Unicode
"ဘာ!!..ဘယ်လိုဖမ်းရမှာလဲ!!"
"ဘယ်လိုဖမ်းရမလဲဆိုတော့!!ဘယ်လိုပဲဖြစ်ဖြစ်
မင်းကြိုက်သလိုသုံးလိုက်မရရတဲ့နည်းနဲ့ဖမ်းခဲ့
ဒါမင်းရဲ့နောက်ဆုံးအလုပ်ပဲဒါပြီးသွားရင်
အေးအေးချမ်းချမ်းနေလို့ရပြီ..မရူးမိုက်ချင်စမ်းနဲ့
အခုတော့သွားအိပ်လိုက်တော့ရွှေကြာ"ခွန်းလဲဘာစကားမှပြန်မပြောတော့ပဲအခန်းပြင်
ကိုသာပြန်ထွက်လာလိုက်သည်။ဘာဆက်လုပ်
ရမလဲမသိသလို..ခံနိုင်ရည်လဲမရှိတော့ပေ။အခန်းထဲရောက်တော့ရေချိုးခန်းထဲဝင်ကာ
ရေပန်းဖွင့်ချလိုက်ပြီးထိုင်နေလိုက်သည်။"ဖမ်းလို့လုံးဝမဖြစ်နိုင်ဘူး...နှောင်းအတွပ်အရမ်း
အန္တရာယ်များတယ်..မဖြစ်ဘူး..လုံးဝလုပ်လို့
မဖြစ်ဘူး!!""ဒေါက်...ဒေါက်!!"
"ညီမလေးရေ"
ရေချိုးခန်းထဲကနေချက်ချင်းခေါင်းထောင်လာ
ပြီးအခန်းရှေ့ပြေးထွက်သွားကာတံခါးဆွဲဖွင့်
ကြည့်တော့ရွက်ဝါ။"ဘာလို့ပြန်လာတာလဲ!!"
"ဟို..အဖေတို့မိသားစုအဲ့အိမ်မှာမရှိကြဘူးဘယ်
သွားကြတာလဲတော့အစ်မလဲမသိဘူးခဏ
လောက်စောင့်နေသေးပေမဲ့..ပြန်မလာတာမို့
မနက်ဖြန်မှပဲခွန်းလေးနဲ့အတူတူသွားမယ်ဆိုပြီး
ပြန်လာတာ..အာ..ရေချိုးနေတာလား..နားလိုက်
တော့လေ..အစ်မလဲသွားတော့မယ်""အစ်မ!!...ငါနင့်ကိုချစ်တယ်နော်"
"ဟင်!..ရုတ်တရက်ကြီးဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး..သွားနားတော့လေမနက်ဖြန်
မှတွေ့ကြမယ်""ဝမ်းနည်းနေတာလား"
"ဘာကိစ္စဝမ်းနည်းရမှာလဲ..သွားတော့ငါရေချိုး
တော့မလို့""အင်းအင်း..သွားပြီနော်"
ရွက်ဝါထွက်သွားတော့မှတံခါးကိုပြန်ပိတ်ကာ
ထိုင်ချလိုက်ပြီးရင်ဘက်လေးကိုဖိထားမိသည်။-တစ်ကယ်ပဲဘာတွေဖြစ်လာမလဲမသိတော့ဘူး
အဆုံးသတ်မှာတစ်ယောက်သေရမယ်ဆိုခွန်းပဲ
သေသွားလိုက်ချင်တယ်-

YOU ARE READING
လျှို့ဝှက်ကကြိုး
Romanceမင်းရဲ့အေးစက်နေတဲ့နှလုံးသားကိုငါ့အချစ်တွေနဲ့ နွေးထွေးပေးပါရစေ -နှောင်းခါတော်မီ- ဘာအနှောင်အဖွဲ့မှမကြိုက်တာမလို့ကျွန်မဘဝထဲကို လာမရှုပ်ပါနဲ့CEOရဲ့ညီမ -ခွန်းရွှေကြာ