Unicode
မနက်လင်းတော့ထိုးကိုက်လာတဲ့ခေါင်းကြောင့်
တစ်ချက်ထုလိုက်ပြီးဘေးကိုကြည့်တော့နှောင်း
ကမရှိပေ။-ဘာလဲမနေ့မနက်ထဲကနေအခုထိပြန်မလာဘူး လားဘယ်မှာအိပ်နေတာလဲ-
"ဒုန်း!!"
ချက်ချင်းကုတင်ပေါ်ကပြေးဆင်းလိုက်ကာ
တံခါးဖွင့်ကြည့်တော့အပြင်ဘက်ကခုံပေါ်မှာအိပ်
နေတဲ့နှောင်း။-တစ်ညလုံးဒီတိုင်းအိပ်နေတာလားဒီလောက်အေး
နေတာကိုသေချင်လို့အထဲမဝင်တာလား-"ဒီမှာ..ဒီမှာCEO!!...ကြားလား..အာ့"
အိပ်နေတဲ့နှောင်းနားသွားကာအော်နှိုးမိတော့
မထသေးတာကြောင့်ထပ်အော်မလို့လုပ်တုန်း
ခွန်းလက်ကိုဆွဲချလိုက်ပြီးဖက်ထားတာကြောင့်
နှောင်းကိုယ်တွေပူနေတာကိုသတိထားမိသွားရ
သည်။ကိုယ်တွေပူခြစ်နေတာကြောင့်အခန်းထဲကို
ခေါ်ဖို့ထတော့"မသွားပါနဲ့"
"ဟင်"
"မ..မသွားပါနဲ့"
အဖျားရှိန်တက်ပြီးညီးသံလေးတွေထွက်လာလေ
တော့ခွန်းစိတ်မကောင်းပေ။ဘာလုပ်ရမလဲမသိ
တာကြောင့်နှောင်းကိုယ်ကိုတွဲကာအခန်းထဲခေါ်
လာခဲ့လိုက်တော့သည်။ကိုယ်တိုင်လဲဖျားရင်
အရေးတယူလုပ်ပြီးဆေးထိုးတာဆေးသောက်
တာတွေမလုပ်ခဲ့ဘူးတော့အခုနှောင်းကိုလဲဘာ
လုပ်ပေးရမလဲမသိပေ။"ချမ်းတယ်"
"ဟမ်ချမ်းပြန်ပြီလား"
အပေါ်ကနေစောင်ခြုံပေးထားတာတောင်ချမ်း
တယ်လို့ညီးတွားနေတဲ့နှောင်းကြောင့်ခွန်းကိုယ်
တိုင်ပါအိပ်ရာပေါ်ဝင်ကာအိပ်ပေးလိုက်တော့
တင်းကျပ်နေအောင်ဖက်ထားတာကြောင့်ချွေး
လေးတွေစို့လာရတော့သည်။"အင်း!!!ဟင်း!!ခွန်း"
"ဘာ..ဘာလဲနိုးပြီလားနိုးရင်လဲထ"
"မထချင်ဘူး"
"ကြောင်တောင်တောင်တွေမလုပ်နဲ့နော်"
"နေမကောင်းဖြစ်နေလို့ပါခေါင်းတွေလဲအောင့်
တယ်ဗိုက်တွေလဲမူးနေတာပဲ"
YOU ARE READING
လျှို့ဝှက်ကကြိုး
Romanceမင်းရဲ့အေးစက်နေတဲ့နှလုံးသားကိုငါ့အချစ်တွေနဲ့ နွေးထွေးပေးပါရစေ -နှောင်းခါတော်မီ- ဘာအနှောင်အဖွဲ့မှမကြိုက်တာမလို့ကျွန်မဘဝထဲကို လာမရှုပ်ပါနဲ့CEOရဲ့ညီမ -ခွန်းရွှေကြာ