်စောင်း အစစ်ပေးကာ ထိုးတော့ ပိုင်ဦးမှာ အထွန့်မတတ်ရဲ။
"မင်းခုတလော မြို့ထဲအသွားများနေလို့ ရည်းစားများ ရနေပြီလားလို့ ပြောရနေကြတာပါဟ"
ပိုင်ဦးမှာ ထိုစကားကြားသည်နှင့် ရှူးရှူးရှဲရှဲဖြစ်သွားပြီး မိုးမြင်မောင်နားထိုင်ကာ နရင်းတစ်ချက်အုပ်လိုက်တော့သည်။
"ပေါက်ပေါက်ရှာရှာ ရည်းစားရစရာလားဟ ချစ်သူရနေတာ ချစ်သူ ချစ်သူ ဟီး...ဟီး"
"အဲ့တာကို မင်းကြီးတော်ကြီး ဖြစ်နေလို့ ငါ့ကို နရင်းအုပ်ရလား သူတောင်းစားရဲ့"
ပြောပြောဆိုဆို မိုးမြင့်မောင် ပိုင်ဦးအား လှမ်းရိုက်ရန်ထလေတော့ ပိုင်ဦး
မှာ ထပြေးလေတော့သည်။ဘေးကမှုံကတော့ ပွဲကြည့်ပရိတ်သတ်သာ။
"ကောင်းတယ် ကောင်းတယ် ကိုမိုး ကိုပိုင့်ကို နာနာသာရိုက်နော်"
မှုံအော်ကာပြောလည်း ကြားမည်မဟုတ်။ပိုင်ဦးမှာ လေအဟုန်အဖြင့် ခြံထဲသို့ပြေးသွားသည်ကို မိုးမြင့်မောင် လိုက်ဖမ်းနေသောကြောင့်ဖြစ်သည်။
မှုံပြုံးပြီး ကြည့်ကာ
"ကိုမိုး ခရာ့ကိုမေ့ပြီး မှုံဆိုတဲ့ ကောင်မလေးကို လှည့်ကြည့်ရင်ကောင်းမှာပဲ.....တစ်ချက်လောက်ဖြစ်ဖြစ် လှည့်ကြည့်ပါဦးလားကွယ်"စာလုံးရေ 1270
10:25PM
2.8.2022
အပိုင်း(13)မျှော်
အမှားပါရင် ခွင့်လွှတ်ပါဗျ။ကြိုက်နှစ်သက်မည်ဟုမျှော်လင့်လျက်။ဆက်လက်ကြိုးစားပါဦးမည်။
စာပိုဒ်တိုရင်လည်း ပြောကြပါနော်😁
YOU ARE READING
ပန်းခရေကို သက်သေတည် ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)
Short StoryUnicode ပန်းခရေငယ်... ဝေသော်လည်းမွှေး... ကြွေသော်မွှေးပျံ့... ရနံ့စွဲစွာ... ရင်မှာကျန်နေ... မြင်သူ ရူတင့်... မြတ်နိုးလှသူ... နှလုံးသားငယ်... ဤရပ်ဝန်းတွင်... ရောင်ခြည်ဖြာမှ....လန်းစေချင်ဘိ... DuWaLi ZawGyi ပန္းခ...