Unicode
"ပစ္စည်းတွေမေ့ကျန်ခဲ့မယ်နော်..သေချာကြည့်
ကြအုံး..ခွန်းလေးကြားလား""အင်းလို့!!"
မနက်ခင်းချောင်းသာကနေပြန်ကြတော့မှကြောင့်
ရွက်ဝါရဲ့ပွစိပွစိမှာနေတဲ့အသံတွေကိုခွန်း
စိတ်မကြည်တော့ပေဟိုကိုပြန်ရောက်ရင်လဲ
ဘာတွေဆက်လုပ်ရမလဲမသိနိုင်တာကြောင့်စိတ်
တွေက.လေးနေလေပြီ။"ဒါဆိုအစ်မတက်နှင့်မယ်နော်"
"အင်း..တက်လေ"
ရွက်ဝါကကားပေါ်တက်သွားတာနဲ့မကြာလိုက်
မိုးညကပါအထုတ်တွေတင်ပြီးတက်သွားလေ
တော့သည်။ခွန်းလဲမနေ့ကသင်္ဘောပေါ်ကအဖြစ်
အပျက်ကိုပြန်တွေ့မိရင်မျက်နှာတွေသိသိသာသာ
ရဲလာတာမို့နှောင်းနဲ့မျက်နှာချင်းမဆိုင်မိအောင်
ရှောင်နေပြီးနှောင်းကတော့ခွန်းနောက်ကိုသာ
လိုက်ကပ်နေလေသည်။"ခွန်းပေးနှောင်းတင်ပေးမယ်"
"မလိုပါဘူး"
"ပေးပါဆို..အလေးကြီးတွေကို"
"ရော့..ရော့..အဲ့ဒါဆိုလဲCEOသာသယ်လိုက်တော့
ခွန်းကားပေါ်တက်တော့မယ်""မဟုတ်"
"ကူညီပေးတာကျေးဇူးပဲ!!"
"ဟာ..ဒီဟာလေးကတော့သူနဲ့အတူနေချင်လို့ပါ
ဆို..ငါ့ကိုအထုတ်တွေနဲ့ပြစ်ထားခဲ့တယ်"နှောင်းတစ်ယောက်ထဲပွစိပွစိနဲ့အထုတ်တွေသယ်
နေတာကိုကားထဲကနေကြည့်ပြီးခွန်းရီနေမိသည်။-နည်းတောင်နည်းသေးတယ်-
ခဏကြာတော့အားလုံးပြီးသွားတာနဲ့နှောင်းလဲ
ကားပေါ်တက်လိုက်ကာပင်လယ်ကြီးကို
နူတ်ဆက်ပြီးအိမ်အပြန်လမ်းကိုစတင်ခဲ့တော့
သည်။မိုးည-"နူတ်ဆက်ပါတယ်နောက်မှပြန်လာခဲ့မယ်
ပင်လယ်ကြီးရေ!!!"နှောင်း-"နောက်တစ်ခါပြန်လာရင်ငါသိပ်ချစ်တဲ့
သူနဲ့အတူပြန်လာခဲ့မယ်ပင်လယ်ကြီးရေ"ခွန်း-"ပြန်လာတော့မှာမဟုတ်လို့နူတ်ဆက်ပါတယ်
အားလုံးကိုယ်စီနူတ်ဆက်ကြပေမဲ့ရွက်ဝါကတော့
ပြုံးပြုံးလေးသာကြည့်နေလေသည်။ကားလေး
ဟာတရွေ့ရွေ့နဲ့အိမ်အပြန်လမ်းကိုမောင်းလာခဲ့
ကြပေမဲ့အလာတုန်းကလိုဆူညံသံလေးတွေရှိ
မနေပေ..နှောင်းကလည်းအိမ်ပြန်ရောက်ရင်ကိုကို့
အမှုအတွက်ဆက်လိုက်ရမှာဖြစ်လို့အရင်လိုခွန်းနဲ့
အေးဆေးနေလို့မရပေ...ခွန်းကျတော့လဲအိမ်ကို
ပြန်ရောက်တာနဲ့ရေပြင်လှိုင်းရဲ့ကကြိုးဆွဲရာကို
ဆက်ကရအုံးမှာမို့ဖြစ်လာမဲ့အရာတွေကိုတွေးပြီး
အလာတုန်းကလိုမပျော်နိုင်ပေ....
ВЫ ЧИТАЕТЕ
လျှို့ဝှက်ကကြိုး
Любовные романыမင်းရဲ့အေးစက်နေတဲ့နှလုံးသားကိုငါ့အချစ်တွေနဲ့ နွေးထွေးပေးပါရစေ -နှောင်းခါတော်မီ- ဘာအနှောင်အဖွဲ့မှမကြိုက်တာမလို့ကျွန်မဘဝထဲကို လာမရှုပ်ပါနဲ့CEOရဲ့ညီမ -ခွန်းရွှေကြာ