Part 24

1.4K 30 0
                                    

Unicode

                💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
                  💜Prime minister’s Love💜
                 
EPISODE 24

“ဦး နေ့ခင်းရောက်နေပြီပဲ မဏ္ဍပ်မှာ မနေလည်းရတယ်မလားဟင်”

“ဘာဖြစ်လို့လဲ ပျင်းနေပြီလား”

“ဟုတ်တယ် သကြန်မှာ ဒီလိုသီချင်းနားထောင်နေရတာထက် ရေပက်ရင်ပက် မပက်ရင် လျှောက်လည်ရတာ ပိုကောင်းတယ်”

“ခဏနေဖို့လိုသေးတယ် မဏ္ဍပ်က နေ့ခင်းရေလွှတ်တာရပ်ရင်တော့ သွားလို့ရပြီ”

“ဒါနဲ့ကိုအောင်မျိုး မနက်ကပြန်ရောက်ပြီကြားတယ် ဦးဘေးနားလည်း ခုထိမလာသေးဘူးနော်”

“သူလား ဟိုမှာရေသွားပက်နေတာလေ”

“တကယ် ဒါဆိုနှင်းရော ရေသွားပက်လို့ရလားဟင်”

“ပျင်းရင်သွားလေ”

“ဟုတ် ကျေးဇူးပါဦး”

“အောင်မျိုးကို လှမ်းပြောထားလိုက်မယ် သူ့အနားပဲနေ”

“ဟုတ် ဦး”

နှင်း ရေပိုက်တွေရှိတဲ့နေရာသွားတော့ ကိုင်ဖို့ ရေပိုက်မရှိ ကိုအောင်မျိုးကိုတော့ တွေ့သည်

သူ့လက်ထဲမှာလည်း ပိုက်တစ်ခုတည်းသာ နှင်းသွားခေါ်ရင် သူမကစားပဲ နှင်းကိုပေးမှာမလား ဒါကြောင့် နှင်း အရှေ့ထပ်မတိုးပဲ အနောက်နားလေးမှာပဲ ရပ်နေလိုက်ပြီး အရှေ့ကို လှမ်းကြည့်နေရင်းပေါ့

ဒီမှာမတ်တပ်ရပ်နေတာက ဦးဘေးနားမှာထိုင်နေရတာထက်စာရင် တော်သေးသည်

ဘာလို့ဆို ဦးဘေးနားမှာ ထိုင်နေရင်း လူတိုင်းက စိုက်ကြည့်လိုက် ပြုံးပြလိုက်နဲ့

ပထမတော့သည်းခံနေပေမယ့် ကြာလာတော့ မနေတတ်

နှင်းငေးနေရင်း ရုတ်တရက်ရေလောင်းခံလိုက်ရတာကြောင့်

“အမေ့..”ဆိုပြီး လန့်သွားကာအော်မိလိုက်ခြင်း

နှင်းအသံသိပ်မကျယ်ပေမယ့် အနားမှာရှိတဲ့လူတွေရဲ့မျက်လုံးကတော့ နှင်းဆီ…

“What are you afraid? Just watering This is Water Festival so I think watering is original”

(မင်းဘာတွေလန့်နေတာလဲ ရေလောင်းတာလေးပဲလေ ဒါကရေပွဲတော်ဆိုတော့ ရေလောင်းတာက အထွေအထူးမဟုတ်ဘူးလို့ ငါထင်တယ်)

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now