Part 22

1.5K 36 0
                                    

Unicode

                  💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
                    💜Prime minister’s Love💜
                   
EPISODE 22

“နှင်း နှင်း.. နှင်းထတော့ ကိုယ်တို့အိမ်ရောက်ပြီ”

ဦးအသံကြားမှ နှင်းလည်း အိပ်ချင်မူးတူးနှင့်

“ဟုတ် ဟုတ် ဦး”

“မျက်လုံးဖွင့်ပါအုံး”

“ဟုတ်”လို့သာ နှင်းဖြေပြီး မျက်လုံးကမဖွင့် လက်ကတော့ ထိုင်ခုံခါးပတ်ကြိုးဖြုတ်ပြီး ကားတံခါးဖွင့်လျက်

ခန့် သူ့ဘေးနား ‘ဟုတ်'လို့သာဖြေပြီး မျက်လုံးမဖွင့်ပဲ ထိုင်ခုံခါးပတ်ဖြုတ် ကားတံခါးဖွင့်လျက် အလုပ်ရှုပ်နေသောကောင်မလေးကို ကြည့်ကာ မျက်နှာပေါ်အပြုံးတစ်ပွင့်နဲ့အတူ သူ့စိတ်ထဲတွင်လည်း ဒီကောင်မလေး အခုလို မျက်လုံးမဖွင့်နိုင်တာ သူမရဲ့အပြစ်မဟုတ်

သူမခမျာ ညနက်တဲ့ထိ သူနဲ့အတူစစ်တပ်ကလူကြီးတွေနဲ့ထိုင်ပြီး စကားပြောပေးရ

အိပ်ပြန်တော့လည်း အိပ်ရာပြောင်းလို့လားပဲမသိ သူမအိပ်မပျော်

အိပ်မောကျသွားတော့လည်း သူ့ကြောင့်အစောကြီး နိုးလာပြီးထရပြန်

ပြန်လာတဲ့လမ်းမှာလည်း တစ်လမ်းလုံး သူကားမောင်းတာပျင်းမှာစိုးလို့တဲ့ ဟိုစပ်စပ်ဒီစပ်စပ်နဲ့စကားပြောပေး

ဘေးနားကစကားထိုင်ပြောပေးနေတာ ရန်ကုန်ဝင်လာတဲ့အထိ

သူမလေးနဲ့စကားပြောရင်း သူ သူမအကြောင်းပိုနားလည်လာသလို

ရန်ကုန်ဝင်လာမှ သူမအိပ်ပျော်သွားတာ…..

အတွေးတို့ကတွေးခြင်းနဲ့အတူ တစ်ဖက်က သူမဖွင့်မယ့်ကားတံခါးဘက်သို့ ဦးတည်ပြီးလျှောက်လာကာ ကားတံခါးပိတ်ပြီး ဆင်းလာတဲ့သူမ အခုထိမျက်လုံးမဖွင့်သေး

အိမ်ပေါ်ထိ မျက်လုံးမှိတ်ပြီးတက်မည့်ပုံ ဒါကြောင့် သူလည်း သူမလေးကို ပွေ့ချီလိုက်သည်

နှင်း မျက်လုံးမှိတ်ထားပေမယ့် အသိတော့ရှိသေး ရုတ်တရက်ပွေ့ချီခံလိုက်ရတာကြောင့် အိပ်ချင်စိတ်များဘယ်ရောက်သွားလဲမသိ ချက်ချင်းမျက်လုံးကျယ်သွားကာ

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now