Part.3

810 75 23
                                    

Unicode

မနက်ရွှေကြာနိုးတော့လူကမထချင်သေးးညက
ရေချိုးခန်းထဲထိုင်နေတာကြာသွားတော့ဖျား
ချင်သလိုဖြစ်နေလေသည်။ဒါပေမဲ့လုပ်စရာတွေ
လဲရှိနေသေတာမို့ရေချိုးခန်းထဲထပ်ဝင်ကာရေ
ချိုးလိုက်ပြီးအဝတ်အစားလဲကာအိတ်ထဲက
ဆေးပုလင်းနဲ့ဆေးထုပ်ကိုသေချာထည့်ပြီး
အောက်သို့ဆင်းလာလိုက်တော့အစ်မနဲ့ခဲအိုရဲ့
ကြည်ကြည်နူးနူးမနက်စာပြင်နေကြတာကိုမြင်
တော့စိတ်ချမ်းသာရသည်။ရွှေကြာဆင်းလာတာ
မြင်တော့ခဲအိုကဖော်ဖော်ရွေရွေခေါ်လေသည်။

"အာ..ရွှေကြာနိုးပြီလား....လာလေ"

"ဟုတ်ကဲ့ခဲအို"

"ညီမလေးနင့်မျက်နှာကဖြူတိဖြူဖက်နဲ့..
နေမကောင်းဘူးလား"

"ကောင်းပါတယ်မသေနိုင်ပါဘူး"

"ကျစ်..စကားပြောပုံကဘယ်တော့မှပြင်မှာလဲ
ညီမလေးကိုရမဲ့ယောက်ျားကိုတော့အစ်မမြင်ဖူး
ချင်နေပြီ"

ထိုစကားရွက်ဝါပြောပြီးရွှေကြာကိုကြည့်လိုက်
တော့မျက်နှာကတင်းမာသွားတာကြောင့်ရွက်ဝါ
လဲစကားမှားသွားမှန်းသိလိုက်လေသည်။

"ငါ့အတွက်ယောက်ျားမလိုဘူး..ပြီးတော့အချစ်
ရောပဲ..ငါ့အတွက်အချစ်ဆိုတာမရှိဘူးး!"

"ဟို..အင်းပါဒီမှာထမင်းကြော်တစ်ခါတစ်လေ
ဒီလိုထမင်းကြော်စားရတာအရမ်းအရသာရှိတာ"

"အင်း"

ထို့နောက်၃‌ယောက်သားစကားတစ်ပြောပြောနဲ့
မနက်စာ..စားလိုက်ကြတော့သည်။၃ယောက်ဆိုတာထက်နှစ်ယောက်ဆိုပိုမှန်လိမ့်မည်ရွက်ဝါနဲ့
ခဲအိုကစကားတွေပြောနေပေမဲ့ရွှေကြာကတော့
နားထောင်သူပင်။ထိုစကားဝိုင်းအတွင်းဘာမှ
ဝင်မပြောပေ။

"စားလို့ပြီးပြီမို့သွားတော့မယ်"

"သွားတော့မှာလားဂရုစိုက်နော်ညီမလေး"

"အင်း..သွားခွင့်ပြုပါအုံးခဲအို"

ရေပြင်လှိုင်းကိုနူတ်ဆက်စကားပြောတဲ့ရွှေကြာ
အားးပြုံးပြပြီးးခေါင်းငြိမ့်ပြလိုက်သည်။

ရွှေကြာအိမ်ရှေ့ရောက်တော့အငှားကားငှား
လိုက်ပြီးCompanyကိုသာသွားလိုက်တော့သည်
ဟိုလူ့ဆီလဲမဝင်ချင်တော့တာကြောင့်ညနေမှသာ
ဝင်ရန်ဆုံးဖြတ်လိုက်သည်။

လျှို့ဝှက်ကကြိုးWhere stories live. Discover now