Part.8

650 62 2
                                    

Unicode

မနက်နိုးလာတော့ဆက်လုပ်ရအုံးမဲ့မတရားမူတွေ
ကိုတွေးပြီးသက်ပျင်းသာချလိုက်တော့သည်။
ဆေးရုံမှာCEOအခြေအနေကိုသွားကြည့်ချင်သေး
တာမို့ပြင်ဆင်ပြီးတော့အောက်ထပ်ကိုသာဆင်း
လာလိုက်သည်။

"ရွှေကြာလာလေ..ဘယ်သွားမလို့လဲပြင်လို့
ဆင်လို့..မင်းအစ်မ..မနက်စာပြင်နေတယ်"

"အပြင်သွားစရာရှိလို့ပါခဲအို"

"ဘယ်သွားမလို့လဲ!"

"ခဲအိုနဲ့မဆိုင်ပါဘူး!!"

အကြည့်ချင်းစစ်ခင်းနေကြတုန်းမီးဖိုချောင်ထဲက
ထွက်လာတဲ့အစ်မကြောင့်ရွှေကြာ့ဘက်ကအရင်
အကြည့်လွှဲလိုက်သည်။

"ညီမလေးအပြင်သွားမလို့လား"

"ဟုတ်တယ်"

"မနက်စာစားသွားလေ"

"မစားတော့ဘူးနင်တို့သာစားကြငါစားဝင်မှာ
မဟုတ်ဘူး"

ထိုသို့ပြောလိုက်ပြီးမှရွက်ဝါကကြောင်တောင်
တောင်လေးပြန်ကြည့်တာကြောင့်စကားအမြန်
ပြင်ရတော့သည်။

"ငါရင်ပြည့်နေလို့"

"ကြွေရယ်..ရွှေကြာမစားချင်လို့နေမှာပါအတင်း
ကျွေးမနေနဲ့လေ..ကဲရွှေကြာအပြင်ရောက်ရင်
စားချင်တာစားရအောင်မုန့်ဖိုးယူသွားလေ"

"ဟက်..မယူတော့ပါဘူးကျွန်မမှာလဲရှိပါတယ်
ခဲအို..သွားခွင့်ပြုပါအုံး"

ရွှေကြာအဲ့လူရဲ့အပေါ်ယံရွံစရာကောင်းတဲ့အပြု
အမူတွေကိုမကြည့်ချင်တော့တာကြောင့်အိမ်ထဲ
ကထွက်လာလိုက်တော့သည်။

"ကို..ညီမလေးကမနေ့ညကအကြောင်းကို
စိတ်ဆိုးနေတုန်းမို့နေမှာပါအပြစ်မမြင်ပါနဲ့နော်"

"ရပါတယ်ကြွေရာရွှေကြာကလဲကိုယ့်ညီမလေး
လေးလိုပါပဲ..မနေ့ညကလဲကိုယ်ကလွန်သွား
တာကိုကြွေ့ကိုအဲ့လိုမလုပ်ခဲ့သင့်ဘူးလေ..
ကဲပါ....စားရအောင်"

"အင်းပါ"

ရွက်ဝါကဘာမှမသိတော့ရွှေကြာထိုသို့ပြော
သွားသည်ကိုရေပြင်လှိုင်းအားတောင်းပန်နေလေ
သည်။ရေပြင်လှိုင်းကတော့ရွှေကြာသူ့ကိုဘာလို့
စကားအကောင်းမပြောသွားလဲသိတာကြောင့်
မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။

လျှို့ဝှက်ကကြိုးWhere stories live. Discover now