Part 25

1.6K 33 0
                                    

Unicode

               💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
                 💜Prime minister’s Love💜
                
EPISODE 25

“ဘာပြောတယ် မင်းကမကြောက်တာလား”

“မကြောက်ဘူး”ဆိုပြီး ဖက်ထားတဲ့ဦးလက်ထဲက ရုန်းပြီး နှင်းပြေးသွားတော့ အနောက်ကပြေးလိုက်လာတဲ့ဦး

ခန့် သေချာနေပြီ သူမကိုချစ်နေမိပြီဆိုတာ သူမနဲ့အခုလိုနေနေရတာ သူ့အတွက်ပျော်ဖို့ကောင်းပါတယ်

သူ သူမလေးနောက်လိုက်လာနေရင်း ကားပေါ်ကကောင်မလေးတစ်ယောက်က သူ့ကိုရေလှမ်းပက်လိုက်တော့

ရေခဲရေ ဦးထုပ်ဝတ်ထားတယ်ဆိုပေမယ့် ခေါင်းကိုထိတာဆိုတော့ သူနဲနဲခေါင်းတစ်မျိုးခံစားလိုက်ရလို့ ပြေးနေရင်းသူခဏရပ်လိုက်သည်

နှင်းလည်း ဦးကို ကားအပေါ်က အမတစ်ယောက်ရေပက်လိုက်တာတွေ့တော့ ပြေးနေရင်းနဲ့ရပ်ပြီး ဦးအနားကို ပြန်လျှောက်လာလိုက်သည်

“အော် sorryနော် အကို ညီမက ဒီတိုင်းရေပက်လိုက်တာ ရေခဲရေဆိုတော့ အကိုနည်းနည်းအေးသွားမယ်ထင်တယ်”

ထိုအမက ကားပေါ်ကဆင်းလာပြီး ဦးကိုစကားပြောနေတာတွေ့တော့ နှင်းလည်းခုနက လမ်းလျှောက်နေတာထက် နှုန်းမြှင့်ပြီး ဦးနားရောက်တော့ ဦးလက်ကိုဖက်လိုက်ကာ

“ဦး…..”

“အော် တူမလေးကချစ်စရာလေးပဲနော် အကို”

“တူမ မဟုတ်ပါဘူး ကျွန်တော့်ရဲ့မိန်းမပါ”

“အော် ..sorryပါ မသိလို့ပါနော်”

“ရပါတယ်အမ ညီမတို့သွားစရာရှိသေးလို့နော်”ဆိုပြီး နှင်းလည်း ဦးလက်ကို ဆွဲကာထွက်လာလိုက်သည်

ပထမကတော့ သဝန်တိုလို့ လာတာပါ ဒါမယ့်ထိုအမရဲ့စကားအောက်မှာတော့ နှင်းရယ်စိတ်ကိုမျိုသိပ်ပြီး နည်းနည်းလှမ်းတော့မှ ထရယ်တော့

“ဘာရယ်တာလဲ”

“ဦးလေး တူမလေးကို မုန့်ဖိုးလေးပေးပါလားဟင်”

“ဘာဦးလေးလဲ လိုက်စနေတာကို သည်းခံနေလို့အကောင်းထင်တယ်ပေါ့နော် အပြစ်ပေးမှ မငိုနဲ့နော်”

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now