Part 2(Unicode)

2.1K 39 0
                                    


“နှင်းလေးရယ် ဖိုးဖိုးက မအားဘူးလေ ဦးအောင်နဲ့ပဲ သွားလိုက်နော်”ဟု ပြောလိုက်တဲ့ခန့်ထည်ဝါ

ဦးအောင်မင်းမြတ်တစ်ယောက် ကုမ္ပဏီမှာအစည်းအဝေးရှိသည်

ဦးအောင်မင်းမြတ်ရဲ့ကုမ္ပဏီနာမည်က ‘နှင်း’သူ့ချစ်ရတဲ့မိန်းမရဲ့နာမည်ကို အစွဲပြုပြီးပေးထားခဲ့ခြင်းပေါ့..

ခန့်ထည်ဝါသိတာက ညတုန်းကပြောပြထား၍ သို့ပေမယ့် မြေးလေးက တောင်းဆိုလာသည်မို့ သူအစည်းအဝေးနည်းနည်းနောက်ရွှေ့ပြီး ကျောင်းလိုက်ပို့ပေးဖို့…

“ရပါတယ် သားရဲ့ နှင်းလေးက အစည်းအဝေးထက် ပိုအရေးကြီးတယ် သူ့ကိုအရင်ပို့လိုက်ပါ့မယ်”

“သူတောင်းဆိုတိုင်း လိုက်လုပ်ပေးလို့မရဘူး ဖေဖေ သူတဖြည်ဖြည်းပိုဆိုးလာလိမ့်မယ် နှင်းလေး ဦးအောင်လိုက်ပို့လိမ့်မယ်”ဟု အမိန့်ဆန်စွာပြောလိုက်တဲ့ခန့်ထည်ဝါ

ခန့်ထည်ဝါက သူ့သမီးကို အရမ်းဂရုစိုက်ပေမယ့် သိပ်အလိုမလိုက်

နှင်းလေးက အဖိုးလုပ်သူကို ပူဆာရဲပေမယ့် အဖေလုပ်သူကို ပြန်မပြောရဲပဲ ကြောက်တဲ့ကလေး ဒါကြောင့် မျက်ရည်လေးဝဲလျက် ဖခင်လုပ်သူပြောတဲ့အတိုင်း ဦးအောင်မောင်းမယ့်ကားပေါ်နှင်းလေးတက်သွားလိုက်သည်

ဦးအောင်ဆိုတာ အောင်မျိုး ခန့်ထည်ဝါရဲ့Body Guardတစ်ယောက်ပေါ့ ခန့်ထည်ဝါရဲ့ညီဝမ်းကွဲလည်းဖြစ်သည်..

ခန့်ထည်ဝါက အခုရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်အဖြစ် အရွေးခံမယ့်ကိုယ်စားလှယ်လောင်း လုပ်နေသူလေ…

ဒါကြောင့် အတွင်းရေးမှူးမလေးတစ်ယောက်လည်းရှိသည် သူ့နာမည်ကတော့ အင်ကြင်းခိုင်… ခန့်ထည်ဝါ မိန်းကလေးတွေနဲ့မပတ်သတ်ချင်လို့ ယောကျားလေးအတွင်းရေးမှူးရှာနေပေမယ့် အဖေလုပ်သူ ဦးအောင်မင်းမြတ်က သူ့မိတ်ဆွေရဲ့သမီးလေးမို့ လက်ခံပါလို့ ပြော၍ လက်ခံလိုက်ရခြင်း..

နှင်းလေးထွက်သွားမှ “သားရယ် နှင်းလေးလည်း တစ်ခါတစ်လေ သူ့ကိုအိမ်က လိုက်ပို့တာ လိုချင်တာပေါ့”

“အောင်မျိုးကလည်း သူ့ရဲ့ဦးလေးပဲလေ အဖေရဲ့”

“ဒါမယ့် သွေးသားရင်းမဟုတ်ဘူးလေကွာ သူ့မှာ အရင်းအချာဆိုလို့ သားနဲ့အဖေပဲရှိတာလေ အဖေတို့ နှစ်ယောက်လိုက်ပို့တာလည်း သူလိုချင်ရှာတာပေါ့…”

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now