Part.5

761 67 4
                                    

Unicode

မနက်နိုးလာတော့ခန္ဓာကိုယ်ကမလှုပ်ချင်အလုပ်
ကသွားမှဖြစ်မှာမို့မပိတ်မချင်းအော်နေတဲ့နှိုးစက်
ကိုကုတင်းခေါင်းရင်းကဘေ့စ်ဘောတုတ်နဲ့ရိုက်
ချလိုက်တော့သည်။

"ခွမ်းး"

"ကျစ်..လက်ကသေမလို့အဲ့လောက်ကိုက်နေရ
တာလား"

အားလုံးပြင်ဆင်ပြီးတော့အင်္ကျီလက်ရှည်ကို
ထပ်ဝတ်လိုက်သည်။လက်ကောက်ဝတ်က
ဒဏ်ရာကိုမြင်ရင်စိတ်မကောင်းဖြစ်အုံးမဲ့အစ်မ
ဖြစ်သူကြောင့်ပေ။အောက်ထပ်ကိုဆင်းလာတော့
အမနဲ့ခဲအိုကထိုင်နေလေသည်

"ညီမလေးညကဘာလို့အိမ်ပေါ်ပြေးတက်သွား
တာလဲ"

"အိပ်ချင်လို့"

"အင်းပါ..ဘာလို့မျက်နှာကအားမရှိသလိုဖြူဖျော့
နေရတာလဲနေမကောင်းဘူးလား"

အပြောထက်မြန်တဲ့လက်ကရွှေကြာနဖူးပေါ်ရောက်နေလေပြီပင်။ရွှေကြာရှောင်လိုက်ပေမဲ့
မမှီတော့တာကြောင့်ကိုယ်တွေပူနေတာကိုသတိ
ထားမိသွားမှာအသေချာပင်။

"ကိုယ်တွေပူနေတယ်..ကျစ်ဆေးခန်းသွားရ
အောင်..အစ်မတို့နဲ့တစ်ခါထဲလိုက်ခဲ့လေ"

ရွက်ဝါကဒီနေ့‌သူမရောဂါအခြေအနေသွားစစ်
ရမှာမို့ရွှေကြာ့ကိုပါတစ်ခါတည်းခေါ်နေတာပင်။

"နေမကောင်းတာနဲ့မသေပါဘူးနင်တို့ပဲသွားကြ
အချိန်တန်ပျောက်သွားမှာပဲ"

"အဲ့လိုတော့ဘယ်ဖြစ်မလဲဆေးရုံကိုလိုက်ခဲ့ပါ
မြန်မြန်သက်သာတော့ကောင်းတာပေါ့"

"မသွားချင်ဘူး"

"ဟူးးးခေါင်းမာလိုက်တာခွန်းရယ်"

"Companyသွားတော့မယ်"

"နေအုံးဘယ်ကိုသွားမှာလဲပြန်လာထိုင်လိုက်
ဒီလောက်ကိုယ်တွေပူနေတာကိုစိတ်မချပါဘူး
မသွားရဘူးဒီနေ့ခွင့်ယူလိုက်"

"မဖြစ်ဘူးသွားမှဖြစ်မှာ"

"ခွန်းရွှေကြာ..ငါသေသွားတာမြင်ချင်တာလား
ဟမ်!!နင့်ကိုယ့်ကိုကိုယ်လဲပြန်ကြည့်အုံးအခုပဲ
အိပ်ရာထဲလဲတော့မဲ့အတိုင်းဖြစ်နေတာကိုငါ
ဘယ်လိုကြည့်နေနိုင်မှာလဲ..ဟင့်ငါ့မှာမိသားစု
ဆိုလို့နင်ပဲကျန်တော့တာ..ငါ့စကားကိုနားထောင်
စမ်းပါ..!!ဟင့်"

လျှို့ဝှက်ကကြိုးDonde viven las historias. Descúbrelo ahora