Part.17

635 55 0
                                    

Unicode

အခုဆိုနှောင်းနဲ့ခွန်းချစ်သူတွေဖြစ်နေတာ၁လ‌
ကျော်သွားပြီပင်..အခုထိတော့အရာရာတိုင်းက
သာသာယာယာမို့စိုးရိမ်တာမျိုးမရှိပေ။
မနက်မိုးလင်းတော့Companyသွားဖို့ပြင်ဆင်ပြီး
တာနဲ့ထိတ်လန့်နေတဲ့မျက်နှာကိုပြင်ကာအောက်
ကိုဆင်းလာခဲ့လိုက်သည်။

"ညီမလေးခဏနော်..ပြီးတော့မယ်"

"အေးဆေးလုပ်"

"အေးအေး"

ရွက်ဝါကမီးဖိုချောင်ထဲပြန်ဝင်သွားတာကြောင့်
စားပွဲဝိုင်းမှာရေပြင်လှိူင်းနဲ့ခွန်းသာကျန်ခဲ့ခြင်းပင်
‌ခွန်းကိုစိုက်ကြည့်နေတာသတိထားမိတာကြောင့်
ပေါ့ပေါ့ပါးပါးပဲကော်ဖီငှဲ့လိုက်ကာသောက်နေ
လိုက်သည်။

"ရွှေကြာတောင်Companyသွားတော့မလို့လား
အကို‌ဖြင့်ပြင်လို့ဆင်လို့တောင်မပြီးသေးဘူး"

"ဝင်စရာလေးရှိလို့ပါ"

"ဟက်!!...ရည်စားစီကိုစောစောသွားချင်နေပြီ
လားဟင်..အကိုတောင်ရွှေကြာ့လောက်မချစ်
တက်ဘူး"

"ဘာတွေမချစ်တက်နေတာလဲ..ကိုရဲ့"

"ရွှေကြာ့ကိုပြောနေတာပါကွာ...သူ့ရည်စားကို
ဘယ်လောက်ချစ်လဲအသိဘူး..Companyကို
အစောကြီးသွားနေလို့လေ"

"ဟုတ်လားညီမလေး"

"ထင်ထားတာထက်သူ့ကိုအများကြီးပိုချစ်ပါ
တယ်..ပြီးတော့ခဲအိုထက်လဲပိုချစ်တက်တယ်"

"အဟားဟား!!..ကိုယ့်လောက်ချစ်တက်လို့လား
ရွှေကြာရယ်..ကိုယ်ကကြွေ့ကိုအရမ်းချစ်တာ"

"ဟုတ်တာပေါ့..ခဲအိုလောက်ဘယ်ချစ်နိုင်မလဲ
ပြီးတော့ခဲအိုလောက်လဲမရက်စက်တက်ပါဘူး
စားလို့လဲဝင်မှာမဟုတ်တော့တာကြောင့်သွား
ခွင့်ပြုပါအုံး"

ခွန်းကနောက်ကိုတစ်ချက်မှလှည့်မကြည့်ပဲ
အိမ်ထဲကထွက်သွားတာကြောင့်ရေပြင်လှိုင်းလဲ
ဒေါသထွက်နေယုံသာ။

"ကို"

"......"

"ကို!!...ကိုကြွေခေါ်တာကြာလား!!"

"ဟင်..ဘာလဲကြွေ"

"ညီမလေးနဲ့တစ်ခုခုဖြစ်ထားတာလားဟင်"

လျှို့ဝှက်ကကြိုးحيث تعيش القصص. اكتشف الآن