Part 34

1.7K 30 0
                                    

Unicode

               💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
                  💜Prime minister’s Love💜
                 
EPISODE 34

ဒီလိုမျိုး တစ်ခါမှ ဖုန်းအချမခံရဖူးတဲ့နှင်း အကိုနှစ်ယောက်ရဲ့ဖုန်းချတာခံလိုက်ရတော့ ဒေါသများတစ်ဝက် အားနည်းစိတ်တစ်ဝက်

မမနဲ့လေးလေးဆီကိုတော့ ထပ်ဖုန်းမဆက်တော့ မမက သူ့အထည်ကိစ္စခရီးထွက်နေရသလို လေးလေးကလည်း ပြင်ဦးလွင်မှာမို့

စိတ်ထဲမှာတော့ ပထမက ဒေါသစိတ်တစ်ဝက်ရှိနေပေမယ့် တွေးရင်းတွေးရင်းသိမ်ငယ်စိတ်တို့ကအပြည့်………

‘နှင်းက လက်ထပ်သွားလို့ ကိုကိုတို့က နှင်းကို
ဂရုမစိုက်တော့တာလားဟင် ကိုကိုတို့ပြောတုန်းက နှင်းကသာ ကိုကိုတို့ရဲ့ပထမအရေးကြီးဆုံးဆို နှင်းတစ်ခုခုပူဆာပြီဆို ဘယ်လောက်အရေးကြီးတဲ့အစည်းအဝေးဖြစ်ဖြစ် ဖျက်လာတတ်တဲ့ကိုကြီး…အခုတော့ဘာလို့လဲ

ကိုငယ်ရောပဲ အရင်ကသူငယ်ချင်းတွေနဲ့ဘယ်လိုလျှောက်လည်နေပါစေ နှင်းနားရောက်လာတာလေ တခါကကိုငယ် ကျိုက်ထီးရိုးဘုရားသွားတာ ဒါမယ့်နှင်းနေမကောင်းလို့ဆိုပြီ တောင်ပေါ်ကိုကားဆိုက်တုန်းပဲရှိသေးတယ် ချက်ချင်းအဆင်းကားနဲ့ပြန်လာတဲ့ကိုကိုလေ…

အခု နှင်းကိုဘာလို့ ဂရုမစိုက်ကြတော့တာလဲ နှင်းကကိုကိုတို့ရဲ့ချစ်ဖို့အကောင်းဆုံးညီမလေးလေ ဘာလို့လဲ…

တွေးရင်းတွေးရင်းမျက်ဝန်းမှာပါ မျက်ရည်စလေးတွေဝဲရစ်လျက်…………

ခန့် သူမလေး သူ့အကိုကို ပူဆာတဲ့မုန့်ပုံစံကိုခိုးနားထောင်ပြီး သူကိုယ်တိုင်ချက်ကာ အပေါ်ယူလာတော့

အခန်းထဲက သူမရဲ့စာရေးခုံပေါ်မှာထိုင်နေရင်း တနေရာရာကိုငေးကြည့်ပြီး မျက်ဝန်းမှာကျလုဆဲမျက်ရည်တွေအပြည့်…………

“ကလေး ဘာလို့ငိုနေတာလဲ ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောလေ ကိုယ်ဘာလုပ်ပေးရမလဲ”

ခန့်ရဲ့စကားအဆုံးမှာ ခန့်ကိုဖက်ပြီး

“ဦး သိလား ကိုကိုတို့ကလေ နှင်းကိုမချစ်တော့ဘူးသိလား နှင်းကကိုကို့ရဲ့အရေးကြီးဆုံးမဟုတ်တော့ဘူးသိလား ဦးနဲ့လက်ထပ်လိုက်လို့ ကိုကိုတို့က နှင်းကိုမချစ်တော့တာလားမသိဘူး ဘယ်လိုလုပ်မလဲဟင် ကိုကိုတို့က နှင်းကိုမချစ်တော့ရင်”ဆိုကာ ငိုပြီးပြောနေတဲ့နှင်း

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now