Part 14

1.6K 34 0
                                    

Unicode

                  💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
                💜     Prime minister's Love   💜

EPISODE 14

ထိုမိန်းမရဲ့လက်ကရေနွေးခွက်ထဲကရေနွေးတွေရဲ့ဦးတည်ရာက နှင်းရဲ့ကျောပြင်

နှင်းက နောက်ဘက်ကို ဂရုမစိုက်မိပဲ ဆိုင်ပြင်ကိုသာ ခြေလှမ်းများက ဦးတည်လျက်

ရုတ်တရတ် "ကလေး"ဆိုတဲ့ခေါ်သံနှင့်အတူ နှင်းရဲ့ကျောပြင်ကို အနောက်ကသိုင်းဖက်တာခံလိုက်ရသလို

တခြားသူတွေဆီမှ "ဝန်ကြီးချုပ်"ဆိုတဲ့အော်သံကြားလိုက်ရပြီး နှင်းကိုဖက်ထားတဲ့လူဆီက တီးတိုးငြီးသံ "အား..."ဆိုသံကို နှင်းကြားလိုက်ရသည်

အဖြစ်အပျက်တွေက မြန်ဆန်လွန်းရျ်  နှင်းဘာကိုမှ တုံ့ပြန်နိုင်စွမ်းမရှိပဲ "အား..."ဆိုတဲ့အသံကြားပြီးမှ အနောက်လှည့်လိုက်တော့ ဦး....

Flash back

"အစည်းအဝေးလုပ်ရင် bodyguardတွေကအပြင်မှာစောင့်နေရမှာမလား အင်ကြင်း သူတို့အတွက်ရုံးက  အပြင်မှာ တစ်ခုခုစီစဥ်ပေးထားလား"

"မရှိပါဘူး ဝန်ကြီးချုပ်"

"ဒါဆို အရှေ့ကဆိုင်မှာ ခဏရပ်ပြီး အအေးနဲ့အသင့်စားလို့ရမယ်မုန့်တွေဝယ်လိုက် ငါ့အတွက်လည်း သံပုရာရည်တစ်ခွက်လောက် ခေါင်းနည်းနည်းနောက်နေလို့"

"ဟုတ်ကဲ့ဝန်ကြီး"

ကားရပ်တာနဲ့ အင်ကြင်းက မှာတာဆင်းဝယ်သလို ခန့်လည်း ဟိုဒီကြည့်နေရင်းဆိုင်မှာမုန့်စားနေတဲ့ သူ့သမီးနဲ့မိန်းမ

ခန့်ပထမက ဒီတိုင်းကြည့်နေရုံပါ နောက်တော့ မိန်းမတစ်ယောက်ကလာပြီး သမီးလေးကိုပကါဖို့လုပ်တော့ သူကားပေါ်ကချက်ချင်းဆင်းလာခြင်း အနောက်က သူ့bodygyardတွေလည်းပါလာသည်

သူဆိုင်ထဲရောက်ချိန် နှင်းတို့ကထွက်သွားတော့ဘာမှမဖြစ်လောက်ဘူးဆိုပြီး သူရပ်နေရာမှ တစ်ဖက်ကရေနွေးခွက်နဲ့လှမ်းပက်တော့ သူ့စိတ်က ဆုံးဖြတ်ခဲ့တဲ့အပြုအမူမဟုတ်ပဲ အလိုအလျောက် နှုတ်ကလည်း ကလေး လို့အော်ခေါ်မိပြီး သူ့အစားဝင်ခံမိသား......

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now