Unicode
ရင်ခွင်ထဲကခွန်းကိုနစ်ဝင်မတက်ခပ်တင်းတင်း
လေးဖက်ကာမျက်စိတစ်စုံကိုမှိတ်ပြီးသေဖို့
အသင့်ပေ...တစ်ခုပဲခွန်း..မင်းကတော့အသက်ရှင်
နေရမယ်ကျိန်းသေပေါက်နှောင်းသေသွားရင်
တောင်မင်းကတော့အသက်ရှင်ရမယ်။ရေပြင်လှိုင်းအရှေ့ကနှစ်ယောက်ကိုကြည့်ပြီး
တစ်ချက်ပြုံးလိုက်ကာသေနတ်ကိုသေချာချိန်
ထားလိုက်ပြီးပစ်လိုက်တော့သည်။"ဒိုင်း!..ဒိုင်း!!"
"အာ့"
ထင်ထားသလိုနာကျင်မူမရလိုက်တာကြောင့်
အရှေ့ကိုကြည့်တော့ရေပြင်လှိုင်းကလဲကျနေ
လေသည်....ဖြစ်သွားတာတွေကိုနားမလည်စွာ
ဂိုထောင်ဝကိုကြည့်လိုက်တော့....."အား!!!!...ဘယ်သူလဲ!!"
"........"
"ဘယ်သူငါ့ကိုပစ်ရဲတာလဲ!!...အား!!"
"ကြွေပါ..ကို"
တစ်ကယ်ပဲရွက်ဝါဖြစ်နေခဲ့သည်။တစ်ဖြည်း
ဖြည်းနှောင်းတို့နားကိုလျှောက်လာနေပေမဲ့
မျက်ဝန်းအိမ်ထဲကနေမျက်ရည်များကအတား
အဆီးမဲ့စွာကျနေခဲ့ပြီးသေနတ်ကိုင်ထားတဲ့လက်
များကတုန်တုန်ရီရီ။"ကြွေရွက်ဝါ!!"
"ဟင့်...အမြဲလိမ်နေခဲ့တာပေါ့..အတုယောင်
အချစ်တွေကိုပေးပြီးလှည့်စားနေခဲ့တာ""အာ့..ပေးစမ်းသေနတ်..ကြွေကိုယ်ပြောတာကို
နားထောင်!!""လိမ်နေတာ!!!..ထပ်ပြီးလိမ်အုံးမလို့လား..ဟင်!!
ထပ်ပြီးတော့လှည့်စားမလို့လား..အမြဲညာနေခဲ့
ပြီးပြီလေ!!!..မကျေနပ်သေးဘူးလား"အမြဲတမ်းယုံကြည်ခဲ့တဲ့သူမမျက်စိထဲမှာအမြဲ
ကြင်နာတက်တဲ့သူလို့ထင်ခဲ့တဲ့သူမအရမ်းချစ်တဲ့
အမျိုးသားကိုတိတ်တဆိတ်ရပ်ကြည့်နေမိပါ
သည်..."ကြွေ...စိတ်အေးအေးထားနော်..ကိုယ်ပြောတာ
နားထောင်ပါအုံး..ကိုယ်မင်းကိုအရမ်းချစ်တာ
သိတယ်မလား..အရမ်းချစ်တာလေ"ရေပြင်လှိုင်းကရွက်ဝါကိုစိတ်ငြိမ်အောင်ပြော
သလိုလိုနဲ့အနောက်မှာကျနေတဲ့သေနတ်ကိုလက်
နဲ့လှမ်းယူနေတာမို့တုန်တုန်ရီရီနဲ့ထပ်ပြီးဗိုက်
နေရာကိုပစ်လိုက်တော့သည်။
YOU ARE READING
လျှို့ဝှက်ကကြိုး
Romanceမင်းရဲ့အေးစက်နေတဲ့နှလုံးသားကိုငါ့အချစ်တွေနဲ့ နွေးထွေးပေးပါရစေ -နှောင်းခါတော်မီ- ဘာအနှောင်အဖွဲ့မှမကြိုက်တာမလို့ကျွန်မဘဝထဲကို လာမရှုပ်ပါနဲ့CEOရဲ့ညီမ -ခွန်းရွှေကြာ