Part 7

1.5K 36 0
                                    

Unicode

💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
💜 Prime minister's love 💜

EPISODE 7

မမက အိမ်ရှင်ပီပီ "အမအင်ကြင်းနဲ့ကလေးက ဒီအခန်းမှာနေနော်"လို့ချိုသာစွာပြောလိုက်ပေမယ့်

ထိုအင်ကြင်းဆိုတဲ့မမက နှင်းရဲ့မမက သူနဲ့မတူသလိုမတန်သလိိုနှင့် နှင်းလေးလက်ကိုဆွဲကာ မမပြတဲ့အခန်းကို ထွက်သွားသည်

အင်ကြင်း ပထမကိုခန့်ရှိရျ် သူတို့ကို အပေါ်ယံပြုံးပြထားရသည် အခုကိုခန့်မရှိတော့ရျ် သူမဟန်ဆောင်စရာမလိုတော့ ဒါကြောင့်ခပ်တည်တည်သာ

"နှင်းလေး အန်တီနဲ့မနေဘူး မမနှင်းနဲ့ပဲနေမှာ"ဟုပြောလိုက်တဲ့နှင်းလေးစကားကြောင့်

အင်ကြင်လည်း "ဆုလတ်နှင်း အပိုတွေလုပ်မနေနဲ့ လာခဲ့"ဆိုပြီးခေါ်သွားသည်

နှင်းက ခေါ်မို့လုပ်သော်လည်း မမက သူ့အဖေရဲ့အတွင်းရေးမှူးဆိုတော့ ထားလိုက်ဆိုပြီးတားရျ် မခေါ်ဖြစ်ခဲ့

ဒါကမှအင်ကြင်းရဲ့နှင်းလေးအပေါ်ဆက်ဆံပုံအမှန်ပါ အင်ကြင်းက နှင်းလေးကို ခန့်တို့ဦးအောင်မြင့်မြတ်တို့ရှေ့တွင် မိခင်အရင်းပမာကြင်နာပြပေမယ့် အခုလိုနောက်ကွယ်ကျ မိထွေးနှင့်မခြားပေ ဒါတောင်သူ့အဆင့်က ခုထိ ခန့်ရဲ့အတွင်းရေးမှူးအဆင့်သာရှိသည်မို့ ခန့်သာသူ့ကို လက်ထပ်လိုက်လို့ကတော့ နှင်းလေးရဲ့ဘဝကမတွေးရဲစရာပင်

မမက ဘာမှဝင်မပါနဲ့ဟုပြောထားရျ်သာ နှင်းအပ့အဝင်သူငယ်ချင်းလေးယောက်လုံး ဘာမှဝင်မပြောခဲ့ သို့သော်မြင်တွေ့နေရတာက အဆင်မပြေလှ

ကလေးဆိုသည်က ချော့တစ်လှည့်ခြောက်တစ်လှည့်လေ သူကတော့အဲ့လိုမဟုတ် သူ့မျက်လုံးပြူးပြူးကြီးနဲ့သာကြည့်နေသည် ကလေးဖြစ်တဲ့နှင်းလေးမပြောနှင့် ဆယ်ကျော်သက်ဖြစ်တဲ့နှင်းတို့တောင်ကြောက်သည်

"မထင်ထားဘူးဟယ် အတွင်းရေးမှူးက အဲ့လိုဆိုတာ"ဟုပြောသူကနန်း

"ဟုတ်ပ Fbတွေ instagramတွေမှာကျ သူက ကလေးအပေါ်​ကြင်နာသလိုနဲ့ အခုကျတော့မိထွေးနဲ့မခြားဘူး" ဆိုပြီး နန်းရဲ့စကားကိုထောက်ခံသူက လွှာ

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now