Part 6

1.5K 28 0
                                    

Unicode

               💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
              💜   Prime minister's Love   💜

EPISODE 6

အခန်းထဲမှာ ခန့်နိုးလာတော့

“ဖေဖေ နိုးပြီလား”ဟုနှင်းလေးက အပြေးသွားမေးသလို

ကုတင်ပေါ်က နှင်းနိုးလာတော့လည်း လွှာနဲ့ပျိုက
“နိုးလာပြီလား နှင်း”တဲ့

ခန့် နိုးနိုးချင်း ကြည့်လိုက်တော့ သူကsofaပေါ်မှာ ကောင်မလေးသုံးယောက်က ကုတင်ပေါ်မှာ သမီးလေးက သူ့အနားမှာ

သူမှတ်မိတာက သမီးလေးနဲ့ပါလာတဲ့ကောင်မလေး ရုတ်တရက်လဲသွားလို့ ဘာဖြစ်လဲသူမေးနေတာ

နှင်းကလည်း နိုးလာတာနဲ့
“ငါ ရေသောက်ပြီး ဘာဖြစ်သွားမှန်းမသိဘူးဟ နင်တို့ရောငါ့ဆီဘယ်လိုရောက်လာတာလဲ”

“အကုန်ရှင်းပြမယ် ဟုတ်ပြီလား အခုတော့ထအုံး”

“အွန်း”ဆိုပြီး နှင်းလည်း အိပ်ရာပေါ်က ကုန်းထလိုက်သည်

ခန့်သူ့ကိုယ်သူဘာဖြစ်နေလဲပြန်တွေးနေတဲ့အချိန် အခန်းထဲ ပြန်ဝင်လာကြတဲ့ဦးအောင်မြင့်မြတ် ဦးတည်ငြိမ် အောင်မျိုးနဲ့ ဆောင်းဦးတို့ညီအကိုနှစ်ယောက်

“အဖေ ဘာဖြစ်နေတာလဲ”တဲ့

“အဖေရှင်းပြမယ် သား အခုတော့ သားရဲ့အဝတ်တွေ ထုတ်တော့ အဖေတို့အရေးကြီးသွားစရာရှိတယ်”

ခန့်အတွက် ဦးအောင်မြင့်မြတ်က ယောက္ခထီးတစ်ယောက်ဖြစ်ပေမယ့် အဖေအရင်းတစ်ယောက်လိုမို့ ခန့်စောဒကမတက်……

ဆောင်းဦးက ညီမလေးကို သွားခေါ်ဖို့မျက်လုံး
နှင့်ပြလိုက်တာမို့ မိုးဦးကချက်ချင်းနှင်းနားသွားပြီး
“နှင်း လာကိုကိုတို့သွားကြမယ်”

ပျို လွှာ နှင်းတို့လည်း ဘာမှအမေးမထုတ်ပဲ ထလာကြသည်

နှင်းက ဒီတိုင်းအိပ်ဆေးမိရုံဆိုပေမယ့် မိုးဦးနဲ့ဆောင်းဦးအမြင်မှာ နှင်းက ကလေးသာသာမို့ နှင်းလက်လေးကို တွဲပြီး ထွက်သွားကြသည်

ခန့် ဘာဖြစ်မှန်းမသိပေမယ့် မိုးဦးနဲ့ဆောင်းဦးက ထိုကောင်မလေးကို တွဲပြီးထွက်သွားတော့ သူ့အမြင်မှာ သိပ်မကြည်

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now