Unicode
"လူယုတ်မာ..ဘာလို့လဲအစ်မကိုဘာလို့အဲ့လို
လုပ်ရတာလဲ!!""ဒါဆိုမင်းငါခိုင်းတာကိုလုပ်လေ..ဒါပေမဲ့မင်း
ခါတော်မီ့ကိုသတ်စရာမလိုတော့ဘူး""ဟင်"
ထိုသို့ပြောလိုက်တော့အံ့ဩသွားတဲ့ရွှေကြာ့
ကြောင့်ရေပြင်လှိုင်းဆက်ပြောလိုက်တာက"မင်းသူ့ကိုမသတ်တော့နဲ့.သူ့အချစ်ကို
ရအောင်လုပ်ပြီးသူ့ယုံကြည်မူကိုရအောင်ယူ""ဘာ!!!..အဲ့..အဲ့ဒါကဘာစကားလဲ"
"ဟုတ်တယ်..သူ့ပုံစံကိုကြည့်ရတာမင်းကိုစိတ်
ဝင်စားနေတာနေမယ်..သူ့ကိုမသတ်ပစ်ပဲမင်းက
နေတဆင့်ကြိုးကိုင်လို့ရလောက်တယ်..
သူ့Companyရဲ့အဓိကအချက်အလက်တွေကို
မင်းရအောင်ယူ..သူနဲ့ရည်စားတွေဖြစ်အောင်
လုပ်ပြီးအခွင့်ရေးရတာနဲ့Companyလွှဲပြောင်း
စာချုပ်မှာသူ့လက်မှတ်ဖြစ်ဖြစ်ဒါမှမဟုတ်
လက်ဗွေပဲဖြစ်ဖြစ်ပေါ့""မလုပ်နိုင်ဘူး!!"
"မလုပ်လို့မရဘူးမင်းသူ့ကိုမသတ်ချင်ရင်သူ့ရဲ့
ယုံကြည်မှုကိုရအောင်လုပ်ရမယ်..ဘာပဲဖြစ်ဖြစ်
အဲ့Companyကငါ့လက်ထဲရောက်လာရမှာပဲ""ကျွန်မ..မလုပ်ချင်ဘူးအဲ့လိုမျိုးယုံကြည်မူကို
အလွဲသုံးစားလုပ်တာမျိုးမလုပ်နိုင်ဘူး""အဲ့ဒါဆိုမင်းသူ့ကိုသတ်ပစ်ပေါ့"
ရွှေကြာရွေးချယ်ရခက်ခဲ့ပြန်ပြီ..ခါတော်မီ့ကို
မသေစေချင်ပေမဲ့မလှည့်စားရက်ပြန်ဘူးဒါပေမဲ့
အသက်ဆက်ရှင်စေချင်ခဲ့တာကြောင့်ရွှေကြာ့ရဲ့
ရွေးချယ်မူကခါတော်မီရဲ့အချစ်ကိုရဖို့ပင်။"ကျွန်မလုပ်မယ်"
"ဒါဆိုဒီနေ့ကစပြီးမင်းသူချစ်လာအောင်လုပ်
တော့..ဘာနည်းပဲထုတ်သုံးရပါစေသူ့အချစ်ကို
မင်းရမှဖြစ်မယ်..ဒါမှအားလုံးပြီးမှာကြားလား"ဘာမှပြန်မပြောတော့ပဲအစ်မရှိတဲ့အခန်းလေးကို
ထွက်လာခဲ့လိုက်တော့သည်။တံခါးလေးဖွင့်ပြီး
အသာကြည့်မိတော့ရွက်ဝါခန္ဓာကိုယ်လေးက
ဖြူဖျော့နေပြီးမျက်နှာလေးကလဲအားရစရာ
တစ်ခုမှမရှိပေ
YOU ARE READING
လျှို့ဝှက်ကကြိုး
Romanceမင်းရဲ့အေးစက်နေတဲ့နှလုံးသားကိုငါ့အချစ်တွေနဲ့ နွေးထွေးပေးပါရစေ -နှောင်းခါတော်မီ- ဘာအနှောင်အဖွဲ့မှမကြိုက်တာမလို့ကျွန်မဘဝထဲကို လာမရှုပ်ပါနဲ့CEOရဲ့ညီမ -ခွန်းရွှေကြာ