Part 30

1.5K 30 0
                                    

Unicode

             💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
               💜Prime minister’s Love💜
              
EPISODE 30

နှင်းကျောင်းတက်ရင်း ဦးနဲ့အချိန်မှန်ဖုန်းဆက်ရင်းတွေ့သလို နှင်းတကယ်စောင့်နေတဲ့ရက်က ဦးရဲ့မွေးနေ့

စက္ကန့် မိနစ် နာရီ ရက်တွေကုန်ဆုံးရင်း ဦးရဲ့မွေးနေ့သို့ ရောက်လာခဲ့ပြီ………..

ဒီည ၁၂နာရီ ဒါက ဦးနဲ့နှင်းလေးရဲ့မွေးနေ့ရက်ကို စရောက်တဲ့အချိန်

နှင်း ဦးရဲ့Messageသို့

Happy Birthday My lovel Husband ဆိုတဲ့စာပို့သလို

၁၂ကွက်တိမှာပဲ ဦးကိုtagတွဲပြီး

‘အမှတ်မထင်တွေ့ခဲ့ကြတယ်
မထင်ထားတဲ့အရာတွေကြားမှာ ဆုံစည်းပြီး
တစ်ယောက်နဲ့တစ်ယောက် သတိထားမိလာပြီး ချစ်လာခဲ့ကြတယ်

ဒီအချစ်တွေက တစ်ခဏမဟုတ်ပဲ တစ်သတ်တာအတွက်ပါ

တစ်ယောက်နဲ့တစ်ယောက်ကြား အမြဲတမ်းရှိနေတဲ့ ယုံကြည်မှုတွေ နားလည်မှုတွေကြောင့် ကြားဝင်နှောင့်ယှက်မယ့်သူတွေမရှိနိုင်ပဲ အမြဲချစ်ခင်ပေးနိုင်ပါစေ

နှင်းလေးနဲ့နှင်းအတွက် ဖခင်ကောင်း ခင်ပွန်းကောင်းတစ်ယောက်အဖြစ်နဲ့တာဝန်ကျေတဲ့အပြင် မိမိထမ်းဆောင်နေရတဲ့တာဝန်မှန်သမျှကိုလည်း ကျေပွန်စွာဆောင်ရွက်နိုင်ပါစေနော်

ဦးက တာဝန်အရခရီးသွားနေရတော့ နှင်းနဲ့နှင်းလေးက ဘေးနားမှာမရှိနိုင်ပေမယ့် နောက်နှစ်မွေးနေ့ကျ အတူရှိကြမယ်နော်

Love you…………..’ ဆိုတဲ့statusလေး…..

နှင်းတင်တဲ့စာနဲ့ပုံတွေရော messageရော နင်အကုန်ကြိုရေး ကြိုရွေးပြီးသား

facebookမှာ postဆိုတဲ့နေရာနဲ့ messageမှာ  sendဆိုတာလေးတွေ နှိပ်ဖို့ပဲလိုတာ

Laptopတစ်လုံး Ipadတစ်လုံးနဲ့ တစ်ချိန်တည်းမှာတင်နိုင်ဖို့ နှင်းနဲ့နှင်းရဲ့အကူနှင်းလေးက ဘေးမှာစောင့်နေသလို ဖုန်းကနေလည်း ဦးဆီကို ဖုန်းခေါ်လျက်..

ခန့် လူက ဒီမှာ နိုင်ငံ့ကိုယ်စားလှယ်အနေနဲ့ရောက်နေပေမယ့် သူ့ရဲ့တိုင်းဒေသကြီးကိုလည်း လွှတ်ထားလို့မရ သူ့လက်အောက်ကလူ အုပ်ချုပ်နေပေမယ့် အမိန့်ချတာကသူ

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now