Part 9

1.5K 38 0
                                    

Unicode

                  💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
                 💜  Prime minister's Love    💜

EPISODE 9

ခန့် ဘာရယ်မဟုတ် ဒီတိုင်းပြောလိုက်ခြင်းပါ အခုတော့သူမက သူ့ရဲ့သမီးလေးအတိုင်း စိတ်ကောက်သည့်ပုံ သမီးကတော့ ပြန်မပြောရဲ သူမကတော့ သူ့ကိုပြန်တောင်ပြောသေးသည် သမီးလေးဆိုလည်း သူ့အဲ့လိုဆူနေကြမလား

သို့သော် အဖေလုပ်သူမှာထားသည့် သူမက ကလေးတစ်ယောက်လိုပဲဆိုသည့်စကားကြောင့် သူဘာမှထပ်မပြောတော့......

နှင်းရပ်နေရင်း ကိုငယ်က အနားရောက်လာသည်မို့
"ကိုကို"

"ဘာဖြစ်လို့လဲ နှင်းလေးဗိုက်ဆာလို့လား လူများလို့လား ရပ်နေရတာကြာလို့လား ရေသောက်ချင်လို့လား"ဆိုပြီး ဆက်တိုက်မေးလိုက်တဲ့မိုးဦး

မိုးဦးရဲ့ စိုးရိမ်တကြီး​အမေးကြောင့် ခန့်တောင်ကြောင်သွားသည် ကလေးလည်းမဟုတ် တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူ အခုတောင် မင်္ဂလာဆောင်နေပြီ

အဲ့တာကို 'ကိုကို'လို့ တစ်လုံးတည်းခေါ်လိုက်တာနဲ့   ချက်ချင်းပြာပြာသလဲဖြစ်နေတာကြောင့်

"ဟုတ်ဘူး ဖိနပ်နာလို့ ကိုကို နှင်းရဲ့ပြင်တဲ့အခန်းမှာ ဖိနပ်အပါးလေးရှိတယ် ကိုကိုသွားယူပေးပါလား"

"ဟမ် ပစ္စည်းတွေအကုန်သိမ်းသွားပြီ နှင်းလေး"

ကိုကို့စကားကြောင့် နှင်းလေး ငိုမဲ့မဲ့ဖြစ်သွားသည်

"ခဏလေးပဲ တစ်နာရီပဲကျန်တော့တယ်နော် နှင်းလေးသည်းခံလိုက်"ဆိုပြီး နှင်းနဖူးကထွက်နေတဲ့ချွေးလေးကို သုတ်ကာချော့ပြောတဲ့ကိုကို

နှင်း အဲ့လူကြီးဆီက ခုနက အဲ့လိုပြောတာလေးလိုချင်တာ သို့သော် အဲ့လူကြီးက နှင်းကိုဆူသည်

ဆောင်းဦးနဲ့နွေလည်း ဧည့်ခံနေရင်း အငယ်နှစ်ယောက်စကားပြောနေတာတွေ့တော့ သူတို့ပါလျှောက်လာလိုက်သည်

"ဘာဖြစ်လို့လဲ နှင်းနဲ့မိုး"

"ညီမလေးဖိနပ်ကနာနေလို့တဲ့မမ"

"သည်းခံလိုက်ပါ ညီမလေးရယ် ပွဲလည်းပြီးတော့မယ့်ဟာကို"

"နှင်းခြေထောက်နာနေလို့လား ဒါဆိုကိုကို ရွှေရည့်ကို ဖိနပ်သွားဝယ်ခိုင်းလိုက်မယ်လေ"

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now