Part.9

652 63 11
                                    

Unicode

မနက်ထဲကCompanyမှာနှောင်းကCEOရာထူးကို
လွှဲယူမှာ‌မို့ပြင်ဆင်ပြီးတာနဲ့သွားမလို့လုပ်တုန်း
ဟိုလူယုတ်မာကMassageပို့ကာဂိုထောင်ကို
အရင်လာဖို့ခေါ်တာကြောင့်စိတ်ပျက်ပျက်နှင့်
ထွက်လာလိုက်သည်။

"ရောက်ပြီလား"

"မမြင်ဘူးလား"

"ဟက်..ဒီနေ့Companyရဲ့CEOရာထူးကိုနှောင်း
ခါတော်မီလွှဲယူမှာဆိုမကြာခင်အဲ့Companyက
ငါ့လက်ထဲရောက်လာတော့မှာ"

"လက်အောက်ငယ်သားတွေအတွက်တော့
စိတ်မကောင်းဘူးအကျင့်မကောင်းတဲ့လူရဲ့
လက်ထဲမှာအလုပ်လုပ်ရတော့မှာပဲ"

"ခွန်းရွှေကြာ!!!မင်းငါ့စိတ်ကိုလာမဆွနဲ့နော်"

"မဆွမိပါဘူး"

"ရော့အဆိပ်ယူသွားလိုက်"

"ကျွန်မ"

"အခွင့်ရေးရရင်တစ်ခါထဲသတ်ပြစ်လိုက်"

ရွှေကြာကိုယ့်စိတ်ကိုယ်လဲအရမ်းမုန်းမိသည်။
မပျက်သားတာကသူမအတွက်မကောင်းဘူးဆို
ပေမဲ့သူမဒီအလုပ်ကြီးကိုထပ်မလုပ်ချင်တော့ဘူး
သူမ..မလုပ်နိုင်ဘူးနှောင်းခါတော်မီကိုဘာဖြစ်လို့
မသတ်နိုင်တာလဲသူမကိုယ်တိုင်လဲမသိပါ..

"ကျွန်မကို..အချိန်နည်းနည်းပဲဖြစ်ဖြစ်ပေးပါ"

"ဘာလို့လဲ..ဘာအတွက်အချိန်လိုတာလဲ
မင်းကိုယ်တိုင်သူ့ကိုမသတ်ပစ်ရင်သူ့အကိုလိုပဲ
သူ့ကိုငါကိုယ်တိုင်သတ်ပစ်ရလိမ့်မယ်..ဒီရက်
ပိုင်းမင်းအစ်မကရောဂါအခြေအနေအရမ်း
ကောင်းနေတယ်စိတ်ချမ်းသာနေတယ်ထင်ပါ့
ငါသာသူ့ကို"

"ကျွန်မလုပ်ပါ့မယ်"

ရွှေကြာအဆိပ်ပုလင်းလေးအားကောက်လိုက်
ကာဘေးအိတ်ထဲထည့်လိုက်ပြီးအရှေ့ကလူအား
ကြည့်ပြီးမဲ့ပြုံးပြုံးပြလိုက်သည်။

"သွားလိုက်ပါအုံးမယ်"

"မင်းနောက်မှာအမြဲငါစောင့်ကြည့်နေတယ်အချိန်
မဆွဲပဲအမြန်လုပ်ငန်းစလိုက်ရွှေကြာ"

ထိုလူ့စကားကိုဘာမှပြန်မပြောတော့ပဲဂိုထောင်
ထဲကထွက်လိုက်ကာCompanyကိုကားငှားပြီး
ထွက်လာလိုက်တော့သည်။မျက်နှာလေးမှာ
မသာမယာဖြစ်နေပြီးဘာဆက်လုပ်ရမလဲမသိတဲ့
လူတစ်ယောက်လိုပင်။

လျှို့ဝှက်ကကြိုးWhere stories live. Discover now