Part 31

1.5K 27 0
                                    

Unicode

               💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
                 💜Prime minister’s Love💜
                
EPISODE  31

ညဘက်ရောက်တော့ ခန့်သူ့အခန်းထဲမှာနေရင်း bellတီးလာတာကြောင့်တံခါးသွားဖွင့်ပေးလိုက်တော့ ဝင်လာတာက ကိတ်မုန့်ဘူးကိုင်တဲ့အင်ကြင်း

“Bodyguardတွေရော ဘာလို့မင်းတစ်ယောက်ထဲလဲ”

“သူတို့က အနောက်မှာ ဟင်းပွဲတွေနဲ့အအေးတွေယူပြီး လိုက်လာမှာ”

“hotelကလာချပေးရမှာမဟုတ်ဘူးလား အဲ့တာတွေက သူတို့က ဒီတိုင်းလာရင်ရပြီလေ”

“သူတို့က Hotelကိုပြောပြီးသူတို့ဘာသာဝယ်လာမှာလေ”

“အော်ပြီးရော ကိတ်မုန့်ကို ခုံမှာသွားချထားလေ”

လူရဲ့စိတ်ဆိုတာပြောလို့မရ ဒါကြောင့်ခန့်လည်း အင်ကြင်းကို အခန်းတွင်းသို့ဝင်ခိုင်းလိုက်ပြီး သူဝင်မလာပဲအခန်းပြင်မှာစောင့်နေတဲ့bodyguardတွေကို

“မင်းတို့လည်း အထဲဝင်လာလေ ငါ့အတွက် မွေးနေ့ဆို မင်းတို့မှာပါရမှာပေါ့”

အင်ကြင်းက ခန့်ဘေးနားမှာ အလုပ်လုပ်လာတာကြာပြီဆိုတော့ ခန့်ကြောကိုနပ်သည် ဒါကြောင့်ခန့်ရဲ့တံခါးကစောင့်နေတဲ့bodyguardတွေကို သူကြိုညှိထားပြီးသား

“ဟုတ်ကဲ့ ဝန်ကြီး”ဆိုပြီး သူတို့နှစ်ယောက်ပါ ခန့်နဲ့အတူ ဝင်လာမှ ခန့်ပါအခန်းထဲ ဝင်လာသည်

“ဝန်ကြီးချုပ် ဒီအအေးကြိုသောက်ထားနှင့်”ဆိုပြီး ခန့်ကို အင်ကြင်းက အအေးခွက်ကို လှမ်းပေးလိုက်သလို ကျန်တဲ့bodyguardနှစ်ယောက်ကိုပါ လှမ်းပေးလိုက်သည်

ခန့်လည်း လှမ်းယူလိုက်ပေမယ့် မသောက်ရသေး

“တခြားလူတွေကြာလှချည်လား”

“ဟုတ်တယ်နော် ဝန်ကြီးချုပ် ဘာတွေဖြစ်နေလဲ မသိဘူးကျွန်တော်တို့ သွားကြည့်လိုက်အုံးမယ်နော်”ဆိုပြီး ထွက်သွားတဲ့bodyguardနှစ်ယောက်

အင်ကြင်းကတော့ သူစီစဉ်ထားတဲ့အတိုင်းဖြစ်၍ စိတ်ထဲဝမ်းသာနေလျက်

“ဝန်ကြီးချုပ် နေ့လည်စာလည်းမစားရသေးဘူးမလား ဒီအအေးကြိုသောက်ထားနှင့်လေ”

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now