Unicode
ရွှေကြာCEOစားပွဲပေါ်ကအဆိပ်ခတ်ထားတဲ့
အစားအစာတွေကိုကြည့်ပြီးလိပ်ပြာမလုံပေ။
ကိုယ်မလုပ်ထားပေမဲ့သိရက်နဲ့မမြင်ချင်ယောင်
ဆောင်ထားရတာမို့။တစ်ကယ်မဖြစ်စေချင်ခဲ့ပါဘူး"ကျွီ"
"CEOမရှိဘူး"
"ငါကကိုကို့ဆီလာတာမဟုတ်ဘူး"
"ဟုတ်ကဲ့"
"ငါ့နာမည်ကနှောင်းခါတော်မီ"
"ဘယ်သူကမေးလို့လဲ"
ခါတော်မီ့ကိုတစ်ချက်မှမော့မကြည့်ပဲအလုပ်
သာဆက်လုပ်နေတဲ့ပုံစံလေးကအစစွဲဆောင်မူ
ရှိနေတာငြင်းမရပေ။ဒါမှမဟုတ်ခါတော်မီကိုယ်တိုင်ပဲဆေးမမှီတော့တာလားမသိပေ။"ဒါနဲ့ဒါကကိုကို့အတွက်မှာထားပေးတာလား"
"ဟုတ်တယ်"
"မင်းထပ်မှာပေးလို့ရမလားဗိုက်ဆာလို့ဒါကို
စားလိုက်တော့မယ်""မရဘူး!!!!!"
"ပလုပ်တုတ်!!ဘာလို့အဲ့လောက်အော်တာလဲ"
"မစားနဲ့အဲ့ဒါကCEOအတွက်မှာပေးထားတာ"
"အင်းလေထပ်မှာပေးလို့ရတာပဲကိုတစ်ကယ်
ဗိုက်ဆာနေလို့ပါ"ပြောတဲ့အတိုင်းCEOရဲ့ညီမကတစ်ကယ်ဘူးတွေ
ဖွင့်ပြီးစားတော့မှာကြောင့်ရွှေကြာအမြန်ကြံရ
ပြန်သည်...."ကျွန်မဖွင့်ပေးပါ့မယ်"
"အိုးးပိုစားကောင်းတော့မှာပဲ"
ရိသဲ့သဲ့ရွံ့နောက်နောက်အပြောကိုသဘောမကျ
ပေမဲ့အခုချိန်မှာဒါတွေကိုစားလို့မဖြစ်တာကြောင့်
ရွှေကြာငြိမ်နေလိုက်သည်။ဘူးတွေကိုဖွင့်ကာလက်နဲ့မြှောက်ကိုင်လိုက်ပြီးကြမ်းပြင်ပေါ်ကို
ပြစ်ချလိုက်သည်...."အာ..တောင်းပန်ပါတယ်ကျွန်မခေါင်းထဲမိုက်ကနဲ
နေလို့လွှတ်ချမိသွားပြီ""ရပါတယ်အသစ်ထပ်မှာလို့ရတာပဲလေ
မင်းအဆင်ပြေလားအောက်ကဟာတွေကိုသန့်
ရှင်းရေးဝန်ထမ်းခေါ်လိုက်မယ်""အာ..ရပါတယ်မခေါ်ပါနဲ့တော့..ကျွန်မပဲသိမ်း
လိုက်ပါ့မယ်"ရွှေကြာအောက်ကကြမ်းပြင်ပေါ်ကျနေတဲ့အဆိပ်
ခတ်ထားတဲ့အစားအစာတွေကိုသန့်ရှင်းရေးလုပ်
လိုက်ပြီးသက်ပျင်းတစ်ချက်ချလိုက်မိသည်
တော်သေးလို့ပေ။
ŞİMDİ OKUDUĞUN
လျှို့ဝှက်ကကြိုး
Romantizmမင်းရဲ့အေးစက်နေတဲ့နှလုံးသားကိုငါ့အချစ်တွေနဲ့ နွေးထွေးပေးပါရစေ -နှောင်းခါတော်မီ- ဘာအနှောင်အဖွဲ့မှမကြိုက်တာမလို့ကျွန်မဘဝထဲကို လာမရှုပ်ပါနဲ့CEOရဲ့ညီမ -ခွန်းရွှေကြာ