Part.1

1.4K 84 0
                                    

Unicode

မနက်ထရမဲ့အချိန်ရောက်တာနဲ့အော်မြည်လာတဲ့
နှိုးစက်ကြောင့် အိပ်ယာပေါ်ကမိန်းမငယ်ဟာ
နိုးလာခဲ့ပြီးးသက်ပျင်းတစ်ချက်ချလိုက်မိသည်။
သူများတွေသာကြားရင်မနက်စောစောစီးစီး
သက်ပျင်းချတာမကောင်းဘူးဟုဆုံးမကြမှာ‌
မှန်ပေမဲ့ခွန်းရွှေကြာအတွက်တော့ဆုံးမမဲ့သူမရှိ..
မွေ့ယာပေါ်ကနေဆင်းလိုက်ပြီးးရေချိုးခန်းထဲ
ဝင်ကာရေချိုးနေလိုက်သည်‌။ခဏလောက်
ရေချိုးပြီးတော့အဝတ်အစားလဲကာအောက်ထပ်
ကိုဆင်းလာခဲ့လိုက်တော့မနက်စာစားဖို့သူမရဲ့
အမကပြင်ဆင်နေလေသည်။

"ထိုင်ရွှေကြာ..မင်းအမ..မနက်စာပြင်နေတယ်"

"ဟုတ်ကဲ့ခဲအို"

ခွန်းရွှေကြာတို့မှာညီအမနှစ်ယောက်သာရှိပြီးး
အမဖြစ်သူကြွေရွက်ဝါက
အိမ်ထောင်ကျနေလေပြီပျော်ပျော်ရွှင်ရွှင်
ဖြစ်နေတဲ့သူမရဲ့အမကြောင့်ရွှေကြာ
စိတ်ချမ်းသာရသည်သူ့အိမ်ထောင်လေးနဲ့သူ
အေးချမ်းနေတဲ့အမကိုကြည့်ပြီးးသူမ..နာကျင်
နေရတဲ့ဒဏ်ရာတွေတောင်သက်သာသွားသလို
ပေ..‌ခံစားချက်မဲ့နေတဲ့မျက်နှာနဲ့ထိုင်နေမိပြီးး
စိတ်နဲ့ကိုယ်နဲ့လဲမကပ်ပေ..ခဏကြာတော့
သူမ..အမမီးဖိုချောင်ထဲကထွက်လာတာကြောင့်
မျက်နှာကိုအမြန်ပြင်လိုက်ရသည်ရွှေကြာ
မျက်နှာပျက်နေရင်စိတ်ပူစွာမေးအုံးမည့်အမ
ဖြစ်သူကြောင့်ပေ။ဘာမှမဟုတ်တာနဲ့ရွက်ဝါကို
စိတ်မပူစေချင်ပါ..?.

"ညီမလေးး..ဒီနေ့အလုပ်စလုပ်ရမှာမလား
ဒီလိုလေးကြတော့လဲအရမ်းကြည့်ကောင်းတာပဲ"

"နင့်ကျန်းမာရေးအခြေအနေရောဘယ်လိုလဲ"

"ဘာမှမဖြစ်ပါဘူးးစိတ်ချမ်းသာနေလို့မသိဘူး
မောတယ်ဆိုတာကိုတောင်မမှတ်မိတော့ဘူး"

ရှက်ပြုံးလေးပြုံးကခဲအိုဘက်ကိုကြည့်ပြီးပြော
နေတဲ့အမဖြစ်သူကြောင့်ရွှေကြာစိတ်အေးသွား
ရသည်ရောဂါအခြေအနေကောင်းနေတာမို့
စိတ်အေးနိုင်တာပင်။နှလုံးရောဂါကအရင်တုန်း
ကအရမ်းဆိုးခဲ့ပေမဲ့ခဲအိုနဲ့လက်ထပ်ပြီးးတော့
ခဲအိုရဲ့ဂရုစိုက်မူတွေကြားမှာစိတ်ချမ်းသာနေခဲ့
သည်ထင်ပါ့...ရွှေကြာဘာမှမပြောတော့ပဲ
မနက်စာသာစားနေလိုက်သည်

လျှို့ဝှက်ကကြိုးWhere stories live. Discover now