Part.6

699 63 4
                                    

Unicode

မနက်အိပ်ရာနိုးတော့အခြေအနေကအရမ်းကြီး
မဆိုးတော့တာကြောင့်ဆေးသောက်လိုက်ပြီး
Companyကိုသာထွက်လာခဲ့လိုက်သည်။

"မင်္ဂလာပါCEOကျွန်မနည်းနည်းနောက်ကျသွား
တယ်"

"အာ...ရပါတယ်..‌ဒါနဲ့နေကောင်းသွားပြီလား"

"ဟုတ်ကဲ့"

စကားစဖြတ်လိုက်ကာအလုပ်စားပွဲကိုလျှောက်
လာလိုက်ပြီးအလုပ်ထဲကိုသာအာရုံစိုက်ထား
လိုက်သည်။

"ကိုယ်သွားစရာလေးရှိလို့မင်းCompanyကို
တစ်ချက်ကြည့်လိုက်အုံး"

"ဟုတ်ကဲ့"

ထွက်သွားတဲ့CEOကိုကြည့်ပြီးသက်ပျင်းတစ်ချက်ချလိုက်ကာအလုပ်သာပြန်လုပ်နေလိုက်သည်

-ဒီနေ့CEOရဲ့ညီမကဘာလို့မလာတာပါလိမ့်-

‌မျှော်နေတာမျိုးမဟုတ်ပေမဲ့မြင်နေကျကိုမမြင်
ရတော့‌လဲစိတ်ထဲတစ်မျိုးပေ။

-မနေ့ကငါမပြောမဆိုနဲ့ကားပေါ်က
ဆင်းပြေးခဲ့တာကိုများစိတ်ဆိုးသွားတာလား
အနည်းဆုံးတော့ပြောသွားခဲ့ရင်ဖြစ်တဲ့ဟာကို
ဒါပေမဲ့ဒီလိုလုပ်လိုက်တာလဲကောင်းပါတယ်
ငါနဲ့လာမရှုပ်တော့ဘူးပေါ့-

။။။။။။။✓✓✓
နှောင်းဒီနေ့Companyကိုမသွား‌ပဲအိမ်မှာသာ
နေလိုက်တော့သည်။ခွန်းကိုကြည့်ရတာသူနဲ့
ရင်းရင်နှီးနှီးမနေချင်တဲ့ပုံပင်။နှောင်းကိုတွေ့ရင်
စိတ်ရှုပ်နေမှာမို့သွားချင်တဲ့စိတ်ကိုမနည်းထိန်း
ကာအိမ်တွင်းအောင်းနေလိုက်သည်။နှောင်းကို
ဘာလို့နေရင်းထိုင်ရင်းခွန်းကမခေါ်ချင်ရတာလဲ
ခွန်းပုံစံကိုကလူတွေနဲ့ကင်းကင်းရှင်းရှင်းနေတက်
တာလားမသိတော့ပေ။ဘာပဲဖြစ်ဖြစ်သူ့ကိုမမြင်
ရင်တော့ခွန်းစိတ်ချမ်းသာလောက်မှာပါ။
ကိုယ့်စိတ်ကိုလဲနားမလည်တော့ဘူးခွန်းကို
စိတ်ဝင်စား‌နေတာဝန်ခံပေမဲ့အဲ့ထက်ပိုရင်လဲပိုနေ
နိုင်သည်။သေချာတာကတော့ခွန်းကိုပျော်စေချင်
သည်..ပုံမှန်လူတွေလိုပဲပေါ့ပေါ့ပါးပါးလေးနေ
စေချင်တာကတော့စိတ်ရင်းအမှန်ပင်။နှောင်း
သေချာပေါက်ခွန်းပျော်ရွှင်အောင်လုပ်ပေးမှာပင်။ဘာပဲလုပ်ရလုပ်ရသူပျော်အောင်လုပ်ပေးမိမှာ။

လျှို့ဝှက်ကကြိုးWhere stories live. Discover now