Part 10

1.6K 35 0
                                    

Unicode

💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
                💜    Prime minister's Love  💜

EPISODE 10

ဝန်ကြီးကနေဝန်ကြီးချုပ်ရွေးပွဲဆိုတော့ ခန့်နဲ့အတူ ဦးအောင်မြင့်မြတ်ပါလိုက်သွားသည် အိမ်မှာကျန်ခဲ့တာက နှင်းတို့နှစ်ယောက်ပေါ့

"မေမေ"

"အွန်း ဘာဖြစ်လို့နှင်းလေး"

"နှင်းလေးပျင်းတယ်"

"နှင်းလေးကပျင်းတော့ ဘာလုပ်ချင်လို့ မေမေနဲ့အတူtitokကြည့်မလား"

"နှင်းလေးက titokမကြည့်ချင်ဘူး titokရိုက်ချင်တာပြီးတော့တင်ပြီး သူများတွေအသည်းပေးတာလိုချင်တာ"

"နှင်းလေးက အဲ့လိုလုပ်ချင်လို့လား ရတာပေါ့ လာခြံထဲသွားမယ် မေမေရိုက်ပေးမယ်"ဆိုပြီး နှစ်ယောက်သား ခြံထဲထွက်လာကြသည်

နှင်းတို့ခြံထဲမှာ နှစ်ယောက်သားပျော်ပျော်ပါးပါးပေါ့ နှင်းလေးကို နှင်းက အရင်ကပြ ပြီးရင်နှင်းလေးက က အဲ့တာကို နှင်းကရိုက်ပေးနဲ့ပေါ့

ဦး ဝန်ကြီးပဲလားဝန်ကြီးချုပ်ဖြစ်သွားလားဆိုတဲ့သတင်းကိုတောင် နှင်းနားမစွင့်မိပေ

ဒီနေ့နဲ့ဆို နှင်းဒီမှာလာနေတာ နှစ်ပတ်ရှိပြီ ဦးက နှင်းအပေါ်တကယ်ကို ကောင်းပါတယ် ဦးကို နှင်းချစ်နေမိလားဆိုတာတော့ နှင်းသေချာမသိပေမယ့် နှင်းသိတာက နှင်း ဦးကိုသံယောဇဥ်တွဲနေမိပါသည်

ဒါမယ့် နှင်း ဦးကိုနားမလည်တာတစ်ခုက ဦး နှင်းအပေါ်ကို ဂရုစိုက်ရဲ့သားနဲ့ ညဆို နှင်းနဲ့အတူမအိပ်ပဲ နှင်းအိပ်ပျော်တာစောင့်ပြီးမှ ခေါင်းအုံးယူပြီး sofaပေါ်အိပ်တာလည်းဆိုတာကိုပေါ့.....

ခန့်တို့လည်း ပွဲမှာ ရလဒ်စောင့်နေရင်းထွက်လာတော့ ခန့်ကဝန်ကြီးကနေ ဝန်ကြီးချုပ်ရာထူးအဆင့်သို့ တိုးသွားလေပြီ.....

ခန်းမကထွက်လာလာခြင်း ခန်းမရှေ့မှာစောင့်နေတဲ့သတင်းထောက်တွေကလည်း ခန့်ဆီကို Interviewရန် အုံကျလာတော့

အတွင်းရေးမှူးဖြစ်သူအင်ကြင်းကပဲ
"အကုန်လုံးပဲ interviewချင်ရင် ဝန်ကြီးချုပ်ရဲ့အိမ်ကို လိုက်ခဲ့ကြပါရှင့် အိမ်မှာ interviewဖို့အတွက် အကုန်အဆင်သင့်ပြင်ထားပါတယ် အဲ့မှာကြိုက်တာမေးလို့ရပါတယ်ရှင့် အခုတော့လမ်းဖယ်ပေးကြပါအုံး"ဆိုကာ ခန့်ရှေ့မှ ထွက်လာသည်

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now