Part 20

1.7K 31 0
                                    

UNICODE

                   💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
                     💜 Prime minister’s Love💜

EPISODE 20

“ရှင်းရမှာအများကြီးနော်”ဆိုတဲ့ ခန့်အသံကြောင့်
အအေးဘူးကိစ္စရှင်းနေတဲ့ နှင်းတို့လေးယောက်လည်း ပြာပြာသလဲ

“အခုလေးတင် ရှင်းလို့ပြီးသွားတာ လေးယောက်ဆိုတော့ မြန်တယ်လေ”

“ဟုတ်တယ်”

“ဟုတ်တယ်”ဆိုပြီး နန်း ပျို လွှာ တို့က အပြိုင်အဆိုင်ပြောနေပေမယ့် နှင်းကတော့ ဘာမှမပြော ခန့်လာတာကို ဂရုမစိုက်တဲ့ပုံပေါ့…….

ခန့် ကြောင်နေမိသည် သူမရေးထားတဲ့စာထဲမှာကျတော့ သူမကို သူ့အနေနဲ့ ဇနီးမယားတစ်ယောက်အနေနဲ့ တကယ်လက်ခံလာနိုင်လို့ လိုက်ရှာပြီးပြန်ခေါ်လို့ ရတယ်ပြောထားတာမလား
အခုကျတော့ တမျိုး ခန့်တော့ နားမလည်

ခန့်ကို ဂရုမစိုက်တဲ့နှင်းနဲ့ နှင်းကို စိုက်ကြည့်နေတဲ့ခန့်ကြောင့် ကြားထဲက နန်း ပျို လွှာတို့လည်း သုံးယောက်သား အသံတိတ်အပြင်ထွက်ကြရအောင်လို့ ဆွေးနွေးပြီး……

“နန်းနဲ့ပျို အပြင်မှာ အဖေတစ်ယောက်တည်း ထမင်းစားနေမှာ ငါတို့သွားကြမယ်လေ”

“အွန်း” “ကောင်းသားပဲ”ဆိုပြီး ထွက်သွားတဲ့ နန်း ပျို လွှာ

နှင်းလည်း သူငယ်ချင်းတွေထွက်သွားတော့ နှင်းပါထွက်မို့ ဆုံးဖြတ်လိုက်သည်

နှင်း ဦးနဲ့တွေ့ရင် ဘာစကားပြောရမယ်မသိသလို ဒီလောက်အမြန်ရှာနိုင်မယ်လို့လဲမထင် ခုနကနှင်းကို ကလေးဆိုးလို့ပြောတဲ့အတွက်လည်း ဒေါသထွက်မိသည် နှင်းထွက်လာတာက နှင်းအမှားလုပ်လို့ ရှောင်ပြေးလာတာမဟုတ်ပဲ သူလုပ်တာလေ

ခန့် သူမလေးအပြင်သွားမို့ ခြေလှမ်းတော့ သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်ရင်း “ဘယ်သွားမို့လဲ"

“အပြင်သွားမို့လေ”

“မသွားရဘူး ဒီမှာ ရှင်းစရာရှိတယ်”

“နှင်းနဲ့ရှင်းစရာ ဘာမှမရှိဘူးနော် ဦးခန့်ထည်ဝါနဲ့ရှင်းစရာဆိုရင် ရန်ကုန်ကိုပြန်တာကောင်းမယ်နော် အဲ့မှာမှ တကယ်ရှင်းစရာရှိတာလေ အတွင်းရေးမှူးမလေးနဲ့အလုပ်ကိစ္စတွေ”

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now