Part.19

685 57 2
                                    

Unicode

"လာ..သမီးအထဲဝင်ရအောင်"

"......"

ခွန်းလဲအထဲဝင်လိုက်တော့ဟိုသားအမိကနောက်
ကနေလိုက်လာကြလေတော့သည်။

"သားအဖနှစ်ယောက်စကားပြောကြအုံးလေ
မြတ်နိုးရေလာမေမေနဲ့ထမင်းစားဖို့ပြင်ရအောင်"

"ဟုတ်မေမေ..မမရေပြီးကျရင်မြတ်နိုးနဲ့အတူတူ
ထမင်းစားရအောင်နော်"

"ဒီကိုလာတာထမင်းစားဖို့မဟုတ်တာကြောင့်
မစားတော့ပါဘူး..စာချင်စိတ်လဲမရှိလို့"

ထိုသို့ပြောလိုက်တော့မြတ်နိုးလေးကငိုမဲ့မဲ့နဲ့
သူ့အမေဘက်လှည့်ကြည့်လေတော့ဒေါ်ခင်နှိုင်းစံ
လဲသမီးလေးကိုမီးဖိုချောင်ထဲခေါ်လာခဲ့လိုက်‌
တော့သည်။

"သမီး..ဖေဖေနဲ့အတူတူထမင်းစားရအောင်"

"ကိုယ့်မိသားစုနဲ့ပဲပျော်ပျော်စားလိုက်ကြပါအခု
လာရတာလဲ၁၄နှစ်ကျော်မတွေ့ခဲ့ရတဲ့အဖေဖြစ်
သူကိုလာကြည့်ယုံပါ"

"ဖေဖေမှားမှန်းသိပါတယ်ကွယ်..တောင်းပန်"

"အမှားမှန်းသိလဲအမှန်ပြန်ပြင်လို့ရမှာမဟုတ်
တော့တာကြောင့်တောင်းပန်ဖို့မကြိုးစားပါနဲ့"

"အခုထိဖေဖေ့ကိုစိတ်နာနေတုန်းလား"

"ဟက်...စိတ်နာတယ်လို့မပြောပါနဲ့..အဲ့နေ့ထဲက
စပြီး..အဖေလို့ကိုမသတ်မှတ်တော့တာ"

"သမီးရယ်..ဖေဖေတောင်းပန်ပါတယ်ကွယ်...
ဖေဖေသမီးတို့အပေါ်မှာတာဝန်မကျေခဲ့တာ
ဖေဖေသိပါတယ်ဒါပေမဲ့"

"မေမေ့အပေါ်မှာသစ္စာဖောက်ခဲ့တော့လဲခွန်း
မမုန်းဘူး...မေမေ့ကိုထားသွားတော့လဲနာကျည်း
ခဲ့ပေမဲ့မမုန်းဘူး...‌မေမေခင်ဗျားစိတ်နဲ့ဆုံးသွား
တော့လဲဝမ်းနည်းယုံပဲရှိတယ်..ဘာလို့မုန်းလဲ
သိချင်လား"

"......."

"လောကကြီးမှာကလေးနှစ်ယောက်ထဲကျန်ခဲ့
တာတောင်နည်းနည်းမှလာမကြည့်တဲ့အဖေ
တစ်ချက်ကလေးတောင်လှည့်မကြည့်ခဲ့တဲ့အဖေ
ခက်ခက်ခဲခဲရုန်းကန်နေရတဲ့အချိန်ခင်ဗျားက
တော့မိသားစုအသစ်နဲ့ပျော်နေတယ်....ဘဝက
ကြမ်းတမ်းခဲ့လို့အစ်မနှလုံးရောဂါခံစားခဲ့ရတာ
အဲ့နေ့ထဲကခွန်း..ခင်ဗျားကိုမုန်းတာသိလား!!"

လျှို့ဝှက်ကကြိုးWhere stories live. Discover now