Part.18

634 54 1
                                    

Unicode

"ညီမလေးCompanyသွားတော့မလို့လား"

"အင်း..မဖြစ်မနေအဲ့ကိုသွားရမှာငါစခဲ့တဲ့ဇာတ်
လမ်းမို့ငါကိုယ်တိုင်အဆုံးသတ်ပေးရမယ်"

"ဟင်!..ဘာအဓိပ္ပါယ်လဲ"

"ဘာမှမဟုတ်ပါဘူးငါရဲ့ပြုံးနေတဲ့မျက်နှာကိုဒီနေ့
နောက်ဆုံးမြင်ရမှာမလို့နင်အဝကြည့်ထားရွက်ဝါ
နောက်နေ့ဆိုငါကအရင်ကရွှေကြာဖြစ်သွားပြီ
အသဲမာတဲ့ရွှေကြာ..ရေခဲတုံးရွှေကြာ..
အရယ်အပြုံးမရှိတဲ့ရွှေကြာလေ"

"ခွန်းလေး..ဘာဖြစ်နေတာလဲအစ်မကိုပြောပြစမ်း
ဘာလို့အရင်လိုပြန်ဖြစ်ရမှာလဲ"

"ဟဟားး..ငါကစတာပါ!!"

"ဘာတွေရီနေကြတာလဲ..ညီမနှစ်ယောက်"

"ဒီမှာလေ..ညီမလေးကထူးထူးဆန်းဆန်းတွေ
ပြောနေလို့"

"ဟုတ်လား"

ရေပြင်လှိုင်းကရွှေကြာ့ကိုကြည့်ပြီးနားမလည်
သလိုပုံစံလုပ်ပြီးမေးတာကြောင့်‌တစ်ချက်ရီလိုက်
ပြီးပြန်ပြောလိုက်သည်။

"ဟက်..ကျွန်မပြောချင်တာကဥပမာပြောရရင်
ခဲအိုကကျွန်မကိုထောင်ချောက်တစ်ခုပြုလုပ်
ထားတယ်ဆိုပါစို့..အဲ့ဒါကိုကျွန်မကညဏ်နည်း
ပြီးထောင်ချောက်မှာမိတာမဟုတ်ပဲ..တမင်အမိ
ခံခဲ့တဲ့သဘောတရားပေါ့..ဟား..ဟား"

ခုနကပြောနေတာတစ်ခြားအကြောင်းအရာ
တစ်ခုကိုအခုတော့ထိုအကြောင်းအရာနဲ့နည်းနည်းမှ
မဆိုင်တာတွေကိုပြောနေပြန်တာကြောင့်ရွက်ဝါ
စိတ်ထဲထူးဆန်းနေတာတော့အမှန်ပင်။

"ဘာဖြစ်နေတာလဲအစ်မကိုပြော..ဘာတွေခံစား
နေရတာလဲပြောစမ်းပါ!!"

"ဟက်..အခုမှပြောတော့ရောဘာတွေထူးလာမှာ
လဲလွန်ခဲ့တဲ့၃နှစ်လောက်ထဲကတစ်ယောက်ထဲ
ခံစားခဲ့ရတာပဲအစ်မရယ်..နင်မသိခဲ့ဖူးမလား
လွန်ခဲ့တဲ့နှစ်တွေအများကြီးထဲကလေအဖေထွက်
သွားတဲ့အချိန်ထဲကနာကျင်နေရပေမဲ့ကြာလာ
တော့လဲထပ်နာကျင်ရတာပဲလူယုတ်မာတစ်
ယောက်အတွက်နဲ့"

"အဟမ်း!!..ကဲပါမနက်စာစားကြမယ်လေကွာ
ညီမနှစ်ယောက်စကားကောင်းမနေကြနဲ့ပြီးရင်
ရွှေကြာကလဲCompanyသွားရအုံးမှာမလား
စ..စားကြမယ်လေ"

လျှို့ဝှက်ကကြိုးTempat cerita menjadi hidup. Temukan sekarang