Part 12-2

1.5K 29 0
                                    

UNICODE

EPISODE 12 {Part 2}

"မင်းသိနေခဲ့တာလား"

"နှင်း ဒီအိမ်စရောက်တည်းက သိတာပါ နှင်းကြောင့် ဦးsofaပေါ်အိပ်စရာမလိုပါဘူး ကုတင်ပေါ်မှာ တစ်ယောက်တည်းအိပ်လိုက်ပါ နှင်းလည်း နှင်းလေးနဲ့ပဲအိပ်လိုက်ပါ့မယ် Goodnight"လို့ နှင်းလည်းပြောပြီး တံခါးပိတ်ကာ တံခါးကိုမှီပြီး ရပ်နေမိသည်

'လက်ထပ်ထားတယ် ဟုတ်တယ် ဥပဒေဘောင်အရ အများရှေ့မှာ လက်မှတ်ထိုးခဲ့ကြတယ် နှင်းကို အလိုလိုက်ဂရုစိုက်ပေးနေလို့ နှင်းကိုချစ်တယ်လို့ နှင်းထင်နေခဲ့တာ ဦးက နှင်းကို ဇနီးတစ်ယောက်လိုမဟုတ်ပဲ ညီမလေးတဲ့လား နှင်းက ဦးအတွက်တော့ သမီးထိန်းပေးတဲ့ကောင်မလေးတစ်ယောက်သာသာပဲမလား နှင်းမယုံဘူး ဦး နှင်း ကိုဦးမချစ်ဘူးဆိုတာပေါ့ နှင်းကို ဦးကိုယ်တိုင်ချစ်တယ်လို့ ပြောလာစေရမယ် အခုတော့ဦးကနှင်းကို ညီမလေးဆိုတော့ နှင်းဆိုးပြရအုံးမှာပေါ့'

ဒါကနှင်းရင်ထဲက တိုးတိတ်လှတဲ့စကားသံတွေ

တစ်ဖက်မှာလည်း ခန့်နားမလည်နိုင် ထိုကောင်မလေးက သူsofaပေါ်အိပ်တာသိသည်တဲ့လား ဒါ့အပြင်ထိုကောင်မလေးက သူဘာလို့အိပ်လဲမမေးပဲ နားလည်သည့်ပုံစံနှင့်ပြောလာတာကြောင့် သူ့အတွက်မေးခွန်းထုတ်စရာ

စဥ်းစားမရသည့်အဆုံး သူလည်း ကုတင်ပေါ်တက်ကာ အိပ်လိုက်တော့သည်

မနက်နိုးတော့

ခန့်လည်း သူ့အခန်းထဲမှာပဲ လုပ်စရာရှိတဲ့အလုပ်တွေကိုလုပ်နေသလို

နှင်းကလည်း နှင်းလေးကိုခေါ်ကာ ရေချိုးခန်းထဲဝင်သွားသည်

ခါတိုင်းမိုးလင်းလို့ သူ့ကိုတွေ့ရင် morningလို့နှုတ်ဆက်နေကျ ကောင်မလေးက သူ့ကို မနှုတ်ဆက်တဲ့အပြင် သူရှိတယ်လို့တောင်မထင်ပုံကြောင့် ခန့်စိတ်ထဲနေရခက်လှ

"မေမေနဲ့နှင်းလေး ဆင်တူဝတ်ချင်တယ်"

"ဝတ်ရမှာပေါ့ နှင်းလေးကို မေမေက လှလှလေးပြင်ပေးမယ်"

"ဟုတ်"

နှင်းလည်း နှင်းလေးကိုပြင်ဆင်ပေးပြီး သူလည်းပြင်ဆင်ကာ အောက်သို့ဆင်းလာပြီး မီးဖိုခန်းထဲသို့

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now