Part 11

1.5K 35 0
                                    

UNICODE

                 💜 ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
                💜   Prime minister' s Love   💜

EPISODE 11

သတင်းထောက်အတွက်က ရိုသေမှုဆိုပေမယ့် နှင်းအတွက်တော့ မခံနိုင်စရာ

နှင်းက ခုမှ၂၀လေ သတင်းထောက်အကိုက သူ့ရုပ်အရဆို၃၀ပေါ့ အဲ့လိုအခေါ်ခံလိုက်ရတော့ စိတ်ထဲ ထောင်းခနဲပေါ့

သို့သော် ဦးမျက်နှာကြောင့် ဘာမှထပ်မပြောပဲ

"ရှေးခေတ်မြန်မာအယူအရဆို အိမ်ထောင်ရှိဇနီးတွေရဲ့ဂုဏ်တက်မတက်က ခင်ပွန်းအပေါ်ကို မူတည်ရတယ် ဒါမယ့်နှင်းတို့အခုရောက်နေတာ ၂၁ရာစုလေ အဲ့တော့ဦးရဲ့ဝန်ကြီးချုပ်ဆိုတဲ့ဂုဏ်က နှင်းနဲ့ ဘာမှမဆိုင်ပါဘူး ဘဝတစ်သက်တာဖြတ်သန်းသွားမယ့် လက်တွဲဖော်အနေနဲ့ကျ ကိုယ့်ပါတနာရဲ့သူဖြစ်ချင်ရာကို အောင်မြင်တဲ့အတွက် ဂုဏ်ပြုရမှာပါ သူ့အတွက်ဂုဏ်ယူပြီး ပျော်ရွင်ရတာပေါ့"

သတင်းထောက်က ဘယ်လိုခံစားရလဲမေးရုံပါ နှင်းရဲ့ဝေ့ဝိုက်ပြီးဖြေနေပုံကြောင့် အင်ကြင်းအနောက်က နားထောင်ပြီး အမြင်ကတ်နေသည်

ခန့်ကတော့ သူ့စိတ်ထဲကလေးသာသာထင်တဲ့ကောင်မလေးက ဒီလိုစကားကြီးစကားကျယ်ပြောနေတာကြောင့် သူတောင်အထင်ကြီးသွားမိပြီး နှင်းရဲ့အဖြေတချို့မှာ သူမက ကိုယ်ဂုဏ်နဲ့ကိုယ်သာကျော်ကြားပြီး သူ့ဂုဏ်ကိုမလိုကြောင်းပါနေသည့်အတွက် ထိုကောင်မလေးရဲ့စိတ်ဓာတ်ကိုတော့ မချီးကျူးပဲမနေနိုင်

"ဝန်ကြီးချုပ်အခုလိုရာထူးရတဲ့အပေါ် တချို့က TOPကကူညီလို့ ဒီလိုရာထူးရတယ်ဆိုပြီး ပြောနေကြတယ် ခင်ဗျ အဲ့အပေါ်ကိုရော ဝန်ကြီးချုပ် ဘာပြန်ပြောချင်လဲမသိဘူး"

"ကျွန်တော်က TOPအခုလက်ရှိCEOရဲ့ယောက်ဖဆိုပေမယ့် ကျွန်တော်နဲ့သူ စကားသိပ်ပြောဖူးတယ်ဆိုတာမရှိပါဘူး ရှင်းရှင်းပြောရရင် ကျွန်တော့်အတွက် ကျွန်တော့်ဇနီးဘက်ကသူတွေနဲ့ရင်းနှီးဆိုတာလို့ ကျွန်တော့်ဇနီးရဲ့ဦးလေးဦးတည်ငြိမ်လင်္ကာတစ်ယောက်ပဲရှိပါတယ် ကျွန်တော်ဒါပဲပြောချင်ပါတယ်"

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now