Part 16

1.5K 32 0
                                    

Unicode

                 💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
                💜   Prime minister's Love   💜

EPISODE 16

နှင်းလည်း မနက်နိုးတော့ နှင်းလေးကိုပြင်ဆင်ပေးပြီး မနက်စာစားဖို့ အောက်ဆင်းလာလိုက်သည်

မီးဖိုခန်းထဲရောက်တော့ မအင်ကြင်းဆိုသူကိုပါတွေ့ရသည် ဒီနေ့က တနင်္ဂနွေနေ့လေ ခါတိုင်းဆို ဦးကလည်း ရုံးမသွားသလို မအင်ကြင်းအခုလို စားပွဲမှာ မနက်စာထိုင်စားဖို့မပြောနဲ့ ကိုအောင်မျိုးတောင် မလာတတ်တာမလား အခုတော့ မအင်ကြင်းရောကိုအောင်မျိုးပါ ထမင်းစားပွဲမှာ

စားပွဲကအဝိုင်းလေ အဖေ့ဘေးနားမှာ ဦးကထိုင်ပြီး ဦးဘေးနားမှာ ဇနီးဖြစ်သူနှင်း သို့ နှင်းလေးထိုင်နေကျ အခုကျတော့ မအင်ကြင်းက ထိုင်နေသည်

မနေ့က နှင်းမေးတာကို ဖြေရှင်းချက်မပေးနိုင်တဲ့ဦးကြောင့် လူကအလိုမကျသလိုဖြစ်နေပါတယ်ဆို အခုလိုကျတော့ ပိုအလိုမကျဖြစ်ရသည်

"မအင်ကြင်း ဒါကနှင်းရဲ့နေရာ"

"အော် sorryညီမ ဝန်ကြီးချုပ်နဲ့ညီမ လက်မထပ်ခင်တည်းက အမက ဒီမှာထိုင်နေကျဆိုတော့လေ အလုပ်ကိစ္စရှိ ဒီလိုဘေးချင်းကပ်ထိုင်တော့ ပြောရတာပိုအဆင်ပြေတယ်လေ"

သူပြောတာ ဘာသဘောလည်း နှင်းက ဘာမှမဟုတ်ဘူးဆိုတဲ့သဘောလား............

"ခုံအလွတ်မရှိတာလည်း မဟုတ်ဘူး မင်းအဲ့မှာထိုင်လို့ရတာပဲ ငါ့ဘေးနားထိုင်တော့ မင်းကဘာလုပ်လို့ရလို့လဲ အတူတူပဲဟာကို အင်ကြင်းက ငါနဲ့အလုပ်ကိစ္စဆွေးနွေးနေတာ"

ခန့် ဇနီးဟောင်းသေဆုံးမှုအပေါ် တရားခံမရှာနိုင်ပေးသရျ် သူအပြစ်ရှိသလို ခံစားရသလို ရှာမတွေ့သေးသရျ် သူမနဲ့တတ်နိုင်သမျှဝေးဝေးနေမည်ဟု ဆုံးဖြတ်ထားရျ် အခုလိုပြောလိုက်ခြင်း

သူ့စကားကြောင့် သူမလေးမျက်နှာမှိန်သွားတော့ သူ့ရင်ထဲစိတ်မကောင်းဖြစ်ရပြန်ပြီ

အခု နှင်းကို ဦးက တခြားသူတွေရှေ့မှာ အော်လိုက်တာလား နှင်းကဒီတိုင်းပြောလိုက်တာလေ အလုပ်ကိစ္စကြောင့်ဆိုပြီးပြီပေါ့

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now