Part.2

888 73 10
                                    

Unicode

ပထမဦးဆုံးအလုပ်စလုပ်တဲ့ရက်မို့အခက်အခဲ
နည်းနည်းရှိပေမဲ့အဆင်ပြေလေသည်။အလုပ်
ဆင်းချိန်ရောက်လို့ရွှေကြာပြန်မလို့လုပ်တုန်းး
Massageတစ်ခုဝင်လာ‌တာကြောင့်အငှားကား
နဲ့ထိုနေရာသို့ထွက်လာလိုက်သည်

-ဟူးးဒီနေ့လဲအိမ်ပြန်နောက်ကျအုံးမယ်-

ခဏလောက်ကြာတော့ဂိုထောင်ရှေ့ရောက်လာ
တာမို့အငှားကားကိုပိုက်ဆံပေးလိုက်ကာ
ဂိုထောင်ထဲဝင်သွားလိုက်တော့ဟိုလူကရောက်‌
နေလေပြီ

"အခြေအနေဘယ်လိုလဲ.."

"အဆင်ပြေပါတယ်..ကျွန်မကိုအချိန်နည်းနည်း
ပေးလို့ရမလား"

"ဟက်..အချိန်ဆွဲနေတာကငါ့အတွက်ရော
မင်းအတွက်ပါမကောင်းဘူးးနော်မြန်မြန်လုပ်
လိုက်တော့ကြားလား"

"အချိန်နည်းနည်းပဲတောင်းတာပါကျွန်မအတွက်
ခက်ခဲတယ်"

"မလိုချင်ဘူးခွန်ရွှေကြာနောက်ကျမှငါ့အဆိုးး
မဆိုနဲ့!!"

ရွှေကြာအံတင်းတင်းကြိတ်လိုက်မိပြီးးထွက်သွား
တဲ့ကျောပြင်အားးခပ်စူးစူးစိုက်ကြည့်နေမိသည်
သူမပြိုလဲသွားလို့မ‌ဖြစ်ဘူးးအရမ်းနာကျင်နေရ
ရင်တောင်သူမအရှုံးပေးလို့မဖြစ်ဘူးး.

----------------------------------------------------------------------
သူမဂိုထောင်ကနေပြန်လာကတည်းကအသက်မရှိတော့သလိုလှုပ်စိလှုပ်စိနဲ့လမ်းလျှောက်နေမိ
သည်‌စိတ်နဲ့ကိုယ်နဲ့မကပ်တော့တာကြောင့်လူတွေ
နဲ့လဲတိုက်မိကုန်ကြသေးသည်။ဆဲဆိုသွားတဲ့သူ
တွေရဲ့စကားတွေကိုလဲမကြားနိုင်တော့ပါ
အရမ်းးနာကျင်နေပေမဲ့မျက်ရည်တွေအဖြစ်
ထွက်ပေါက်မပေးနိုင်ပါမျက်ရည်မကျနိုင်လောက်အောင်ဒဏ်ရာတွေကပြင်းထန်လွန်း
တာကြောင့်....။ထိုအတိုင်းသာပလက်ဖောင်း
ပေါ်တွင်လမ်းလျှောက်ကာခြေဦးတည့်ရာသွားနေခဲ့သည်

"အဖော်မရှိဘူးလားးညီမလေး"

"ကိုကြီးတို့နဲ့လိုက်ခဲ့လေပျော်စေရမယ်"

"ငါဖာသည်..မဟုတ်ဘူးး!!"

လူယုတ်မာတွေနဲ့သာကြုံတွေ့ခဲ့ရတဲ့သူမဟာ
အခုလဲလူယုတ်မာတွေနဲ့သာထပ်မှန်ဆုံတွေ့
ခဲ့ရသည်။သူမကံကအဲ့လောက်တောင်ဆိုးမှဖြစ်မှာလားး

လျှို့ဝှက်ကကြိုးWhere stories live. Discover now