Part.13

614 51 5
                                    

Unicode

နေ့လယ်လောက်ချောင်းသာကိုရောက်တာမလို့
Hotelမှာပဲနှစ်ယောက်တစ်ခန်းအိပ်ဖို့လုပ်လိုက်
တော့သည်။တစ်ယောက်တစ်ခန်းမငှားနိုင်စရာ
ဘာအကြောင်းရှိလဲအခုဟာကခွန်းနဲ့အတူတူနေ
ချင်လို့ဂွင်ဆင်ထားတာပင်။ဒါတောင်ခွန်းကသူ့
အစ်မနဲ့ပဲနေမယ်လုပ်နေလို့နှောင်းမှာCEOအာဏာ
ကိုသုံးကာအလုပ်တွေကူရမှာမလို့အတူတူနေမှ
ဖြစ်မှာလို့ပြောတော့မှလက်ခံလိုက်တာပင်။

"ဟူး!!"

"ပင်ပန်းနေပြီလား"

နှောင်းကမချိုမချဉ်မျက်နှာနဲ့ခွန်းကိုမေးတာ
ကြောင့်မျက်စောင်းတစ်ချက်ထိုးပေးလိုက်သည်။

-လမ်းမှာရည်စားစကားပြောပြီးဘယ်လိုမျက်နှာ
ပြောင်တိုက်မူလဲနည်းနည်းပါးပါးရှက်ပါအုံးလား-

"ဟက်..ဘယ်လိုလေးလဲကွာ"

"စကားများနေရင်အပြင်ထွက်!!ငါအိပ်မလို့"

"ဒီနေ့ကစပြီးနင်နဲ့ငါနဲ့လဲမပြောရဘူးကျွန်မနဲ့
CEOလို့လဲမပြောရဘူးခွန်းနဲ့နှောင်းလို့ပဲပြော"

"မပြောချင်ပါဘူး"

"မပြောလို့မရဘူးအတွင်းရေးမှူးကအဲ့လိုကြီးခေါ်
ပြောနေတော့CEOအတွက်အဆင်‌မပြေဘူး"

"ဘာမပြေစရာရှိ"

"ညှိနှိုင်းနေတာမဟုတ်ဘူးခိုင်းနေတာ"

ထိုတော့မှမျက်စောင်းလေးထိုးကားပွစိပွစိလုပ်
နေတဲ့ပုံစံလေးကအရမ်းချစ်စရာကောင်းတယ်
ဆိုတာမသိလေရောလား။

"အိပ်မလို့ဆို"

"နင်က..ဟို..နှောင်း..နှောင်းကစကားပြောနေ
တော့..ခွန်း........မ..မအိပ်တက်ဘူး"

"ဟားဟားဟုတ်ပါပြီတိုးတိုးလေးနေပေးမယ်"

ထိုတော့မှ‌စောင့်ကြီးအောင့်ကြီးနဲ့ဟိုဘက်လှည့်
ပြီးအိပ်သွားတာကြောင့်နှောင်းရီလိုက်မိတော့
သည်။

----------------------✓✓✓
ညနေလောက်ရောက်တော့ပြန်နိုးလာတာကြောင့်
ထမလို့လုပ်တော့ခါးနားကတင်းကျပ်မူကြောင့်
ငုံ့ကြည့်လိုက်တော့CEOရဲ့လက်ပင်။အသာလေး
တစ်ချက်ရုန်းလိုက်တော့ပိုပြီးတင်းတင်းဖက်
လိုက်တာကြောင့်မရုန်းရဲတော့ပေ။နှောင်းရင်ခွင်
ထဲအရမ်းရောက်နေပြီမလားပြီးတော့အနောက်
ကနေဖက်ထားတာကြောင့်ရင်ထဲတစ်မျိုးကြီးပင်
ဒီတိုင်းနေလို့လဲမဖြစ်တာကြောင့်လက်ကိုဖွဖွလေးဖြုတ်ကြည့်တော့ရတာကြောင့်တစ်ချက်ပြုံး
လိုက်မိသည်။လက်ကိုအသာချပေးလိုက်ပြီး
ထလိုက်တော့ပြန်ဖက်လာတဲ့လက်ကြောင့်လူ
ကကုတင်ပေါ်ပြန်ရောက်သွားလေတော့သည်။
ခဏ‌ငြိမ်နေပြီးတော့မှလက်ကိုပြန်ဖြုတ်ကြည့်
တော့ပြုတ်သွားပြန်လေသည်။မထသေးပဲအကြာ
ကြီးကြည့်နေ‌လိုက်တော့မလှုပ်တော့တဲ့CEO
ကြောင့်ဖြည်းဖြည်းလေးလှိမ့်ထွက်မလို့ကျောပေး
လိုက်တော့အနောက်ကနေပြန်ဖက်လာတာ
ကြောင့်လူကတောင့်ကနဲ။ခွန်းမသိလိုက်တာက
သူ့ကိုဖက်ထားတဲ့နှောင်းရဲ့လူယုတ်မာပြုံးလေး
ကိုပင်။

လျှို့ဝှက်ကကြိုးWhere stories live. Discover now