Part.7

701 63 6
                                    

Unicode

သတိရလာတော့မျက်လုံးတွေကိုဖွင့်ကြည့်မိရာ
နေရောက်ခပ်စူးစူးကြောင့်ပြန်မှီတ်မိလိုက်သည်။
တစ်ဆက်ထဲရလိုက်တဲ့ဆေးရုံနံ့တွေကြောင့်
ဆေးရုံရောက်နေတယ်ဆိုတာသတိထားမိလိုက်
သည်။‌ထိုးကိုက်လာတဲ့ခေါင်းကြောင့်မျက်မှောင်
တစ်ချက်ကျုံ့လိုက်မိသည်။ကားတိုက်မူကို
သတိရမိတော့ကုတင်ပေါ်ကနေဝုန်းကနဲ့ထထိုင်
လိုက်မိတဲ့အကျိုးဆက်က

"အာ့"

"ဖြေးဖြေးထပါ..ရှင်ခေါင်းထိထားတယ်
မေ့နေတာ၂ရက်ရှိသွားပါပြီရှင့်အစ်မဆိုတဲ့
သူကတော့အခုလေးမှအောက်ကိုခဏဆင်းသွား
ပါတယ်ရှင့်"

"မေ့နေတာနှစ်ရက်တောင်ရှိသွားပြီလား"

"ဟုတ်ပါတယ်"

"C... CEOအခြေအနေကရောဟင်"

"ရှင်နဲ့အတူကားထဲကပါလာတဲ့လူလားအဲ့လူ
ကနောက်နှစ်ရက်နေလို့မှသတိမရရင်ကိုမာဝင်
နိုင်တယ်..ကျွန်မအထင်သတိရလာဖို့ကမလွယ်
ဘူး..ရှင်အနားယူလိုက်ပါအုံးးခေါင်းကိုက်တာ
မျိုးတွေ..ခေါင်းမူးတာတွေရှိလား"

"မ..မရှိဘူး"

"ဟုတ်ပါပြီကျွန်မအပြင်မှာရှိနေပါ့မယ်..ရှင့်အစ်မ
ခဏနေကျရင်ပြန်ရောက်ပါလိမ့်မယ်"

"အင်း"

သူနာပြုဆရာမလေးထွက်သွားမှရွှေကြာ
မျက်လုံးတွေမှိတ်ချလိုက်သည်။သူမပါတစ်ခါထဲ
သေသွားရမှာဒီလိုကြီးရှင်သန်နေမဲ့အတူတူ
တစ်ခါထဲသေသွားရမှာ..ဘာလို့လောကကြီးက
သူမကိုလွတ်မြောက်ခွင့်မပေးရတာလဲ။နာကျင်
မူတွေကြားမှာရှိနေတာကိုမြင်ချင်ကြတယ်ထင်
ပါရဲ့....

-သူရောအဆင်ပြေပါ့မလားအရမ်းခံစားနေရမှာပဲ-

"ကျွီ"

ရွက်ဝါတံခါးဖွင့်ပြီးဝင်လာတော့ကုတင်းပေါ်
မှာသတိရနေပြီဖြစ်တဲ့ညီမဖြစ်သူကြောင့်
ဝမ်းသာသွားရသည်။

"ဟယ်..ညီမလေးသတိရလာပြီတော်ပါသေးရဲ့
ကလေးရယ်အစ်မစိတ်ပူနေတာဘယ်လိုဖြစ်ရ
တာလဲခွန်းရယ်..ဟင့်အရမ်းစိုးရိမ်နေခဲ့တာ
နှောင်းလေးဖုန်းဆက်ပြီးပြောတော့အစ်မမှာ
ရူးမလိုပဲသိလား..အီးဟီ..ဟင့်"

လျှို့ဝှက်ကကြိုးWhere stories live. Discover now