Part.15

674 59 2
                                    

ညနေရောက်တော့နှောင်းတို့ရဲ့အခန်းရှေ့ဝရံတာ
လေးမှာ..၄ယောက်သားထိုင်နေကြပြီးအစား
‌အသောက်တွေနဲ့ဝိုင်ပုလင်းအချို့ကလဲနေရာယူ
ထားသေးသည်။မိုးညကစားစရာများကိုကြည့်
ပြီးသရေကျနေကာရွက်ဝါကတော့သူ့ညီမရဲ့
မျက်နှာကိုအကဲခက်နေလေသည်။ကျန်တဲ့
နှစ်ယောက်ကလဲဘာစကားမှမပြောပဲမျက်နှာ
သေတွေနဲနှောင်းကပင်လယ်ကိုအကြောင်းမရှိ
အကြောင်းရှာကြည့်‌နေသလိုခွန်းကလဲဘာမှ
ထူးဆန်းမူမရှိတဲ့ဝိုင်ပုလင်းတွေကိုမျက်တောင်
တစ်ချက်မခတ်ပဲကြည့်နေလေသည်။

"ကဲကဲ..စားကြမယ်လေ..ချောင်းသာရောက်တုန်း
လေးပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေကို
အဝစားထားကြမယ်ဟေ့"

‌မိုးညကပျော်ချော်ချော်နဲ့စကားစလိုက်ပေမဲ့
ဟိုနှစ်ယောက်ကနည်းနည်းမှမလှုပ်ပေ။

"မမ"

"ဟင်"

"သူတို့နှစ်ယောက်ထိုင်ရက်ကြီးအသက်ထွက်
သွားတာတော့မဟုတ်ဘူးမလား"

"မိုးညရယ်..ဟဟ..အရေးထဲမှာနောက်မနေနဲ့"

"ဟီး..ခါတော်မီ!!!..ခါတော်မီလို့!!"

"ဟင်..ဘာ..ဘာလဲ"

"စားကြမယ်လေ"

"အင်းစားမယ်လေ"

နှောင်းတို့စကားပြောသံတွေကြားမှခွန်းလဲအသိ
ပြန်ဝင်ကာဝိုင်ကိုဖန်ခွက်လှလှလေးတဲ့ထည့်ပြီး
စသောက်လေတော့သည်။

"ညီမလေး..ဝိုင်ကိုအရင်သောက်တာလား"

"အင်း"

"ဟုတ်ပါပြီ..အရမ်းမသောက်နဲ့နော်မနက်ဖြန်ကျ
ရင်..‌လျှောက်လည်ကြအုံးမှာခေါင်းကိုက်နေလိမ့်
မယ်"

"အင်း"

နှောင်းနဲ့မိုးညကတော့ညီမနှစ်ယောက်ရဲ့စကား
ဝိုင်းကိုဝင်မပါကြပဲဒီအတိုင်းသာနားထောင်နေ
ကြတာပင်။ဝိုင်တစ်ခွက်ကုန်တော့နောက်တစ်
ခွက်ထပ်သောက်ပြန်တာကြောင့်ကျန်တဲ့သူတွေ
မှာလဲနားမလည်ကြပေ။

"မ‌ခွန်းရွှေကြာကသောက်နိုင်တယ်နော်"

"ရွှေကြာ"

"ဟမ်!!"

"ရွှေကြာလို့ပဲခေါ်..မခွန်းရွှေကြာ..မခွန်းရွှေကြာ
ဆိုတာကြီးကနားထဲကန့်လန့်တိုက်‌နေသလိုပဲ
ရွှေကြာလို့ပဲခေါ်ပါမိုးည"

လျှို့ဝှက်ကကြိုးWhere stories live. Discover now