Part.12

609 58 3
                                    

Unicode

သုံးလေးရက်ကြာတော့ရွက်ဝါရဲ့ကျန်းမာရေးလဲ
အတော်အသင့်ပြန်ကောင်းနေပြီမို့ဆေးရုံကဆင်း
ကာအိမ်မှာသာပြန်နေဖြစ်သည်။ရွှေကြာလဲဆက်
လုပ်ရအုံးမဲ့အလုပ်တွေရှိသေးတာမို့Companyကို
ပြန်သွားနေပြီပင်။အရင်လိုသူတစ်ပါးအသက်ကို
သတ်ဖို့ကိုအမြဲချောင်းနေရတာမျိုးမဟုတ်တော့
ပုံမှန်ထက်သူမရဲ့စိတ်လေးတွေပေါ့ပါးနေခဲ့သည်။
သူမစိတ်ထဲနှောင်းကိုလှည့်စားမှာလဲမဟုတ်သလို
လိမ်လည်ပြီးချစ်ချင်ယောင်လဲမဆောင်ဘူးသူမ
အချိန်ဆွဲထားခွင့်ရတာကိုကံကောင်းလှပါပြီ။
သူမနှောင်းကိုမသတ်ချင်တာမို့အချိန်ဆွဲထားခဲ့
တာပင်။

"အစ်မနင်သက်သာလား"

"သက်သာပါတယ်..အိမ်မှာနားနေတာလဲကြာပြီ
လေဘာမှမဖြစ်တော့ဘူးစိတ်ချလက်ချသွား
အစ်မတစ်ခုခုဖြစ်ရင်ပြောမှာပါ"

"အင်းပါဂရုစိုက်အုံး"

"ဟုတ်ပါပြီ"

စိတ်အပူလွန်နေတဲ့ညီမဖြစ်သူကြောင့်‌ရွက်ဝါ
ရင်ထဲနွေးကနဲပေ..သူမအတွက်မရှိမဖြစ်လိုအပ်
တာညီမလေးပင်အနားမှာမရှိရင်အသက်မရှင်နိုင်
လောက်အောင်ချစ်တာက 'ကို'။

"ရွှေကြာCompanyသွားတော့မလို့လား"

"အင်း"

"အကိုလိုက်ပို့ပေးမယ်လေ"

"ရပါတယ်"

"လိုက်သွားလိုက်ပါညီမလေးရဲ့Taxiငှားသွားရင်
ပိုက်ဆံကုန်နေအုံးမယ်"

"ဟူးး!!အင်းပါ"

"အဲ့ဒါဆိုကိုယ်သွားတော့မယ်..ကြွေ"

"ဟုတ်..ကို"

အပြင်ထွက်လာတာနဲ့ရေပြင်လှိုင်းကားပေါ်ကို
စိတ်ညစ်ညစ်နဲ့တက်လိုက်ပြီးမျက်နှာကစူပုပ်ပုပ်။
ကားစထွက်တာနဲ့ရွှေကြာဘာမှပြဿနာမဖြစ်ချင်
တာကြောင့်အပြင်ဘက်ကိုမျက်နှာမူထားလိုက်
တော့သည်။

"ငါခိုင်းတဲ့အတိုင်းသေချာလုပ်‌ခဲ့နော်"

"ရှင်အစ်မကိုမချစ်ပဲလှည့်စားခဲ့သလိုကျွန်မက
နှောင်း‌ခါတော်မီကိုလုပ်ရမှာပေါ့"

"ခွန်းရွှေကြာ!!!"

"ကျွီ!!"

ကားဘရိတ်ကိုစောင့်အုပ်လိုက်ပြီးရွှေကြာ့ဘက်
ကိုလှည့်ကာ

လျှို့ဝှက်ကကြိုးWhere stories live. Discover now